Pages

Wednesday, July 17, 2013

အာဇာနည်နေ့ ဥသြသံ ရယူသူ ၈၀၀ ကျော်ရှိပြီ ဟုဆို

မြန်မာ့လွတ်လပ်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင်အာဇာနည်ခေါင်း ဆောင် ကိုးဦး ကျဆုံးခဲ့သော ဇူလိုင်လ ၁၉ ရက်နေ့ (၆၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြု ဥသြသံကို Android ဖုန်းများ၌ ဖွင့်လှစ်နိုင်မည့် Application ကို ရယူသူ ၈၀၀ကျော် ရှိနေပြီဖြစ်ကြောင်း ယင်း Application ကို ပြုလုပ်သူ ကိုမိုးစက်က ပြောကြားသည်။


ယင်းဆော့ဝဲကို Android ဖုန်းများတွင်သာ အသုံးပြုနိုင်ပြီး နိုင်ငံတော်သီချင်း တီးလုံး၊ ဥသြသံနှင့် ဗိုလ်ချုပ် အောင်ဆန်းသီချင်း (ရာဇဝင်အတ္ထုပ္ပတ္တိ) တို့ကို နားဆင်နိုင်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြား သည်။"ဖုန်းတွေမှာအလိုအလျောက် ဥသြသံကြားနိုင်မယ့် အစီအစဉ်ကိုလုပ်ဆောင်ချင်ပေမယ့် တစ်ယောက် တည်း လုပ်ရတာရယ်၊ အချိန် မလောက်တာရယ်ကြောင့် ဒီနှစ်တော့ မလုပ်ဖြစ်ဘူး" ဟု ၄င်းကဆိုသည်။

၎င်းအနေနှင့် ဥသြဆွဲသည်ကို မကြုံဖူး သော်လည်း အင်တာနက်တွင်ရှိသော ယခင် ဥသြဆွဲသည့် ဗီဒီယိုများ ကိုကြည့်၍ အနီးစပ်ဆုံးဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း ၄င်း၏အဆိုအရ သိရသည်။

"ကြက်သီးတောင်ထသွားတယ်။ အရင်ကလို စက်ရုံတွေကပါ ဥသြဆွဲမယ်ဆို ပိုပြီးမိုက်တယ်" ဟု ၁၉ ဇူလိုင် ဆော့ဖ်ဝဲကို အသုံးပြုနေသူ၊ ရေကြောင်းတက္ကသိုလ် တက်ရောက်နေသူ ကိုကောင်းမြတ်ကျော် က ဆိုသည်။

ယင်းဆော့ဝဲကို http://www.mediafire.com/?7n9ef3m9rosnfrp နှင့် http://db.tt/VyVRPRSG တို့မှ တစ်ဆင့် အခမဲ့ ရယူအသုံးပြုနိုင်သည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...