Pages

Wednesday, July 10, 2013

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲသည့် နေရာများသို့ ခရီးသွားများ ဝင်ခွင့်ပိတ်

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲသည့် နေရာများသို့ ခရီးသွားများ ဝင်ခွင့်ပိတ်ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ နေရာများတွင် လုံခြုံရေး တင်းကျပ်ထားပြီးနိုင်ငံတကာမှ  ဘုရားဖူး ခရီးသွားများကို ယင်းနေရာများသို့ မဝင်ရောက်ရန် တားမြစ်ထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း၏ အတွင်းရေးမှူး ဦးနောင်းနောင်းဟန်က The Voice သို့ ပြောကြားသည်။

ယင်းသို့ တားမြစ်ထား မှုကြောင့် ၎င်းနေရာများ အတွင်းသို့ ခရီးသွားများ ဝင်ရောက် ဖူးမြော်ခွင့် မရရှိဘဲ အခြားနေရာများသို့ ခရီးသွားများအား အစားထိုး ပို့ဆောင်ရမှုများရှိကြောင်း ၎င်းက ဆက်လက် ပြော ကြားသည်။ ယခုနှစ် ဘုရားဖူး ခရီးစဉ်အတွက် ကြိုတင် စာရင်းပေး ထားသူ ဘုရားဖူး ခရီးသည် ၁၀၀ ကျော်ခန့်ရှိပြီး၊ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်ပိုင်း ကြိုတင် စာရင်းပေးထားခြင်းကို ပြန်ဖျက်သိမ်းမှု မရှိသေးကြောင်း မြန်မာနိုင်ငံရှိ ဒါနဗုဒ္ဓဂယာ ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းက အိန္ဒိယ၊ နီပေါနှင့် သီရိလင်္ကာနိုင်ငံတို့မှ နိုင်ငံခြားရေး တာဝန်ရှိသူများ၊ သံရုံးများနှင့် ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်၏ လုံခြုံရေး ကိစ္စများကို ဆွေးနွေး သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံမှ ခရီးသွားများကို မှုခင်းများ၊ ပြဿနာများ တစ်စုံတစ်ရာ ဖြစ်ပွားပါက မည်ကဲ့သို့ လုပ်ဆောင် ရမည်ကို သိရှိစေရန် ပညာပေး အစီအစဉ် တစ်ရပ် ပြုလုပ်သွားရန် ရှိကြောင်း၊ မြန်မာနိုင်ငံမှ ခရီးသွားများကို ခရီးသွား အာမခံ Travel Agency ယူသွားရန် ခရီးသွား လုပ်ငန်းများသို့ တိုက်တွန်း ထားကြောင်း ဦးနောင်းနောင်းဟန်က ပြောကြားသည်။

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာဒေသတွင် ဇူလိုင် ၇ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ် ဝန်းကျင်ခန့်၌ မဟာဗောဓိ စေတီတော် ပရဝုဏ်အတွင်း ဗုံးပေါက်ကွဲမှု လေး ကြိမ်၊ ထရီဂါ Tregg မေ ဘုန်းကြီးကျောင်းဝင်း အတွင်း သုံးကြိမ်၊ ဂျပန် ဘုရားတွင် တစ်ကြိမ်၊ ဘတ်စ်ကား မှတ်တိုင်တွင် တစ်ကြိမ် စုစုပေါင်း ကိုးကြိမ် ပေါက်ကွဲခဲ့ရာ ရဟန်း နှစ်ပါး အပါအဝင် ငါးဦး ဒဏ်ရာ ရရှိခဲ့သည်။ မြန်မာနိုင်ငံမှ ဘုရားဖူး များသည် ဗုဒ္ဓဂယာကို ခရီးသွား ရာသီဖြစ်သော စက်တင်ဘာလမှ စတင် သွားရောက်လေ့ ရှိသည်။

The Voice Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...