
လှိုင်မြို့နယ် တက္ကသိုလ်များနယ်မြေ MICT Park ဝင်းတွင် MCC-AIT အင်ဂျင်နီယာသင်တန်း စာမေးပွဲ
ဖြေဆိုနေသော ကျောင်းသားတစ်ဦး၏ လက်ကိုင်ဖုန်းကို တာဝန်ကျ လုံခြုံရေးက ခိုးယူခဲ့ကြောင်း ရန်ကုန်
တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ မောင်ဝေယံမင်းခန့်သည် ဇူလိုင်လ ၂၅ ရက်နေ့က စာမေးပွဲ ဖြေဆိုပြီး အပြန်တွင် လွယ်အိတ်၌ လက်ကိုင်ဖုန်း မတွေ့ရ၍ လှိုင်မြို့နယ် ရဲတပ်ဖွဲ့စခန်းကို တိုင်ကြားခဲ့ပြီး ရဲတပ်ဖွဲ့
ဝင်များ စစ်ဆေးရှာဖွေရာ စာမေးပွဲခန်းမအနီးရှိ BEST လုံခြုံရေးကုမ္ပဏီမှ လုံခြုံရေး ဝန်ထမ်းဖြစ်သူ ဦးနေ
နိုင်ဇော်ထံမှ တွေ့ရှိခဲ့ကြောင်း သင်တန်းသား မောင်ဝေယံမင်းခန့်က The Voice သို့ ပြောကြားသည်။
ခိုးယူခံရသည့် အဆိုပါ လက်ကိုင်ဖုန်းမှာ SAMSUNG Galaxy Note အမျိုးအစား ဖြစ်သည်။
မောင်ဝေယံမင်းခန့်သည် စာမေးပွဲဖြေခါနီး သူငယ်ချင်း မရောက်လာသေးသဖြင့် ဖုန်းဆက်ပြီး ဖုန်းကိုလွယ်
အိတ်ထဲ ထည့်ကာ စာမေးပွဲခန်းမအပြင်ရှိ လွယ်အိတ်တင်ခုံတွင် တင်ခဲ့ကြောင်း၊ စာမေးပွဲဖြေဆိုနေစဉ် ဖုန်း
ခိုးယူခံရခြင်းဖြစ်ပြီး စစ်ဆေးရှာဖွေရာ လုံခြုံရေးဝန်ထမ်း၏ လွယ်အိတ်ထဲတွင် ဖုန်းကို စွပ်ကျယ်အင်္ကျီဖြင့်
လိပ်ကာ ထည့်ထားသည်ကို တွေ့ရှိရကြောင်း မောင်ဝေယံမင်းခန့်က ဆိုသည်။
အဆိုပါ ဖုန်းခိုးယူခဲ့သည်ဟုဆိုသော လုံခြုံရေးဝန်ထမ်းကို တရားဥပဒေအတိုင်း ဆောင်ရွက်ရန် ရဲတပ်ဖွဲ့
စခန်းကို အပ်ခဲ့ပြီး အလုပ်မှချက်ချင်း ရပ်စဲလိုက်ပြီ ဖြစ်ကြောင်း BEST ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး၌ ယခုနှစ်မေလတွင် ခိုးမှု ၁၁၀ မှု၊ ဇွန်လတွင် ၈၇ မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။
The Voice Weekly မှကူးယူမျှဝေသည်။
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...