၁၉၇၁ ခုနှစ် ပါကစ္စတန် နိုင်ငံလက်အောက်က လွတ်မြောက်ဖို့  တိုက်ပွဲဝင်ခဲ့တဲ့ ဘင်္ဂလားဒေရှ် လွတ်လပ်ရေး တိုက်ပွဲကာလမှာ လူသတ်မှု ၊ နှိပ်စက် ညှင်းပန်းမှု တွေကျုးလွန်ခဲ့သူ အသက် ၆၅ နှစ်အရွယ် Jamaat-e-Islam ပါတီရဲ့  အထွေထွေအတွင်းရေးမှုး အလီဟာဆန်မိုဟာမက် မိုဂျာဟိ ကိုသေဒဏ်ချမှတ်လိုက်ပါတယ်။
သူ့ ကို သေဒဏ်ချမှတ်မှုဟာ ပါတီခေါင်းဆောင်နဲ့  ဘာသာရေး ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ အသက် ၉၁ နှစ် အရွယ် ဂူလမ်အာဇမ် ကို ဒါကာတရားရုံးက ထောင်ဒဏ် နှစ် ၉၀ ချမှတ်ပြီး နှစ်ရက် အကြာမှာ သေဒဏ်ချမှတ်တာ ဖြစ်ပါတယ်။
အလီဟာဆန် ဟာ ပါကစ္စတန် လက် အောက်က နေ ဘင်္ဂလာ ဒေရှ် လွတ်မြောက်ရေးတိုက်ပွဲဝင်ခဲ့စဉ်က လွတ်မြောက်ရေးလှုပ်ရှားတဲ့ သတင်းထောက်တွေ ၊ ကဗျာဆရာတွေ ၊ ကျောင်းဆရာတွေ ၊ အဆိုတော်
တွေကို ပြန်ပေးဆွဲသတ်ဖြတ်မှုတွေ ဦးဆောင်လုပ်ခဲ့တဲ့သူ ဖြစ်ပါတယ်။
အဆိပ်နဲ့  တခြား နှိပ်စက်မှု တွေသုံး ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကိုပါ အလီဟာဆန် က ကျုးလွန်ခဲ့ပါတယ်။
ဂူလမ်အာဇမ် ကို ထောင်ဒဏ် နှစ် ၉၀ ချမှတ် ပြီး နောက် သူ့ ကို ထောက်ခံသူတွေက ဆော်သြထားတဲ့ နိုင်ငံတ၀ှမ်းဆန့် ကျင် ဆန္ဒ ပြမှုကိုလည်း ဘင်္ဂလားဒေရှ် အစိုးရက တားဆီး နိုင်ခဲ့ပါတယ်။
သမ္မတ ခါလီ ဇီယာ လက်ထက်မှာ အလီဟာဆန် ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်ထိ ၀န်ကြီးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။
ဘင်္ဂလားဒေရှ် လွတ်လပ် ရေးကာလမှာ ပါကစ္စတန်စစ်တပ်က လူသုံးသန်းကျော်ကို သတ်ဖြတ်ခဲ့ပြီး အမျိုး
သမီး နှစ်သိန်းကျော်ကို မုဒိမ်းကျင့်ခဲ့ပါတယ်။
Freedom News Group(Burma)
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...