လွှတ်တော်အတွင်း၌ လွှတ်တော်ဆိုင်ရာ ပါတီလုပ်ငန်းများ လုပ်ဆောင်လိုပါက လွှတ်တော်အတွင်း နေရာ တောင်းခံနိုင်ကြောင်းနှင့် လုပ်ဆောင်လိုသူသည် ကော်မတီဥက္ကဋ္ဌ ဖြစ်ပါက သတ်မှတ်ထားသော ကော်မတီ ရုံးခန်းတွင်သာ ပြုလုပ်ရန် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဇူလိုင် ၉ ရက်ကပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အသိပေး ပြောကြားသည်။
လွှတ်တော်တွင်း ပါတီဝင်များ၊ နိုင်ငံခြား ဧည့်သည်များ လာရောက်လေ့လာလျက်ရှိသောကြောင့် ထိုသို့ပြု
လုပ်ရန် ဦးနန္ဒကျော်စွာက ပြောကြားခြင်း ဖြစ်သည်။
လက်ရှိလွှတ်တော်အတွင်း၌ အခြားနိုင်ငံများရှိ လွှတ်တော်များကဲ့သို့ ပါတီရုံးခန်းများ ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေး၍ လွှတ်တော်ဆိုင်ရာပါတီလုပ်ငန်းများကိုလုပ်ဆောင်လိုပါက အသိပေးလုပ်ဆောင်နိုင်ပါကြောင်း ပြောကြားသည်။
"ကျွန်တော်တို့ လွှတ်တော်မှာ တက်ရောက်နေကြတဲ့ ပါတီစုံမှ လွှတ်တော်ကိုယ်စားလှယ်များ ရှိပါတယ်။ ကျွန်တော်တို့ လွှတ်တော်မှာ တခြားတိုင်းပြည်များကဲ့သို့ လွှတ်တော်မှာ ပါတီနဲ့ ပတ်သက်တဲ့ ရုံးခန်းများ ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေးပါဘူး။ သို့သော်လည်းပဲ ပါတီလုပ်ငန်းများနဲ့ ပတ်သက်ပြီးတော့ လွှတ်တော် ဆိုင်ရာ ပါတီလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် လွှတ်တော်ထဲမှာ လုပ်ကိုင်ချင်ရင် ပါတီတွေအတွက် နေရာတောင်းပြီး လုပ်ကိုင်နိုင်ပါတယ်။ အကယ်၍ ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဆိုရင်တော့ မိမိတို့ရဲ့ ကော်မတီရုံးခန်းမှာပဲ ဆောင်ရွက်နိုင်ပါတယ်။ သို့သော်လည်း ဘယ်နေ့ဘယ်ရက်မှာ ကော်မတီရုံးခန်းကို ပါတီရုံးခန်းအနေနဲ့ အသုံးပြုပြီး လွှတ်တော်ဆိုင်ရာ ပါတီလုပ်ငန်းများ ဆောင်ရွက်မယ် ဆိုတာကို အသိပေးဖို့တော့ မေတ္တာရပ်ခံပါတယ်။ ကျန်တဲ့ပါတီများ အတွက်လည်း ကျွန်တော်တို့ ရုံးခန်းရှာဖွေပေးမှာ ဖြစ်ပါတယ်။ မရသေးရင်လည်း ဆောင်ရွက်ချင်တယ်ဆိုရင် ကျွန်တော်တို့ကို အသိပေးရင် စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်" ဟု ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက လွှတ်တော်ကိုယ်စားလှယ်များကို အသိပေး ပြောကြားသည်။
ဇူလိုင် ၉ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင် ၅၅ ဦးနှင့် နိုင်ငံခြားဧည့်သည်သုံးဦး လွှတ်တော်သို့ လာရောက်လေ့လာခဲ့သည်။
eleven media group
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...