၂၉.၇.၂၀၁၃၊ တနင်္လာနေ့မြန်မာ့ရေတပ်မှ တပ်မတော်ရေယာဉ်တစ်စင်း နတ်မြစ်ဝသို့ ကင်းလှည့်ရန် ဖြတ်သန်းဝင်ရောက်ရာတွင် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ကို ဖြတ်သန်းခဲ့မှုနှင့် ပတ်သက်၍ နောက်နောင်မောင်တောသို့ ၀င်ထွက်သွားလာရာတွင် ကြိုတင်သတင်းပေး အသိပေးရန် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များမှ စာပို့ကန့်ကွက် တောင်းဆိုထားကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ့ရေတပ်မှ တပ်မတော်ရေယာဉ် အမှတ် ၅၅၄ သည် နတ်မြစ်ဝရှိ မောင်တောအနီးတွင် ဆိုက်ကပ်ရပ်နားထားကြောင်း သိရသည်။ ထိုသို့ ရပ်တန့်ထားရန်အတွက် မောင်တောသို့ ၀င်ရောက်စဉ် နယ်ခြားရေပိုင်နက်ကို ဖြတ်သန်းသွားရသဖြင့် ယခုကဲ့သို့ စာပို့အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ဤသို့အကြောင်းကြားစာ ပို့တောင်းဆိုခဲ့သော်လည်း လက်ရှိတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အနေအထားမှာ ဆက်ဆံရေး ကောင်းမွန်လျက်ရှိပြီး လေးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အနေဖြင့် မြန်မာ့စစ်သင်္ဘော UMS မဟာသီဟသူရ စစ်သင်္ဘောသည် ဘင်္ဂလားဒေ့ရှ် ရေတပ်၏ ဖိတ်ကြားချက် အရ ဇွန် ၈ ရက်က စစ်တကောင်းဆိပ်ကမ်းသို့သွားရောက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာရေတပ် သဘောင်္သည် ဘင်္ဂလားဒေ့ရှ်သို့ လာလည်ခြင်းဖြစ်ပြီး ယခုပြုလုပ်သော မြန်မာရေတပ် သဘောင်္၏ ချစ်ကြည်ရေး ခရီးစဉ်သည် နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဆိုသည်။ အလည်အပတ် လာရောက်သည့် မြန်မာစစ်သင်္ဘောအား စစ်တကောင်း ရေတပ်စစ်ဌာနချုပ် ရေတပ်ဦးစီးမှူး ကပ္ပတိန် Gloam Sadek က ကြိုဆိုလက်ခံခဲ့ကြောင်းနှင့် အဆိုပါ မြန်မာစစ်သင်္ဘောသည် ဇွန် ၁၁ ရက်တွင် စစ်တကောင်းမှ ပြန်လည်ထွက်ခွာ လာခဲ့သည်ဟု သိရသည်။
နတ်မြစ်ဝသို့ တပ်မတော် ရေယာဉ်ဝင်ရောက်စဉ် တစ်ဖက်နိုင်ငံသို့ အကြောင်းမကြားဘဲ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်သို့ ၀င်ရောက်ခဲ့ခြင်းကို နှစ်နိုင်ငံ ချစ်ကြည်ရေး မပျက်စေဘဲ သက်ဆိုင်ရာမှ ပြန်လည်ဖြေရှင်းရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။
လက်ရှိတွင် မြန်မာ့ရေတပ်နှင့် ဘင်္ဂလားဒေ့ရှ်ရေတပ် အနေအထားမှာ ဆက်ဆံရေး ပြေလည်နေပြီး ချစ်ကြည်ရေး ခရီးစဉ်အဖြစ်လည်း ဇွန်အတွင်းက မြန်မာ့ရေတပ်မတော် ရေယာဉ်သည် စစ်တကောင်း ဆိပ်ကမ်းသို့ သွားရောက်ခဲ့ကြောင်းလည်း သိရသည်။
Eleven


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...