Pages

Wednesday, July 10, 2013

ဒလိုင်လားမားမွေးနေ့ပွဲမှာ ရုန်းရင်း ဆန်ခတ်မှုဖြစ်ပွား

တရုတ်နိုင်ငံ ​အနောက်တောင်ပိုင်းမှာ ​တိဘက်ဘုန်းတော်ကြီး ​ဒလိုင်လားမားရဲ့ ​မွေးနေ့ ​ကျင်းပရင်း ​တရုတ် ရဲတွေနဲ့ ​တိဘက်လူမျိုးတွေကြား ​ရုန်းရင်းဆန်ခတ်မှု ​ဖြစ်ပွားခဲ့တယ်လို့ ​သိရပါတယ်။

ပြည်ပရောက် ​တိဘက် အဖွဲ့အစည်းတွေရဲ့ ​အဆိုအရ ​တိဘက်လူမျိုးတွေ ​ရှိရာဒေသမှာ ​ဘုန်းတော်ကြီး ​ဒလိုင်လားမားရဲ့ ​မွေးနေ့ ​ကျင်းပနေတုန်း ​တရုတ်ရဲတွေက ​သေနတ်တွေနဲ့ ​ပစ်ဖောက်ခဲ့တဲ့ အတွက် ​တိဘက် ​ဘုန်းတော်ကြီး ​တစ်ပါးရဲ့ ​ခေါင်းကို ​သေနတ်ထိမှန်ပြီး ​တချို့ဒဏ်ရာ ​ရရှိခဲ့တယ်လို့ ​ဆိုပါတယ်။


တရုတ်နိုင်ငံ ​Sichuan ​ပြည်နယ်မှာ ​ဘုန်းတော်ကြီး ​ဒလိုင်လားမားရဲ့ ​မွေးနေ့ပွဲ ​ကျင်းပတဲ့ ​အနေနဲ့ ​ရာနဲ့ချီတဲ့ ​တိဘက်ဘုန်းတော်ကြီးတွေ၊ ​မယ်သီလရှင်တွေ ​စုဝေးခဲ့ကြတယ်လို့ ​လည်း ​သိရပါတယ်။

ဒါပေမယ့် ​မွေးနေ့ကျင်းပပွဲမှာ ​ရုန်းရင်းဆန်ခတ်မှု ​ဖြစ်ပွားခဲ့တယ်ဆိုတဲ့ ​အကြောင်းတွေ၊ ​သေဆုံး ​ဒဏ်ရာရမှု တွေကို ​အာဏာပိုင်တွေ ​တရားဝင် ​ထုတ်ဖော်ပြောဆိုထားတာ ​မရှိတဲ့အတွက် ​အတည်ပြုနိုင်ခြင်း ​မရှိသေး ဘူးလို့ ​အေဘီစီ ​သတင်းထောက် ​Stephen ​McDonell ​က ​ပြောပါတယ်။

တိဘက်လူမျိုး ​အများစုနေထိုင်ရာ ​တရုတ်နိုင်ငံ ​အနောက်ပိုင်းမှာ ​မငြိမ်မသက်မှုတွေ ​ပိုဖြစ်လာနေပြီး ​မကြာ သေးခင်ကလည်း ​တိဘက်လူမျိုးတချို့ ​တရုတ်အစိုးရအပေါ် ​မကျေနပ်တဲ့အတွက် ​ကိုယ့်ကိုကိုယ်မီးရှို့ ​သတ်သေမှုတွေ ​ဖြစ်ပေါ်ခဲ့ပါတယ်။

ဘုန်းတော်ကြီးဒလိုင်းလာမားဟာ ​ဇူလိုင်လ ​၆ ​ရက် ​၁၉၃၅ ​ခုနှစ်မှာ ​ မွေးဖွားပြီး ခုအခါ သက်တော် ၇၈ နှစ် ရှိပြီဖြစ်ကြောင်း သိရပါတယ်။

ABC Radio Australia

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...