သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 30, 2013

မြဝတီမြို့ရေဘေး အနည်းဆုံး ၆ ဦးသေ၊ ၃ ဦး ပျောက်ဆုံးနေဆဲ



ကရင်ပြည်နယ် မြဝတီမြို့မှာ မနေ့မနက်အစောပိုင်းကစပြီး ရေကြီးနေတဲ့အတွက် လူ ၆ ဦးထက်မနည်း သေဆုံးပြီး၊ တချို့ရပ်ကွက်တွေမှာ ပိတ်မိနေသူတွေရှိတယ်လို့ သတင်းရရှိပါတယ်။မြဝတီမြို့ဘေးက သောင်ရင်းမြစ်ရေ ၁၄ ပေလောက်ထိတက်တဲ့အတွက် မြစ်နဲ့နီးတဲ့ရပ်ကွက်က အိမ်ငယ်လေးတွေ အိမ်ခေါင်ထိရေမြုပ်သလို၊ ကုန်ပစ္စည်းသိုလှောင်ထားတဲ့ ဂိုဒေါင်တွေ၊ ဈေးတွေလဲရေမြုပ်ပြီး ပစ္စည်းဆုံးရှုံးမှုလည်းများတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြဝတီမြို့က ကုန်သည်တစ်ဦးက RFA ကို အခုလိုပြောပါတယ်။


ဒီကနေ့မနက် ၁၁ နာရီလောက်ကလဲ မြဝတီမြို့ထဲမှာ စက်လှေမှောက်ပြီး အမျိုးသမီး ၃ ဦး ပျောက်ဆုံးနေကြောင်းနဲ့ ကယ်ဆယ်ရေးအတွက် စက်လှေလုံလောက်မှု မရှိတဲ့အကြောင်း ရေဘေးဒုက္ခသည်တွေကို အကူညီပေးနေတဲ့ စေတနာဝန်ထမ်း လူငယ်တစ်ဦးက အခုလိုပြောပြပါတယ်။

ရေးဘေးဒုက္ခသည်တွေကို မြို့နယ်မှူးအပါအဝင် ရဲဝန်ထမ်းတွေ ရပ်မိရပ်ဖတွေနဲ့ ဖွဲ့စည်းထားတဲ့ စည်ပင်သာယာအဖွဲ့၊ မြဝတီမြို့ နာရေးကူညီမှုအသင်းစတဲ့ အဖွဲ့အစည်းတွေကကူညီနေပြီး မိကျောင်းကုန်း၊ တောရကျောင်း၊ အဓိဌာန်အောင်ဘုရားဓမ္မာရုံ၊ တောင်တန်းကျောင်း၊ ဓမ္မာရန်အောင်အနီးက စာသင်ကျောင်း၊ ကျောက်လုံးကြီး ဓမ္မရိပ်သာနဲ့ ဖားခြောက်ကောင်ဘုန်းကြီးကျောင်း စတဲ့နေရာတွေမှာ နေချထားတယ်လို့ သိရပါတယ်။

RFA Burmese

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D