Pages

Wednesday, July 17, 2013

ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတွေ မြန်မာ့အသံက ပြန်လွှင့်မယ်

နှစ်အတော်အတန်ကြာ နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြဖို့ ပျက်ကွက်ခဲ့တဲ့ အာဇာနည်နေ့မှာ ၁၉၄၇ ခုနှစ်က ဇူလိုင်လ ၁၃ ရက်နေ့ က ရန်ကုန်၊ မြို့တော်ခန်းမမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ မိန့်ခွန်း ကောက်နှုတ် ချက်တွေကို ယခုနှစ် ၆၆ နှစ် မြောက် အာဇာနည်နေ့မှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား၊ မြန်မာ့ရေဒီယို တို့က ထုတ်လွှင့်ပါတော့မယ်။

လာမည့် ဇူလိုင်လ ၁၉ ရက်နေ့မှာ အာဇာနည်နေ့နဲ့ဆက်စပ်တဲ့သတင်းတွေကိုလည်း ထုတ်လွှင့်သွားဖို့ ရှိပြီး ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် ကျင်းပမည့် အာဇာနည်နေ့ အခမ်းအနားကိုလည်း တိုက်ရိုက်ထုတ်လွှင့် သွားမယ်လို့ ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။


မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ကောက်နှုတ် ချက်တွေကိုထပ်မံ လွှင့်ထုတ်ပေးမှာဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင် ကြီးများရဲ့နိုင်ငံတော် ဈာပန ကျင်းပတဲ့အခမ်းအနားတွေကိုလည်း ပြန်လည်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်တဲ့ အာဇာနည်နေ့ကျင်းပရေးကော်မတီကလည်း ကျင်းပရေး ဆိုင်ရာ အစီအစဉ်များကို လွန်ခဲ့တဲ့ ရက်ပိုင်းက ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးမှုအတွက် ယခင်က နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့ ရောက်တိုင်း နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် နိုင်ငံပိုင်ရေဒီယိုများက ၀မ်းနည်းခြင်းအထိမ်းအမှတ် ဥသြဆွဲမှုကို လုပ်ဆောင် ခဲ့ပေးမယ့်နှစ်ပေါင်း ၂၀ ကျော်ကြာ အဆိုပါ အစီအစဉ်မှာ ပျက်ကွက်နေဆဲဖြစ်ပါတယ်။

ဒီကိစ္စကို အကောင်အထည်ဖော်ဖို့အတွက် တက္ကသိုလ်ကျောင်းသားသမဂ္ဂ -တကသ လူငယ်များကရန်ကုန်နဲ့ အနီးတ၀ိုက်အတွက် ယခုနှစ်မှာ ဥသြဆွဲခြင်း အစီအစဉ်ကို တာဝန်ယူစီစဉ်မှုတွေလည်းလုပ်ဆောင်နေ ပါတယ်။

ဧရာဝတီblog

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...