လယ်ဘနွန်နိုင်ငံ ဘေရူ့မြို့မှာ ကားဗုံးပေါက်ကွဲမှု တခု ဖြစ်ခဲ့တဲ့အတွက် အနည်းဆုံးလူ ၁၈ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ အခုဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာဟာ ဟေဇ်ဘိုလတ် အကြမ်းဖက်သမားတွေလှုပ်ရှားမှုရှိတဲ့ နယ်မြေအတွင်းမှာဖြစ်ခဲ့တာဖြစ်ပါတယ်။
ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့တဲ့အနေရာမှာ သေဆုံးသူ ဘယ်နှစ်ယောက်ရှိသလဲ ဆိုတာကို အတည်ပြုလို့ မရ သေးဘူးလို့ သိရပါတယ်။
လယ်ဘနွန်နိုင်ငံမှာ သမ္မတ Bashar al-Assad ကိုထောက်သူတွေနဲ့ ဟေဇ်ဘိုလတ်အဖွဲ့တွေ အကြား အခြေအနေ တင်းမာမှုတွေ ပိုဖြစ်ပေါ်နေပါတယ်။
ဗုံးကွဲမှုနေရာမှာရှိခဲ့တဲ့ ရိုက်တာသတင်းဌာနက သတင်းထောက်ကတော့ မီးလျှံ မီးခိုးငွေ့တွေ တွေ့ခဲ့ရပြီး အခုဗုံးဖောက်မှုဟာ Bir Al-Abed တ၀ိုက်မှာရှိတဲ့ ဈေးကို ပစ်မှတ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုဗုံးပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ဟေဇ်ဘိုလတ် အဖွဲ့တွေရဲ့ နိုင်ငံရေးရုံးအများစု စိုက်ရာနေရာလည်း ဖြစ်ပါတယ်။
အခုကားဗုံးပေါက်ကွဲမှုဟာ ဘေရူ့မြို့တောင်ဖက်ခြမ်းရဲ့ ယခုအနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဖြစ်ပါတယ်။ မေလအတွင်းကလည်း တိုက်ခိုက်မှုတခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ABC Radio Australia
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...