Pages

Wednesday, July 17, 2013

ခရစ္စမတ်ကျွန်းနား လှေမှောက် ခိုလှုံခွင့်တောင်းလိုသူ ၄ ဦးသေ

သြစတြေးလျနိုင်ငံရဲ့ ​ပိုင်နက်ဖြစ်တဲ့ ​ခရစ္စမတ်ကျွန်းအနားမှာ ​ခိုလှုံခွင့်တောင်းလိုသူ ​တင်ဆောင်လာတဲ့ ​လှေ တစ်စီး ​တိမ်းမှောက်ခဲ့ရာက ​အနည်းဆုံး ​လူ ​၄ ​ယောက် ​သေဆုံးပြီး ​အယောက်ပေါင်း ​၁၄၄ ​ယောက်ကို ​ကယ်ဆယ်နိုင်ခဲ့ပါတယ်။

လူပေါင်း ​၁၅၀ ​တင်ဆောင်လာတဲ့ ​လှေဟာ ​မနေ့ညကပဲ ​ခရစ္စမတ်ကျွန်းနဲ့ ​ပင်လယ်ရေမိုင် ​၇၀ ​လောက် ​ရှိတဲ့နေရာ ​ရောက်တဲ့အခါ ​တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။


အဲဒီလှေကို ​သြစတြေးလျ ​ရေတပ်သင်္ဘောတွေက ​ကြိုတင်တွေ့ရှိပြီး ​သြစတြေးလျနိုင်ငံထဲ ​ဝင်လာနိုင်အောင် ​စောင့်ကြပ်တဲ့အနေနဲ့ ​လိုက်ပါသွားတုန်း ​လှေက ​နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။

လှေပေါ်ပါလာသူတွေကို ​သင်္ဘောပေါ်တင်ဖို့ ​ကြိုးစားခဲ့ပေမယ့် ​ရာသီဥတုအခြေအနေ ​မပေးတဲ့အတွက် ​ဘေး နားကနေပဲ ​စောင့်ရှောက်ပေးနေတုန်း လှေက ​တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။

သြစတြေးလျ ​ကမ်းခြေစောင့် ​လေယာဉ်တစ်စီးကလည်း ​အသက်ကယ်အကျီင်္တွေ ​ပစ်ချပေးခဲ့ပေမယ့် ​အနည်းဆုံး ​လူ ​၄ယောက် ​သေဆုံးခဲ့တာ ​ဖြစ်ပါတယ်။

မကြာခင် ​ရက်ပိုင်းကပဲ ​ခိုလှုံခွင့်တောင်းလိုသူတွေ ​တင်ဆောင်လာတဲ့ ​လှေတစ်စီး ​နစ်မြုပ်သွားတဲ့အတွက် ​ခိုလှုံခွင့်တောင်းလိုသူ ​၉ ​ဦး ​သေဆုံးခဲ့ရပါတယ်။

သြစတြေးလျနိုင်ငံကို ​လှေတွေနဲ့ ​ခိုးဝင်လာသူတွေ ​များပြားလာပြီး ​ဒုက္ခရောက်တာတွေ ​ရှိတဲ့အတွက် ​သြစတြေးလျအစိုးရကလည်း ​ဖိအားပေးခံနေရပါတယ်။

ဒီလိုအခြေအနေကြောင့် ​ခိုလှုံခွင့်တောင်းလိုသူနဲ့ ​ပတ်သက်တဲ့ ​လူဝင်မှုကြီးကြပ်ရေးပေါ်လစီကို ​ပြောင်းလဲ မယ်လို့ ​ဝန်ကြီးချုပ် ​ကယ်ဗင်ရဒ်က ​ပြောလိုက်ပါတယ်။

သြစတြေးလျပြည်သူအများစုက ​ဒုက္ခရောက်သူတွေအပေါ် ​စာနာသနားစိတ်ရှိကြပြီး ​သြစတြေးလျနိုင်ငံမှာ ​နေထိုင်စေလိုကြပေမယ့် ​စည်းကမ်းရှိရှိနဲ့ ​လာရောက်ကြတာမျိုး ​လိုလားတဲ့အတွက် ​စနစ်သစ်တစ်ခုနဲ့ ​လုပ်ဆောင်သွားမယ်လို့ ​ဝန်ကြီးချုပ်က ​ပြောခဲ့ပါတယ်။

သြစတြေးလျအစိုးရရဲ့အဆိုအရ ​သြစတြေးလျနိုင်ငံကို ​လှေတွေနဲ့ ​ခိုးဝင်နေကြသူတွေဟာ ​တကယ့် ​ဒုက္ခ သည် ​အစစ်အမှန်တွေမဟုတ်ပဲ ​စီးပွားရေးအရ ​ရေကြည်ရာမျက်နုရာ ​ရှာတဲ့ ​သဘောနဲ့ရောက်လာကြတာ
လို့ ​ပြောပါတယ်။

ABC

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...