သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 30, 2013

လူသတ်မှုကျူးလွန်ခဲ့သည်ဟုစွပ်စွဲကာ ကလေးတစ်ဦးကို အမှုဖွင့်

 အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးကို လူသတ်သည်ဟု စွပ်စွဲကာသုဝဏ္ဏနယ်မြေ ရဲစခန်း၌ ဇူလိုင် ၂၇ ရက်တွင် တိုင်တန်းထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ယင်းအမှုတွင် သေဆုံးသူမှာ အသက် ၄၁ နှစ်အရွယ် ကိုကြည်လှိုင်ဆိုသူဖြစ်ပြီး သင်္ကန်းကျွန်းမြို့နယ်တွင်
နေထိုင်သူ ဖြစ်ကြောင်း၊ သူသည် ပန်းရံလုပ်သားတစ်ဦးဖြစ်သဖြင့် တိုက်ဆောက်နေစဉ် ဓားဖြင့် အထိုးခံ
ရ ခြင်းဖြစ်ကြောင်း ရဲဌာနကအတည်ပြုထားသည်။

ထိုကိစ္စကို သေသူ၏ အမဖြစ်သည့် ဒေါ်ခင်ရွှေဆိုသူက ရဲကိုမတိုင်မီသူ့ဖာသာ လိုက်လံစုံစမ်းရာ သူ့မောင်
သည် တပည့်ဖြစ်သည့် ပန်ရံလုပ်သား ကလေးငယ်နှင့် စကားများပြီး အဆိုပါကလေးငယ်က အရိုးအသွား ကိုးလက်မရှိသော ဓားဖြင့်ထိုးခဲ့ကြောင်း အလုပ်အတူတူလုပ်သည့် ပန်းရံလုပ်သားမျက်မြင် သက်သေများ
က ပြောကြသည်ဟု ရဲများကို ထွက်ဆိုထားသည်။

လူသတ်သည်ဟု စွပ်စွဲခံရသည့် ကလေးငယ်မှာ တောင်ဒဂုံမြို့နယ်၊ ၁၀၅ ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး သူနှင့် သူ့ဆရာဖြစ်သူတို့သည် ခြင်ထောင်ထောင်စဉ် စကားများကြခြင်းဖြစ်ကာ ခြင်ထောင်ကြိုးဖြတ်သည့် ဓားဖြင့်ထိုးလိုက်ခြင်းဖြစ်သည်ဟုလည်း ရဲဌာနက အတည်ပြုထားသည်။

ထိုအမှုကို သေဆုံးသူ၏ အမဖြစ်သူ ဒေါ်ခင်ရွှေက တရားလိုပြုလုပ်တိုင်တန်းသဖြင့် သုဝဏ္ဏနယ်မြေ ရဲစခန်း အမှုအမှတ်(ပ) ၂၃၃/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ဖြင့် တရား
စွဲဆိုမည်ဟု ရဲဌာနက သတင်းထုတ်ပြန်သည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D