Pages

Friday, July 5, 2013

ဒေါ်စု သမ္မတ ဖြစ်ဖို့ လွှတ်တော် ခလုပ်တိုက်ဖို့ လိုနေပြီ

ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ခလုပ်တိုက်လဲဖို့ လိုဟု ဆို
===============================

(၁) ကြံ့ခိုင်ရေးအမတ် သူရဦးအောင်ကိုက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဟာ လောကပါ လနတ်မင်းကြီးတွေ ဆင်းကယ်မှ မျှော်မှန်းသလို ဖြစ်မယ် ဆိုပြီး ထုတ်ဖော်ပြောကြားလိုက်တယ်။

(၂) အခြေခံဥပဒေ ပြင်မယ်ဆိုရင် လွှတ်တော်ထဲက ၇၅%ကျော် ထောက်ခံမှု ရရှိမယ် ဖြစ်နိုင်မယ်။ ဦးအောင်ကိုဟာ ကြံ့ခိုင်ရေးပါတီထိပ်ပိုင်းခေါင်းဆောင် တစ်ယောက် ဖြစ်တယ်။ သူကိုယ်တိုင် ဒီလိုပြော လိုက် တာဟာ ခင်ဗျားတို့ မျှော်လင့်နေတဲ့ ပြင်ဆင်ချင်တဲ့ ဟာတွေ ရမှာ မဟုတ်ဘူး ဆိုတာကို အတိအလင်း ပြောလိုက်တာပဲ။

(၃) ဦးအောင်ကိုက ဒီလို ပြောလိုက်တဲ့အတွက် ကြံ့ခိုင်ရေးထိပ်ပိုင်းမှာ အခြေခံဥပဒေ ပြင် ဆင်ရေးနဲ့ပတ်သက်ပြီးတော့ သဘောထားတင်းမာတဲ့ သူတွေ ကြီးစိုးထားတယ် ဆိုတာ ကို ပြသနေ တာပဲ ဖြစ်တယ်။

(၄) ဆက်ပြီး စဉ်းစားကြည့်ရင် ဒေါ်စု သမ္မတဖြစ်ဖို့ ပြင်ပေးမယ် ဆိုတာ ကြံ့ခိုင်ရေးက လိမ်ညာပြီး   ပြောခဲ့ တာလား ဆိုတာ မေးစရာ ဖြစ်လာတယ်။ ဦးအောင်ကိုဟာ လွှတ်တော်ထဲမှာ ဒေါ်စုနဲ့ ဘေးချင်းကပ်လျက် ထိုင်နေတဲ့ သူဖြစ်တာကြောင့် ဒီစကားဟာ ဒေါ်စုကို သွယ်ဝိုက်ပြီး အချက်ပြလိုက်တာလား။

(၅) ပြီးတော့ ဦးအောင်ကိုက ဆက်ပြောခဲ့တယ်။ ဒါပေမယ့် ခလုပ်တိုက်မိပြီး မတော်တဆ ဖြစ်သွား ရင် လည်း ဖြစ်နိုင်ပါတယ် တဲ့။ ဒီတော့ ဒေါ်စု သမ္မတ ဖြစ်ဖို့ လွှတ်တော် ခလုပ်တိုက်ဖို့ လိုနေပြီ။


From: The Naypyitaw Post

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...