ကလေး၊ ဇူလိုင် ၂၈။
ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နယ်မြေ(၁၆)၊ အိမ်အမှတ်(၃၆)နေ ဦးရင်ကျုံးနုံး နေအိမ်မှ ပီနန်အိတ်(၂)
လုံးဖြင့် ထည့်ထားသည့် ဆူဒိုအက်ဖီဒရင်း ဆေးပြားများကို ဇူလိုင်၂၇ရက်နေ့ ည(၈)နာရီ၊ (၁၅)မိနစ်ခန့်က ဖမ်းဆီးမိကြောင်း ကလေးခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။
ဆူဒိုအက်ဖီဒရင်း ဆေးပြားများမှာ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်အသုံးပြုသည့် ဓါတုဗေဒ ပစ္စည်းများဖြစ်
ကြောင်း၊ ၎င်းဆူဒိုအက်ဖီဒရင်းဆေးပြားများကို သယ်ယူရောင်းချခွင့် မသာ၍ နယ်စပ်ကျေးရွာများတွင်ဝှက်
သိမ်းထားကြောင်း သတင်းရရှိသဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးရှာဖွေဝရမ်းဖြင့် ခရိုင်(ထ/န) ခေါင်း
ဆောင် ရဲအုပ်လှနိုင် ဦးစီးသောအဖွဲ့၊ တာဟန်းရဲကင်းမှူး ဒုရဲအုပ်ကျဲအိုဒင်မွိုင်း ဦးစီးသောအဖွဲ့နှင့် ကလေး
မူးယစ်(အထူး)အဖွဲ့မှ ရဲအုပ်သန်းဇော်ဝင်းတို့ ပူးပေါင်းပါဝင်သော သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေ
ဖမ်းဆီးခဲ့ကြောင်း၊ ရင်ကျုံးနုံးမှာ ထွက်ပြေးသွားပြီး ၎င်း၏ဇနီး ဒေါ်ဗန်ဒိုကျန်းအား ဖမ်းဆီးရမိခဲ့ကြောင်း ခရိုင်
(ထ/န)ခေါင်းဆောင် ကပြောသည်။
ရင်ကျုံးနုံး၏ နေအိမ်တွင် ရှာဖွေရာ နေအိမ်မီးဖိုခန်း အတွင်းမှ ဆူဒိုအက်ဖီဒရင်း ဆေးပြား (၆၃၀၀၀၀)ပြား ဖမ်းဆီးရမိခဲ့ပြီး ၎င်းဆေးပြားများ၏ ကာလတန်ဖိုးမှာကျပ် (၆၃၀)သိန်း ဖြစ်ကြောင်း သိရသည်။
၎င်းဆေးပြားများကို ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ(၁၆) အိမ်အမှတ် (၁၃)နေမာထန်(ခ)လားလ်
ထန်ဗဲလ်မှ လာရောက် ပို့ဆောင်ထားသော ပစ္စည်းများဖြစ်ကြောင်း၊ မာထန်၏ နေအိမ်ကို ပူပေါင်းအဖွဲ့မှ
သွားရောက်ရှာဖွေရာမာထန်(ခ)လားလ်ထန်ဗဲလ်မှာ တိမ်းရှောင်လျက် ရှိကြောင်း သိရသည်။
“ဆူဒိုအက်ဖီဒရင်း ဆေးပြားများနှင့် အတူ ဖမ်းဆီးမိတဲ့ မမန်ဒိုကျန်း၊ထွတ်ပြေး တိမ်းရှောင်နေသူ ရင်ကျုံးနုံး
နှင့် မာထန်(ခ)လားလ်ထန်ဗဲလ်တို့ကို(ပ)၈၀/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေး
ဝါများဥပဒေပုဒ်မ၁၅/၁၆(ခ)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပါတယ်”ဟု ခရိုင်(ထ/န) ခေါင်း
ဆောင် ရဲအုပ်လှနိုင်ဦးက ပြောသည်။
ဇွန် (၁၅)၊ ၂၀၁၃ မှ ဇူလိုင် (၁၂)၊ ၂၀၁၃ ရက်နေ့အထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အစီအစဉ်ဖြင့် ကလေး
ဒေသတရားဥပဒေ စိုးမိုးရေးပိုမိုကောင်းမွန်ရန်ဆောင်ရွက်ခဲ့ပြီးနောက် ကလေးခရိုင် ရဲတပ်ဖွဲ့မှလည်း တ
ရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်သတင်းဂျာနယ်မှကူးယူမျှဝေသည်။

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...