Pages

Friday, July 19, 2013

ယခုနှစ်တွင် ပြည်ပ ပို့ကုန်များ၌ သဘာဝ ဓာတ်ငွေ့ကိုပိုမိုတင်ပို့

ယခုနှစ်တွင် ပြည်ပ ပို့ကုန်များ၌ သဘာဝ ဓာတ်ငွေကို့ 
ပိုမိုတင်ပို့မြန်မာနိုင်ငံ၏ အဓိကတင်ပို့နေသော ကုန်ပစ္စည်းများတွင် လယ်ယာစိုက်ပျိုးရေး၊ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုနှင့် သယံဇာတအရင်းအမြစ်များ တင်ပို့မှုကို အဓိကထားပြီး ယခုနှစ်တွင် သယံဇာတ အရင်း အမြစ် ဖြစ်သော သဘာဝဓာတ်ငွေ့ကို ပိုမိုတင်ပို့နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရှိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်မှ ရရှိငွေမှာ ယခင်နှစ်က ၁၈ ဘီလီယံ ကျော်ခဲ့ပြီး ယခုနှစ်တွင် အဆိုပါ ပမာဏထက် ပို့ကုန်ရငွေ များပြားလာရန် မျှော်မှန်းထားကြောင်း သိရသည်။ ယခု နှစ် တွင် ပြည်ပပို့ကုန်မှ အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံ အထက်ရရှိရန် မျှော်မှန်းထားပြီး ပို့ကုန်လုပ်ငန်း ရှင်များ၏ အခက်အခဲများကို ဖြေလျှော့ပေး ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ သဘာဝ ဓာတ်ငွေ့ကို အိမ်နီးချင်း ထိုင်းနိုင်ငံက အဓိကဝယ်ယူနေပြီး ထိုင်းစက်မှုဇုန် များတွင် သဘာဝဓာတ်ငွေ့မှာ မရှိမဖြစ် အရေးကြီးကြောင်း သိရသည်။ ပြည်တွင်းရှိသဘာဝဓာတ်ငွေ့ ကို ပြည်ပသို့ ပိုမိုတင်ပို့နေပြီး ယခင်နှစ်က အမေရိကန်ဒေါ်လာ ၁ဝ ဘီလီယံနီးပါးခန့် ရရှိကြောင်း မြန် မာနိုင်ငံဆိုင်ရာ စီးပွားရေးအချက်အလက်များကို ဖော်ပြသော နိုင်ငံတကာ စာမျက်နှာများမှ သိရှိရသည်။
ကမ်းလွန်သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေသော နေရာသုံးခုရှိပြီး ထားဝယ်ရေနက်ဆိပ်ကမ်း ပြီးစီးပါက သဘာဝဓာတ်ငွေ့ အသုံးပြုမှု ပိုမိုများပြားလာနိုင်ပြီး ပြည်တွင်း လုပ်ငန်းရှင် များကိုလည်း သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်အင်ဂျင်များ တပ်ဆင် အသုံးပြုခွင့် ပေးထားကြောင်း သိရသည်။

သဘာဝဓာတ်ငွေ့မှာ လွန်စွာအသုံးဝင်ပြီးလူများ၏ တစ်နေ့တာ လုပ်ငန်းများ၊ လမ်းပန်း ဆက်သွယ်ရေးမှ သည် ထမင်းဟင်းချက်သည် အထိ အသုံးပြုနိုင်ကြောင်း သိရသည်။

နိုင်ငံတကာ ဈေးကွက်တွင် သဘာဝဓာတ်ငွေ့ ဈေးကွက်ရှိနေပြီး မြန်မာနိုင်ငံအနေဖြင့် သဘာဝဓာတ်ငွေ့ ကို အရည်အဖြစ်ပြုပြင်ပြောင်းလဲနိုင်ပါက နိုင်ငံတကာဈေးကွက်သို့ရေနံကဲ့သို့တင်ပို့ရောင်းချ နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ပြည်ပပို့ကုန်ကို သဘာဝအရင်းအမြစ်မှ အဓိကအားထားနေရပြီး အဓိက ဝင်ငွေဖြစ် ကာ အခြားသော ကဏ္ဍအားလုံးတွင် ကုန်ကြမ်းအဆင့်အဖြစ်သာ တင်ပို့သောကြောင့် ငွေကြေးရရှိမှု နည်းပါး နေသေးကြောင်း သိရသည်။

Myawady News

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...