မိုးညှင်း၊ ဇူလိုင်၊ ၂၇။
ကချင်ပြည်နယ်၊ မိုးညှင်းမြိ့နယ် ရွာသစ်ကုန်းကျေးရှာရှိ ဒေါ်ခင်ရှိန်သည်အပြင်ဆေးခန်းမှ ဆရာဝန်ကျွေး
သော ဝက်ဆေးအား စားမိရာမှ အဝလွန်ရောဂါဖြစ်နေသောကြောင့် ဆေးကုသရန်အတွက် မန္တလေးမြို့
ဗြဟ္မစိုလ်လူမှုကူညီရေး အသင်း၏ အကူအညီဖြင့် မန္တလေးဆေးရုံကြီးတွင်ဆေးကုသရန် ယနေ့တွင် မိုးညှင်း
မြို့မှ စတင်ထွက်ခွာပြီဖြစ်ကြောင်း သိရသည်။
“အစာအိမ်နဲ့ အဆုတ်မကောင်းလို့ အပြင်ဆေးခန်းးမှာ ဆေးကုဖူးတယ်။
အစာအိမ်ကျဉ်းလို့ဆိုပြီး ဆရာဝန်က ၀က်ကျွေးတဲ့ ဆေးကို ပေးတယ်။ အဲဒီဆေးသုံးတာဝက်ဆေးမှန်း ဆရာ
ဝန်ရဲ့တပည့်ကပြောလို့ ရက်ပေါင်း၂၁ ရက်ကျမှ သိရတယ်။
ဆရာဝန်ကိုပြောတော့ ဖြေဆေးပြန်ထိုးပေးတယ်။
အဲ့ဒီကတည်းက တစ်ဖြည်းတစ်ဖြည်း ၀လာတော့တာဘဲ။ ဒီလိုဖြစ်တာကြောင့် ဘယ်သူ့ကိုမှ မထိခိုက်စေ
ချင်ဘူး။
အခုလို ၀ိုင်းလို့ကူညီ ပေးကြတဲ့ အတွက် သက်ဆိုင်ရာ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ဒေါ်ခင်ရှိန်
က ပြောသည်။
မိုးညှင်းမြို့မှ မေတ္တာလေးညှင်းအဖွဲ့၏ အကူအညီဖြင့် ၎င်း၏နေအိမ်မှမိုးညှင်းမြို့ ကြက်ခြေနီအသင်း၏ အ
ကူအညီဖြင့် ဒေသခံများက ဘူတာသို့ရောက်ရှိရန်ကူညီခဲ့ကြပြီးနောက် မိုးညှင်းဘူတာ ရုံပိုင်ကြီးနှင့်တကွ
မီးရထားမှ တာဝန်ရှိသူ အသီးသီးက ကူညီခဲ့ကြောင်း သိရသည်။
ယင်းအပြင်ဒေါ်ခင်ချိုချိုဦးဆောင်သော မိုးညှင်းမြို့မဈေး မိသားစုမှဆေးကုသစားရိတ်အတွက် ငွေကျပ်ရှစ်
သောင်းနှင့် စတီးတောင်ဝှေးတစ်ချောင်းအပြင်ဒေသခံများက အလှူငွေထည့်ဝင်ကြရာ တစ်သိန်းခွဲကျော်
ရရှိကြောင်း သိရသည်။
အဆိုပါ ဒေါ်ခင်ရှိန်သည် အသက်၄၅နှစ် ရှိပြီးဖြစ်သည့်အပြင် သွေးတိုးရောဂါပါခံစားနေရကြောင်း သိ
ရသည်။ ယခင်ကပုံမှန် အရွယ်ရှိခဲ့သော ၎င်းသည်ယင်းဝင်ဆေးစားပြီးနောက် ပေါင်လေးရာကျော်အ
ထိ ဝလာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ အဝလွန်သူသို့ ဆေးကုသရန်အတွက် လှူဒါန်းလိုပါကမိသားဝင် တစ်ဦး၏ ဖုန်းနံပါတ်ဖြစ်သော
၀၉ – ၄၀၀၀၁၇၆၈၀သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
မောင်သီဟ(ကချင်)
မြန်မာ့ခေတ်သတင်းဂျာနယ်မှကူးယူမျှဝေသည်။

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...