Pages

Monday, July 8, 2013

ဒေါက်တာ စင်သီယာမောင် ဆေးခန်း မြေနေရာ တချို့ ရောင်းစားခံရ

ထိုင်းမြန်မာနယ်စပ်က ဒေါက်တာစင်သီယာမောင်ရဲ့ ဆေးခန်း အစိတ်အပိုင်းတချို့ နဲ့ စာသင်ကျောင်းရဲ့
မြေနေရာကို ပိုင်ရှင်အဖြစ်အမည်ခံထားတဲ့ ထိုင်းအဖွဲ့အစည်းတခုက ရောင်းစားလိုက်ပါတယ် တဲ့။

ဆေးခန်း နေရာပြောင်းရွှေ့ရဖွယ် အခြေအနေနဲ့ ကြုံနေရတဲ့ အကြောင်း သတင်းထောက် ပြည်တော်မြင့်
က ဒေသခံတချို့နဲ့ ဒေါက်တာစင်သီယာမောင်တို့ကို မေးမြန်းပြီး အခုလို သတင်းပေးပို့ထားပါတယ်။


အလွှဲသုံးစားခြင်းခံရသည့်မြေနေရာနှင့် အဆောက်အအုံနေရာ (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)

မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းပိုင် မြေနေရာနှစ်ကွက်ကို ဒေသခံဖောင်ဒေးရှင်းအဖွဲ့တခုက အလွဲ
သုံးစားပြုကာ ရောင်းချလိုက်သဖြင့် မကြာမီ အဆိုပါမြေကွက်များမှ ဖယ်ရှားပေးရဖွယ်ရှိနေသည်။

မယ်တော်ဆေးခန်းရှေ့မျက်နှာစာရှိ မော်တော်ယာဉ်၊ ဆိုင်ကယ်၊ စက်ဘီးများ အပ်နှံသည့် နေရာမြေ
ကွက်၊ ဆေးခန်း၏ လမ်းမကြီး တဖက်ခြမ်းရှိ CDC မူလတန်းကျောင်း တည်ရှိရာမြေနေရာတို့ကို နိုင်ငံ
ခြားသားအလှူရှင်တဦးက မယ်တော်ဆေးခန်းသို့ လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ၀ယ်ယူကာလှူဒါန်းခဲ့ခြင်း
ဖြစ် သည်။

ထိုင်းနိုင်ငံသားမဟုတ်သည့် ဆေးခန်းတာဝန်ခံဒေါက်တာစင်သီယာမောင်သည် မြေပိုင်ဆိုင်ခွင့် မရှိသဖြင့် ၎င်းမြေ နှစ်ကွက်ကို လူမှုရေးအဖွဲ့တခု၏ အမည်ဖြင့်ဝယ်ယူခဲ့ကြောင်း၊ ယခုအခါ ထိုအဖွဲ့က ထိုင်းနိုင်ငံသား
တဦးကို ရောင်းချလိုက်ပြီ ဖြစ်ကြောင်း ဒေသခံ ဝါရင့် သတင်းထောက်တဦးက ပြောပြသည်။

အဆိုပါမြေနှစ်ကွက်မှာ ကာလပေါက်ဈေး ဘတ်ငွေ သိန်း ၃၀ ခန့် (ကျပ်သိန်းတထောင်နီးပါး) ရှိနိုင်သည်ဟု မဲဆောက်ရှိ အိမ်ခြံမြေပွဲစားများက ခန့်မှန်း ပြောဆိုကြသည်။

မြေကွက်အရှုပ်တော်ပုံနှင့်ပတ်သက်၍ နစ်နာသည့်ဘက်က တစုံတရာ အရေးဆိုတောင်းဆိုမှုမရှိသေးသည့် အတွက် ရေရှည်တွင် တရားဥပဒေကြောင်းအရ အရှုံးနှင့်သာ ရင်ဆိုင်ရနိုင်သည်ဟု အငြိမ်းစားထိုင်းရှေ့နေ
တဦးက သုံးသပ်သည်။

မယ်တော်ဆေးခန်တာဝန်ခံဒေါက်တာစင်သီယာမောင်က ...
”ဒီမြေကိစ္စကြောင့် လက်ရှိ ကျန်းမာရေး ၀န်ဆောင်မှုကိုတော့ တစုံတရာ ထိခိုက်မှု မရှိပေမဲ့ ရေရှည်မှာ အသုံးပြုခွင့် မရခဲ့ရင်တော့ ကျန်းမာရေးနဲ့ ပညာရေးလုပ်ငန်းတွေမှာ ထိခိုက်နိုင်ပါတယ်” ဟု ဧရာဝတီ
သတင်းဌာနကို ပြောသည်။

ပင်မဆေးခန်းကြီး၏မြေနေရာမှာ ထိုင်းမြေပိုင်ရှင်တဦးထံမှ စာချုပ်ဖြင့် ငှားယူအသုံးပြုနေခြင်းဖြစ်သည်။
 မြေပိုင်ရှင်က ဆက်လက် သက်တမ်းမတိုးပေးပါက လက်ရှိနေရာမှ ပြောင်းရွှေ့ပေးရမည်ဖြစ်သည်။


မယ်တော်ဆေးခန်းသည် အကြောင်းအမျိုးမျိုးကြောင့် လက်ရှိနေရာမှရွှေ့ပြောင်းပေးရမည်ဆိုပါက အ
ခက်အခဲ မရှိစေရန်အတွက် CDC အထက်တန်းကျောင်းအနီးတွင် ဆေးခန်းအသစ်တခုဆောက်လုပ်
မည့် မြေနေရာ ရွေးချယ်ထားပြီး တည်ဆောက်ရေးလုပ်ငန်းစဉ်များကို စတင်လုပ်ဆောင်နေသည်။

ဒေါက်တာစင်သီယာမောင်သည် မယ်တော်ရပ်ကွက်တွင် မြေနေရာငှားရမ်းကာ အဆောက်အအုံများ
ဆောက်လုပ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိမြန်မာဒုက္ခသည်၊ အလုပ်သမားတို့ကို အခမဲ့ ကျန်းမာရေးဝန်ဆောင်
မှုပေးနေသည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီ ဖြစ်သည်။

မယ်တော်ရပ်ကွက်တွင် ရှိသောကြောင့် ဆေးခန်းအမည်ကို မယ်တော်ဆေးခန်းဟု ခေါ်ဆိုကြသကဲ့သို့ ၁၉၈၈ လူထုလှုပ်ရှားမှုအပြီး နယ်စပ်သို့တိမ်းရှောင်သည့် ကျောင်းသားများနှင့် ဆက်စပ်နေသောကြောင့်
ကျောင်းသားဆေးခန်းဟုလည်း ခေါ်ကြသည်။

The Irrawaddy's Blog by zarny win

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...