Pages

Friday, July 5, 2013

စစ်ဘေးဒုက္ခသည်တို့၏ ရင်ဖွင့်သံများ

(ပုံမှာ စစ်ဘေးဒုက္ခသည်များက ငြိမ်းချမ်းလိုကြောင်းကို ငြိမ်းချမ်းရေးသင်္ကေတဖြင့် သရုပ်ဖော်နေစဉ်)

ကေအိုင်အေထိုးစစ်ကြောင့် ဒေသခံရွာသူရွာသားတို့မှာလည်း ပန်ဝါမြို့အတွင်းသို့ ၀င်ရောက်ခိုလှုံခဲ့ပြီး စာသင် ကျောင်းဟောင်း၌ နေထိုင်ခဲ့ရသည်မှာ တစ်နှစ်ကျော်လာခဲ့ပါပြီ။ ထိုစစ်ဘေးဒုက္ခသည်များကို ကချင်အထူးဒေသ(၁) ကပင် ဦးစီး၍ ကြည့်ရှုစောင့်ရှောက် ထားရသည်။

““ကျွန်တော်တို့အိမ်ပြန်ချင်တယ်။ ကေအိုင်အေကိုကြောက်လို့ မပြန်ရဲဘူး။ ကျွန်တော်တို့ရွာတွေဖက် မှာ ကေအိုင် အေမရှိအောင် နိုင်ငံတော်ကကူညီပေးရင် ရွာမှာပြန်နေချင်တယ်။ လွန်ခဲ့တဲ့နှစ်လေးဆယ် အတွင်း ဥက္ကဌကြီး ဦးဇခုန်တိန့် ယိန်းအုပ်ချုပ်မှုအောက်မှာ အေးအေးချမ်းချမ်းနေလာခဲ့ကြတယ်။ အခုလည်း နိုင်ငံတော်အုပ်စိုးမှုအောက်မှာပဲ နေချင် တယ်““ဟု ပန်ဝါမြို့၊ စာသင်ကျောင်းဟောင်း တွင်ဖွင့်လှစ်ထားသော ဖရဲ-လဂွေဒုက္ခသည်စခန်းမှ ဖရဲကျေးရွာလူကြီး ဦးဖရဲ ယောင်ဆောက ရင်ဖွင့်သည်။

ဖရဲကျေးရွာသား ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကလည်း ““ကေအိုင်အေဆိုတာ အရင်ကဒီမြေမှာ မတွေ့ဖူးဘူး။ ကျွန်တော်တို့လူထုကို အရမ်းဒုက္ခပေးတယ်။ ကေအိုင်အေကောင်းလားမကောင်းလားဆိုတာ အခုမှသိတယ်””ဟု ဆိုသည်။

ပန်ဝါမြို့သို့ ၂၀၁၂၊ မေလမှစတင်ကာ ခိုလှုံလာကြသည့် စစ်ဘေးဒုက္ခသည်များမှာ ပန်ဝါဒေသတွင်း ရွာ(၉)ရွာမှ တိုင်းရင်းသားများဖြစ်ကြပြီး လူဦးရေ ၃၈၉ ဦးရှိသည်။ ထိုဒုက္ခသည်တို့အတွက် လိုအပ်သည့်အစားအသောက်ကို ပန်ဝါမြို့ အကြီးအကဲများနှင့် အုပ်ချုပ်ရေးအဖွဲ့များကပင် တာဝန်ယူထားကြ သည်။ သို့သော်လည်း ချမ်းအေးသည့်ဒေသဖြစ်သည်မို့ အ၀တ်အစားနှင့် စောင် လိုအပ်ချက်များရှိနေကြသည်ကို တွေ့ရသည်။



From:ဥက္ကာ ကိုကို

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...