လတ်တလောမှာ အေးမြတ်သူ က ဒါရိုက်တာ ခင်လှိုင်ရိုက်ကူးတဲ့ 'အမုန်းခံ လူမိုက်' ဇာတ်ကားကို နေထူးနိုင်၊ ခင်လှိုင် ရဲ့ သားဖြစ်သူ နေရဲ တို့နဲ့ ရိုက်ကူးနေပါ တယ်။ ဒီဇာတ်ကားမှာ အေးမြတ်သူက ကိုယ့်ကိုတအား ချစ်တဲ့ ယောက်ျားနှစ် ယောက်ကြားမှာ ဗျာများနေရတဲ့ ကောင် မလေးတစ်ယောက်အဖြစ် သရုပ်ဆောင် ထားပါတယ်။အရင်ကထက်စာရင် အခု နောက်ပိုင်းအနုပညာ အလုပ်မှာ သရုပ် ဆောင်သစ်တွေ အနေနဲ့ ကြိုးစားဖို့ အခွင့်အရေး ပိုရရှိလာကြောင်း အေးမြတ်သူက
"အခုလို ခင်လှိုင်သားနေရဲကို ပြော ရရင် အရာအားလုံးအေးေ အး ဆေးဆေး ဖြစ်တယ်။ မိဘကလည်း အနုပညာသမား တစ်ယောက်ဖြစ် တဲ့အတွက် အနုပညာ အလုပ်မှာ ဘေးကနေ ထောက်ပံ့ပေးနိုင် တယ်။ အေးမြတ်သူတို့ တုန်းကဆိုရင် မော်ဒယ်မှာ နေရာတစ်နေရာ ရဖို့တောင် Step တွေ အများကြီးရှိတယ်။ အဲဒါ ကြောင့် အခုခေတ် သရုပ်ဆောင်သစ် တွေအနေနဲ့ ကြိုးစားဖို့ အခွင့်အရေး ပိုရရှိလာတယ်။ အေးမြတ်သူ အနေနဲ့ သူတို့ကို အားကျမိပါတယ်။ ဒါပေမဲ့ တစ် ခါတလေကျရင်ရှိတယ်။ ခက်ခက်ခဲခဲနဲ့ မယူခဲ့ရတဲ့အတွက် တန်ဖိုးမထားတာတွေရှိရင်လည်း ရှိကြမယ်။ အဲဒါတစ်ခုတော့ စိုးရိမ်တယ်။ ကျန်တာကတော့ အရာအားလုံး ပြည့်စုံပြီးသားပဲ"လို့ ပြောပါတယ်။
အနုပညာလောကကို မော်ဒယ်ဘဝနဲ့ စတင်ဝင်ရောက်လာခဲ့ပြီး သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ အတွက် ဆရာကောင်းသမားကောင်းတွေနဲ့ ကိုယ့် လမ်းကို ကိုယ်ရှာခဲ့ရကြောင်း ပြောတဲ့ အေးမြတ်သူက ...
"အေးမြတ်သူက အနုပညာ လောကမှာ အသိလည်းတစ်ယောက်မှ မရှိခဲ့ဘူး။ နောက်မှ အပြင်က ကိုယ်နဲ့ သိတဲ့အစ်မတစ်ယောက်က Agency တစ်ခုနဲ့ မိတ်ဆက်ပေးခဲ့တယ်။
အဲဒီက နေစပြီး မော်ဒယ်လောကရောက်ရှိခဲ့ပြီး ပြိုင်ပွဲတွေဝင်ပြိုင်ဖြစ်တယ်။ ပြိုင်ပွဲတွေ မှာလည်း ဆုတွေရရှိ ခဲ့တယ်။ Agency က ဦးချိုကြည်ကလည်း ဆရာ ဦးကျော်ဟိန်းနဲ့ အပ်ပေးခဲ့ တယ်။ကိုယ့်လမ်းကို ကိုယ်ရှာခဲ့ ရတယ်။ အေးမြတ်သူ ဆရာကောင်းသမား ကောင်းတွေနဲ့ တွေ့ခဲ့တယ်။ တချို့ရင် ဆရာကောင်းသမား ကောင်းတွေ မတွေ့ဘဲ လမ်းမှားရောက်သွားတာတွေရှိတယ်" လို့အခက် အခဲဆိုတာ နေရာတိုင်းမှာ ရှိတဲ့ အတွက် အခက်အခဲတွေကျော် လွှားနိုင်ရင် အဲဒီက တစ်ဆင့် ဘဝသင်ခန်းစာ၊ အတွေ့ အကြုံ တွေများစွာ ရရှိလာနိုင်ကြောင်း ပြောပါတယ်။
တွယ်တာ
Popular Journal
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...