Pages

Sunday, July 28, 2013

မာစီးဒီးကား မြန်မာပြည်မှာ ၀ယ်စီးကြမယ်

Mercedes Benz E Class တစီး၊ ဓာတ်ပုံ- www.caradvice.com
မာစီးဒီ Mercedes ကားတွေလည်း မြန်မာပြည်မှာ စတင်ဖြန့်ဖြူးနေပါပြီ။ ဇွန်လ ၂၆ ရက်နေ့ ညနေက ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်မှာ တရားဝင် မိတ်ဆက်အခမ်းအနား တခုကို ကျင်းပခဲ့ပါတယ်။

မာစီးဒီး ကားတွေကို Automobile Alliance Co.,Ltd. နဲ့ Cycle & Carriage Automobile Myanmar Co., Ltd. တို့က မြန်မာနိုင်ငံမှာ တရားဝင် ဖြန့်ဖြူးရောင်းချခွင့်ကို အခမ်းအနားကျင်းပပြီး Mercedes Benz E Class အမျိုးအစားကိုလည်း မိတ်ဆက်ပြသခဲ့ရာမှာ ရန်ကုန်တိုင်း အစိုးရ ၀န်ကြီးချုပ် ဦးမြင့်ဆွေနဲ့ အဖွဲ့လည်း ကြည့်ရှုခဲ့ပါတယ်။

မာစီးဒီးကား မိတ်ဆက်ပွဲကို မြန်မာ့အနုပညာလောကက ထင်ရှားသူတွေ၊ ကားချစ်သူတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တချို့ လည်း တက်ရောက်ခဲ့ကြပါတယ်။

ကားချစ်သူတော်တော်များများက ကားကို သက်တောင့်သက်သာ ဖြစ်မှုကို ဦးစားပေးရွေးချယ် ၀ယ်လေ့ ရှိကြပါတယ်။

မာစီးဒီးရဲ့ သက်တောင့်သက်သာဖြစ်မှု၊ လုံခြုံမှု၊ ဇိမ်ခံနိုင်မှုတွေကြောင့် မြန်မာဈေးကွက်မှာ လွန်ခဲ့ တဲ့ နှစ်ပေါင်းများစွာ ကတည်းက မစိမ်းပါဘူး။ တချိန်က မြန်မာ့သူဌေးကြီးတွေဟာ မာစီးဒီးကားကို ဂုဏ်တခုအနေနဲ့ လည်း စီးကြပါတယ်။

အိမ့်သံစဉ် ~

The Irrawaddy's Blog by အိမ့်သံစဉ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...