Pages

Monday, July 8, 2013

နယူးယောက် မြန်မာ့နှစ်သစ်ကူး ရခိုင်ရိုးရာ သင်္ကြန် ဇူလိုင် ၂၁ ရက်နေ့ ကျင်းပမည်

(နိရဉ္စရာ- ၈ ဇူလိုင် ၂၀၁၃)

မြန်မာတိုင်းရင်းသားပေါင်းစုံ နှစ်စဉ် ပါဝင်ဆင်နွှဲနေသော အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ မြန်
မာနှစ်သစ်ကူး ရခိုင်ရိုးရာ သင်္ကြန်ကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ကျင်းပ ပြုလုပ်သွားမည်ဟု သတင်း ရရှိ
သည်။

ယခုနှစ် မြန်မာနှစ်သစ်ကူး ရခိုင်ရိုးရာ သင်္ကြန်ကို 100 West 84th Street, PS9 Playground between Columbus Avenue and Amsterdam Avenueယ MANHATTAN တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်
သည်။

သင်္ကြန်ပွဲတော်ကို ဇူလိုင်လ ၂၁ ရက် တနင်္ဂနွေနေ့ နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ ရခိုင်ရိုးရာ စဉ်
လာအတိုင်း ရေကစား မဏ္ဍပ်များတွင် ရေပက် ကစားကာ စည်ကား သိုက်မြိုက်စွာ ကျင်းပ သွားမည် ဖြစ်
သည်ဟု ကျင်းပရေး ကော်မီတီက ဆိုသည်။

ပွဲတော်တွင် ရခိုင်လို ရေပက် ကစားကြမည့် အပြင် မြန်မာ- ရခိုင် သင်္ကြန် ယိမ်းများဖြင့် ကပြ ဖြေဖျော်
သွားမည် ဖြစ်သည်။ ကလေးငယ်များအတွက် ပျော်ပွဲ ရွှင်ပွဲများလည်း ထည့်သွင်းထားပြီး မြန်မာရိုးရာနှင့် ရခိုင်ရိုးရာ အစားအစာများကိုလည်း ရောင်းချသွားမည်ဟု သိရသည်။

၎င်းပြင် ပွဲတော်တွင် ပါဝင်ဆင်နွှဲရန် အတွက် တစ်စုံတစ်ရာ အခကြေးငွေ ပေးစရာမလိုဟု ဆိုသည်။

သင်္ကြန်ပွဲတော်သို့ လာရောက်လိုသူများ အနေဖြင့် သွားလာရာတွင် အခက်အခဲ မဖြစ်စေရန် လမ်းခရီး
 မြေပုံ အညွှန်းနှင့် စီးရမည့် မြေအောက်ရထား၊ ဘတ်စ်ကား နံပတ်များကို သင်္ကြန်ပွဲတော် ကျင်းပရေး ကော်
မီတီသို့ NYC thingyan nycthingyan01@gmail.com မှ တဆင့် ဆက်သွယ် မေးမြန်းနိုင်ကြောင်း စုံစမ်း သိရှိရသည်။

မြန်မာ- ရခိုင် နှစ်သစ်ကူး သင်္ကြန်ကို မြန်မာနိုင်ငံတွင် ဧပြီ အတာကူးချိန်တွင် နှစ်စဉ် ကျင်းပသော်လည်း ထိုအချိန်တွင် နယူးယောက်တွင် အထူး ချမ်းအေးပြီး ရေမကစားနိုင်သဖြင့် ပူပြင်းသော ဇူလိုင်လ တွင်
ပြောင်းရွှေ့ ကျင်းပကြခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေကြသော မြန်မာ မိသားစု
များ ပါဝင်ဆင်နွှဲကြသဖြင့် နယူးယောက် ရခိုင်သင်္ကြန်မှာ နှစ်စဉ် အထူး စည်ကားလေ့ရှိသည်ဟု သိရသည်။

မဆုံတွေ့နိုင်သော မိသားစု၊ မိတ်ဆွေ အပေါင်းအသင်းများ ပြန်လည်ဆုံတွေ့ခွင့် ရရှိပြီး မြန်မာ့ သင်္ကြန်နှင့်
 ဝေးနေသူများ အတွက် အလွမ်းပြေစရာ နေ့လေး တစ်နေ့ ဖြစ်သဖြင့် နယူးယောက် မြန်မာနှစ်သစ်ကူး ရ
ခိုင်ရိုးရာ သင်္ကြန်ကို မြန်မာ တိုင်းရင်းသားများက အထူး စိတ်ဝင်တစား ရှိကြသည်ဟု သိရသည်။

နိဉ္စရာ-သတင်းဋ္ဌာန by admin


No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...