
လတ်တလောတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွက် ဇုန်ဝင်ကြေးကောက်ခံမှုကို အမေရိ ကန်ဒေါ်လာဖြင့်ပင် ကောက်ခံသွားမည်ဖြစ်ပြီး ပုဂံဇုန်ဝင်ကြေး ကောက်ခံမှုအတွက် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ကို တာဝန်ပေးသွားရန်ရှိနေပြီး ကျန်ဇုန်များကိုလည်း ယင်းအဖွဲ့ချုပ်ကိုပင် တာဝန်ပေး သွားဖွယ်ရှိသည်ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှသိရသည်။ လက်ရှိတွင် ဇုန် ဝင်ကြေး ကောက်ခံမှုများကို ယဉ်ကျေးမှု ဝန်ကြီးဌာနက တာဝန်ယူ ထားဦးမည် ဖြစ်ကြောင်းသိရသည်။
''ဇုန်ဝင်ကြေး ကောက်ခံတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် ဝန်ကြီးဌာနက တင်ဒါ ခေါ်ပြီးတော့ ပွင့်လင်းမြင်သာမှု ရှိအောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ခရီးသွားလုပ်ငန်း လုပ်ကိုင်တဲ့ အသင်းအဖွဲ့တွေကို အပ်နှံဆောင်ရွက်ဖို့ တင်ဒါခေါ်ထားပါတယ်။ တင်ဒါ စည်းမျဉ်းစည်းကမ်း တွေမှာ လည်း အဲဒီက ကောက်ခံရရှိတဲ့ ငွေကြေးတွေနဲ့ဇုန်ရဲ့ စိမ်းလန်းစိုပြည်ရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုတွေ မှာ ပြန်ပြီး အသုံးပြု သွားရမယ်ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် လုပ်ကိုင်မယ့် အဖွဲ့ အစည်း ဟာ နိုင်ငံသားပိုင် ဖြစ်ရမယ်။ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ အဖွဲ့အစည်း ဖြစ်ရမယ်။ သက်ဆိုင်ရာ အစိုးရ ဝန်ကြီး ဌာနတွေက အသိအမှတ်ပြုတဲ့ အဖွဲ့အစည်း ဖြစ်ရမယ်။ ဒေသဖွံ့ဖြိုး တိုးတက်ဖို့ နှစ်စဉ် အသုံးပြုမယ့် ငွေစာရင်း တာဝန်ပေးခံရမယ်ဆိုရင် နှစ်နှစ်အတွင်းမှာ လုပ်ဆောင်ရမယ့် လုပ်ငန်း ဆောင်ရွက်ချက်၊ တစ်နှစ်အတွင်းမှာ ကောက်ခံရရှိငွေရဲ့ ၈၅ ရာခိုင်နှုန်းထက် ကျော် လွန်တဲ့ ငွေကြေးကို ယဉ်ကျေးမှုဝန်ကြီးဌာနကို ပေးသွင်းရမယ်ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။'' ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ယဉ်ကျေးမှု အမွေအနှစ် ဒေသများသို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွား များထံက ဇုန်ဝင်ကြေးများ ကောက်ခံမှုကို ၁၉၉၆ ခုနှစ်မှ စတင်ကာ အမေရိကန် ဒေါ်လာနှင့် ယူရိုတို့ဖြင့် ကောက်ခံ ခဲ့ခြင်း ဖြစ်ပြီး မြန်မာ ကျပ်ငွေဖြင့် ပြင်ဆင် ကောက်ခံခြင်းကို ယခု ၂ဝ၁၃ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် စတင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
Myawady News
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...