ကိုကျော်ကျော်သိန်း
30.07.2013
တရားရုံးများကို မထီမဲ့မြင်ပြုမှု ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး ဇူလိုင်လ ၂၉ ရက်နေ့စွဲနဲ့ ပြဌာန်းလိုက်ပြီ ဖြစ်ပါတယ်။ ကိုလိုနီခေတ်က ‘အင်္ဂလိပ်’ ဘာသာနဲ့ ရှိခဲ့တဲ့ The Contempt of Courts Act ကို ရုပ်သိမ်းပြီး ‘မြန်မာ’ ဘာသာစကားနဲ့ အသစ် ပြဌာန်းလိုက်တာလည်း ဖြစ်ပါတယ်။ ဒီဥပဒေအပေါ် တရားရေး လောကသားတွေနဲ့ မီဒီယာလောကရဲ့ အမြင်တွေကို ကိုကျော်ကျော်သိန်းက မေးမြန်းစုစည်းပြီး ရန်ကုန်မြို့ကနေ သတင်းပေးပို့ခဲ့ပါတယ်။
အခုပြဌာန်းလိုက်တဲ့ တရားရုံးများကို မထီမဲ့မြင်ပြုမှု ဥပဒေဟာ အမှန်တကယ်လိုအပ်တဲ့ ဥပဒေတစ်ခု ဟုတ်ရဲ့လားဆိုတဲ့ အပေါ် တရားရေးလောကသားတွေအကြား အမြင်ကွဲပြားမှုရှိနေပါတယ်။ အများစုက ဒီဥပဒေဟာ တစိတ်တပိုင်းအားဖြင့် လိုအပ်တယ်လို့ ပြောကြပေမဲ့လည်း ကိုယ်တိုင်က ရှေ့နေတစ်ဦးလည်းဖြစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်တဲ့ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဒီဥပဒေကို မူကြမ်းဘ၀ကတည်းက ကန့်ကွက်ခဲ့ပြီး ပြင်ဆင်ဖြည့်စွက်ချက်တွေကိုလည်း တင်သွင်းခဲ့သူပါ။
ဒီဥပဒေဟာ ပြည်သူတွေကို ကာကွယ်တဲ့ဥပဒေမဟုတ်ဘဲ လက်တွေ့မှာ တရားသူကြီးတွေကို ကာကွယ်တဲ့ဥပဒေ ဖြစ်နေတယ်လို့ ပြောသလို သတင်းမီဒီယာတွေအပေါ် ကန့်သတ်ချက်တွေ ပြဌာန်းထားတာကိုလည်း ဦးသိန်းညွန့်က ထောက်ပြပါတယ်။
“ဒီဥပဒေကို ကျနော် ပယ်ဖျက်ဖို့၊ နောက် ပြင်ဆင်တဲ့အခါမှာလည်း ကျနော့် ပြင်ဆင်ချက် တပိုဒ်ပဲ အောင်မြင်တယ်ပေါ့။ ဒါကလည်း အရေးမပါတဲ့အပိုဒ်၊ အရေးပါတဲ့အပိုဒ်တိုင်း မအောင်မြင်ဘူး။ နောက်တခုက ကျနော်က ဒီဟာနဲ့ပတ်သက်ရင် ထောင်ဒဏ်ကို ပယ်ဖျက်ဖို့ ဒီနေ့ ဟိုဟာဖြစ်ရင် ထောင်ဒဏ်အစား ငွေဒဏ်ပဲ သတ်မှတ်ဖို့၊ ကျနော် တင်ခဲ့တယ်။ အဲ့ဒါလည်း မအောင်မြင်ခဲ့ဘူးဗျ။”
အဲဒီလိုဆိုပေမဲ့လည်း ဥပဒေသစ်ရဲ့ အခန်း ၃ မှာ ကင်းလွတ်ချက်များဆိုပြီး သတင်းမီဒီယာတွေအပေါ် ကင်းလွတ်ခွင့် ပေးထားတာတွေကတော့ ကောင်းတဲ့အချက်အဖြစ် ဦးသိန်းညွန့်က မြင်ပါတယ်။ ဦးသိန်းညွန့်ကိုယ်တိုင်က အရင်ရှိခဲ့တဲ့ The Contempt of Courts Act နဲ့ အရေးယူခံရပြီး ရှေ့နေလိုင်စင် ရုပ်သိမ်းခံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။
မှုခင်းတစ်ရပ်နဲ့စပ်လျဉ်းလို့ တရားမျှတပြီး မှန်ကန်တိကျခိုင်လုံတဲ့ အချက်အလက်တွေကို ရဖို့ဆိုရင် တရားရုံးသတင်းထောက်တွေကို ထားခွင့်ပြုဖို့လိုပြီး အဲဒီလိုရဖို့အတွက် တောင်းဆိုသွားမယ်လို့ မြန်မာဂျာနယ်လစ်ကွန်ယက်က တွဲဘက်အတွင်းရေးမှူး ၂ ဦးသန်းဌေးက ဗွီအိုအေကို ပြောပါတယ်။
“သတင်းထောက်တွေက တရားရုံးမှာ တရားဝင် သတင်းထောက်ဖြစ်ပြီးတော့ ကျနော်တို့ အသိအမှတ်ပြုပြီးတော့ လွှတ်တော်ထဲမှာ ၀င်ပြီး သတင်းယူခွင့်ရတဲ့ သတင်းထောက်လိုမျိုး တရားရုံးမှာ တရားဝင် သတင်းယူခွင့်ရတဲ့ သတင်းထောက်အဖြစ် ကျနော်တို့ကို သက်ဆိုင်ရာက အစိုးရပိုင်းက တိုင်းဒေသကြီးတို့ ပြည်နယ်တို့ကနေ တရားဝင် ကျနော်တို့ကို ကဒ်ပြားတွေ ပေးဖို့ ကျနော်တို့ ဆက်တောင်းဆိုမှာပါ။ အဲ့ဒါဆိုရင် စောစောက ပွင့်လင်းမြင်သာတဲ့ သတင်း တရားစီရင်ရေးဖြစ်ပြီးတော့ အရင်တုန်းက တရားရုံးရဲ့ တရားဝင် သတင်းထောက်တွေ ဖြစ်ပြီးလို့ရှိရင် ကျနော်တို့ စောစောကပြောတဲ့ တရားသူကြီးနဲ့ ရှေ့နေတွေက အချက်အလက်အမှန်တွေ ကျနော်တို့ကိုပေးရင် သေချာတယ် ကျနော်တို့က ရေးသားတာကိုလည်း အမှုစီရင်ဆဲမှာ တရားမျှတပြီး မှန်ကန်တိကျ ခိုင်လုံတာကို အထောက်အထားနဲ့ ရေးနိုင်တယ်။ အမှုစီရင်ပြီးရင်လည်း ဝေဖန်ချက်တွေ၊ အကြံပြုတဲ့ ဆောင်းပါးတွေ သေချာရေးနိုင်ပါလိမ့်မယ်။”
The Contempt of Courts Act နဲ့ အရေးယူခံရပြီး ၂၀၀၈ ခုနှစ်တုန်းက ထောင် ၄ လ ကျခဲ့သလို ရှေ့နေလိုင်စင်လည်း ရုပ်သိမ်း ခံခဲ့ရဖူးသူ နောက်တစ်ဦးကတော့ တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်သိန်းပါ။ ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှုဆိုတဲ့ ပြဌာန်းချက် ထဲက မှန်ကန်လွတ်လပ်စွာ တရားစီရင်ရေးအပေါ် အများပြည်သူက ယုံကြည်ကိုးစားမှု လျော့နည်းစေရန် တနည်းနည်းဖြင့် ပြုလုပ် ခြင်းဆိုတာမှာ ယုံကြည်ကိုးစားမှု လျော့နည်းစေတယ်ဆိုတာက ဘယ်လိုအတိုင်းအတာကို ပြောတာလည်းဆိုတာ ရှင်းရှင်းလင်း လင်းမရှိဘူးလို့ ဦးအောင်သိန်းက ထောက်ပြပါတယ်။
“ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို အဓိကထားပြီး အကာအကွယ်ပေးတာထက် သူတို့ရဲ့ ပုဂ္ဂလိက သြဇာအာဏာသက်ရောက်နိုင်ဖို့အတွက် အကာအကွယ်ယူတဲ့ ဥပဒေတွေက ထုတ်ပြန်တာ ပိုများတယ်။ ဒါကြောင့် ကျနော်တို့က န၀တ၊ နအဖ ဥပဒေပြန်ကြည့်ရင် သူတို့က အဲ့ဒီပုံသဏ္ဍန်နဲ့ ဥပဒေတွေ ပြဌာန်းခဲ့တာ ကျနော်တွေ့ရတယ်။ ယခုလည်း ကျနော်တို့ အဲ့ဒီလိုပဲ ဆက်လက်ပြဌာန်းဦးမယ်ဆိုရင် ကျနော်တို့ ဘယ်လိုလုပ် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ သွားနေတဲ့ ဗမာနိုင်ငံလို့ ပြောလို့ရမလဲ။”
ဥပဒေဆိုင်ရာ စကားလုံးတွေဟာ အမြဲတမ်း အငြင်းပွားစရာရှိပြီး လိုသလိုဆွဲယူဖို့ ပြဌာန်းထားတာမျိုးတော့ ဟုတ်ပုံမရဘူးလို့ မြင်သူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ရှေ့နေကြီးဦးဉာဏ်ဝင်းပါ။ တရားရုံးတွေမှာ စိတ် အနှောင့်အယှက် ဖြစ်လောက်တယ်ဆိုရင် အဲဒါဟာ မထီမဲ့မြင်ပြုရာရောက်ပြီး အရင်တုန်းကလည်း ဒီလိုပါပဲလို့ ဦးဉာဏ်ဝင်းက ပြောသလို ဥပဒေကို မြန်မာဘာသာနဲ့ပြဌာန်းတာက ပိုပြီး လွယ်ကူလာတယ်လို့ ပြောပါတယ်။
“သတင်းမီဒီယာတွေက အခု အဓိကကြည့်လိုက်ရင် နှစ်မျိုး၊ တမျိုးက သတင်းမီဒီယာရဲ့ လွတ်လပ်ခွင့်ကို အသိအမှတ်ပြုတယ်။ နောက်တမျိုးက တရားရုံးက လုပ်ရမယ့် ဆုံးဖြတ်ရမယ့်ကိစ္စကို ကြိုတင်ဝေဖန်လို့ မရဘူး။ ကျန်တဲ့အကြောင်းအရာကို ဝေဖန်လို့ရပါတယ်။ ကောင်းတယ်၊ မကောင်းတယ်ဆိုတာကတော့ ပိုပြီးတော့ မြန်မာလိုလည်း ဖြစ်လာတယ်။ Definition လည်း တခါတည်းထည့်ထားတော့ ပိုမို လွယ်ကူတယ်လို့တော့ ပြောရင်ရပါတယ်။”
အခုပြဌာန်းလိုက်တဲ့ ဥပဒေအရ တရားရုံးကို ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရရင် အဲဒီလူကို ၆ လထက်မပိုတဲ့ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁ သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမှာ ဖြစ်ပါတယ်။
တရားရုံးကို တရားမဆိုင်ရာ မထီမဲ့မြင်ပြုမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရသူကို ကျပ် ၁ သိန်းထက်မပိုတဲ့ ငွေဒဏ် ချမှတ်ရမှာဖြစ်ပြီး ငွေဒဏ်ချမှတ်ရုံနဲ့ မလုံလောက်ဘူးလို့ ယူဆရင် ၃ လထက်မပိုတဲ့ တရားမထောင်ဒဏ်ကို ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
VOA>>>
သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...
မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်...
ရွှေ မြန်မာတို့
အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
မင်းကျေနက်ဖို့
မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်...
Subscribe to:
Post Comments (Atom)
တင်ပြီးသား post များ
-
►
2014
(18)
- ► 10/19 - 10/26 (18)
-
▼
2013
(4683)
- ► 11/17 - 11/24 (1)
- ► 09/29 - 10/06 (42)
- ► 09/22 - 09/29 (187)
- ► 09/15 - 09/22 (231)
- ► 09/08 - 09/15 (288)
- ► 09/01 - 09/08 (239)
- ► 08/25 - 09/01 (188)
- ► 08/18 - 08/25 (243)
- ► 08/11 - 08/18 (243)
- ► 08/04 - 08/11 (231)
-
▼
07/28 - 08/04
(293)
- ငရဲပြည် အတွေ့အကြုံ (တစ်ကယ့်ဖြစ်ရပ်မှန်)
- အထီးကျန်စိတ်ကို ဘယ်လိုဖျောက်ရပါလိမ့်
- ကွဲနေတဲ့အသဲကို ဘယ်လိုကုစားနိုင်မလဲ
- """ မိဘများ စဉ်းစားကြဖို့ပါ """
- Samsung Galaxy Tab 3 မြန်မာနိုင်ငံတွင် ရက်ပိုင်းအတ...
- သီတဂူဆရာတော်ဟောတဲ့ စစ်သား အကြောင်း
- မိန်းကလေး စိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ ချစ်ကြို...
- ကမ္ဘာ့ပထမဆုံး လွဲယိမ်းနိုင်သော တံတား
- ကလေးငယ် တစ်ယောက်နဲ့  တူတဲ့ ကျွဲကလေး တစ်ကောင်မွေးဖွား
- မိန်းကလေး တစ်ဦး ၁ ထပ်အမြင့်မှ ပြုတ်ကျသော် လည်း အသ...
- သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် သုံးထပ်ဆောင်ပေါ်မှ အမျို...
- ရမည်းသင်းမြို့ မွတ်စလင်မ် သုဿာန်(ကဘာရ်စတာန်) အားေ့...
- ပန်းဘဲတန်းမြို့နယ်ရှိ နှစ်လုံး/သုံးလုံးလောင်းကစားဒ...
- တက္ကသိုလ်ဝင်ခွင့်အမှတ်စာရင်းများထုတ်ပြန်
- တရုတ်၏လွှမ်းမိုးမှုကို ထိန်းညှိရန်အတွက် အိန္ဒိယက မြန်...
- ငွေသိန်း ခြောက်ဆယ်ကျော် ပျောက်ဆုံးမှု ရှာဖွေ ဖမ်းဆ...
- မယ်တော်ဆေးခန်း ရေလွှမ်း၍ လူနာများ ရွှေ့ပြောင်းထားရ
- စားသုံးရန် မသင့်သော ဖမ်းဆည်းရမိသည့် ကုန်ပစ္စည်းများ...
- ဖလမ်းတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက် ငါးဦး သေဆုံး
- ကုန်သင်္ဘော ခါးကျိုးပြီး ဧရာဝတီမြစ်အတွင်း နစ်မြုပ်
- လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ CP ကြက်အ...
- ရခိုင် ၅ ဦးကို ထောင်ဒဏ်တွေ ချမှတ်
- တနင်္သာရီမြစ်ရေမှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်သွားပြ...
- အပျို၊အပျိုစစ်နှင့် အပျိုစင်
- နံနက်ပိုင်း သံပရာရေ နွေးနွေးသောက်ခြင်း၏ အကျိုးကျေး...
- တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူခြင်း၏ ဆိုးကျိုး
- ဗုဒ္ဓဂယာ ဘုရားဖူးခရီးသည် မြင့်တက်လာစေရန် သွယ်ဝိုက်ခ...
- ဓာတုဇီဝနည်းပညာများဖြင့် ပြင်ဆင် ဖန်တီးထားသော စားသေ...
- လယ်ယာသုံး ဓာတုဆေးများကြောင့် သဘာဝသားငါးများ ရှားပါးလာ
- ၅ သောင်းကျော်ကို ဆရာဖြစ်ဆွဲခန့်လိုက်ပြီ
- မူးယစ်ဆေးဖမ်းရာက လက်နက်များပါ ဖမ်းမိ
- ၈၈၈၈ နှစ်ပတ်လည်တွေကို နားခါး မျက်စိခါးနေတဲ့ ဆုဝေ
- အမေ့ခံ
- မြန်မာ လူပွဲစားဂိုဏ်းချုပ် ဆိုသူကို ထိုင်းရဲက ဖမ်း...
- မြန်မာ့လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး ကန်ဒေါ်လာ သန်း ၁၄၀ က...
- မြန်မာ့တပ်မတော် ခေတ်မီရေး အမေရိကန် ကူညီမည်
- အင်တာနက်ကြောင့် လူမှုဆိုးကျိုးများ ဖြစ်ပွားနိုင်
- ဆီးဂိမ်းအတွက် ပဏာမကစားသမား ၃၀ ဦး စာရင်းထုတ်ပြန်
- ကရင်ပြည်နယ်ရှိ ရေဘေးသင့် နေရာများသို့ ဒုတိယသမ္မတ ဦ...
- လူငယ်တွေအိမ်ထောင်ပြုတော့မယ်ဆိုရင်
- နေအိမ်အတွင်း ပိတ်လှောင်ထားသည်ဟုဆိုကာ မိခင်က သားသမီ...
- ၂ နှစ်အတွင်း ကားဈေး ထက်ဝက်နီးပါး ထိုးကျနိုင်
- မလေးရှားရောက် မြန်မာအလုပ်သမားများ အလိမ်ခံရ
- ချစ်သူသိစေ
- အချစ်ဆိုတာ.....
- ဆီးဂိမ်း ကျင်းပရန် လေးလကျော်သာ လိုတော့သော်လည်း မြန...
- ပြင်ဦးလွင် ၁၉ မိုင်အနီးဝန်းကျင်က ရေသည်အချို့ အဖမ်...
- တစ်ကိုယ်တော် ဆန္ဒပြသူ ဦးထင်ကျော်ပုဒ်မ ၅၀၅ ( ခ ) ဖြ...
- အလုပ်ပိတ်ရက် မြန်မာပြည်ပြန်လည်မည့်သူများကို လေကြော...
- Taxi အငှားကား စီးသူများသတိထားရန်
- ဖေ့စ်ဘုတ်မှာ နိုင်ငံတော်အစိုးရနှင့် -အင်တာနက်သုံးတ...
- ဘင်္ဂလာဒေခ်ျ့နယ်စပ်သို့ ကျည်ဆံခိုးပို့သူ ကျည်ဆံများန...
- ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင်ဦးဂမ္ဘီရ သြစတေလျ ...
- ” မန္တလေး မြို့မိမြို့ဖများ ကျွန်မ တို့ မိန်း မလျာေ...
- ဟန်းဖုန်း ခေါင်းအုံး မအိပ်ပါနှင့်
- ကျောင်းသူက ကားတက်မောင်းပြီး ယာဉ်တိုက်မှု တောက်လျှော...
- ကြံခင်းမြို့၌ ဆွဲကြိုး ချသေဆုံးမှုဖြစ်ပွား
- တပ်မတော်(ရေ)နှင့် အနာဂတ် ရေငုပ်သင်္ဘောတပ်ဖွဲ့
- ဗမာအိမ်မှာ ဗမာတွေ မနေရဲတော့ပြီလော
- ထိုင်းအပြည်ပြည်ဆိုင်ရာ ဂျူဒိုဖိတ်ခေါ်ပြိုင်ပွဲတွင် ...
- တစ်ကိုယ်တော် အခွေကို အွန်လိုင်း ကနေ အလကား ဖြန့်မယ်
- စန္ဒကူးကျောင်းတော်ရာ ဘုရားကို ဘုရားဖူးငါးများ ရောက်...
- မန္တလေးတွင် အင်အား အနည်းငယ်ရှိ ငလျင် နှစ်ကြိမ် ဆက်တ...
- စားသုံးသူများ တိုင်ကြားပါက စားသုံးသူရေးရာ ဌာနခွဲေ...
- ဗုဒ္ဓဂယာ မဟာဗောဓိစေတီနှင့် လုမ္ဗိနီတို့သို့ မိုဘိုင်...
- လူရွှင်တော် ပါပါလေး ကွယ်လွန်
- ဘင်္ဂါလီ လူဦးရေစာရင်း ကောက်နိုင်ရန် လူ့အခွင့်အရေးကေ...
- သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် သုံးထပ်ဆောင်ပေါ်မှ အမျို...
- အရှင်မွေး နေ့ချင်းကြီးစေ
- ဆံပင်ညှပ်ဆရာ၏လက်လုပ်လေယာဉ်ပျံ တရုတ်ကောင်းကင်ယံတွင်...
- နှစ်ငါးရာ ကြာအောင် ရေခဲပြင်အောက်မှာ မြုပ်ကွယ်နေတဲ့...
- အပစ်ရပ်ဆွေးနွေးရန် မြောက်ပိုင်းကျောင်းသား ကိုယ်စား...
- ရေကြည်၌ လယ်ဧကတစ်သောင်းကျော်နှင့် လူနေအိမ်များ ရေနစ...
- မင်းဓမ္မပန်းခင်းဈေးတွင်စည်ပင်နှင့် ဈေးသည်တို့ ပဋိ...
- အချစ် ပုစ္ဆာကြီး (၅)ခု
- အစ္စလာမ်ပါတီတစ်ခုကို ဘင်္ဂလားဒေ့ရှ်က တရားမဝင်ပါတီ သတ်...
- ၂၀၁၃ ခုနှစ် ကာကွယ်ရေး ဦးစီးချုပ်(ရေ) တံခွန်စိုက်ဒု...
- ရေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ တပ်မ...
- ရှစ်လေးလုံး ဖြစ်ရပ်မှန် (၁၀)
- မြဝတီရေကြီးရခြင်းမှာ ထိုင်းမှ ဆည်ဖောက်ချသောကြောင့်...
- ကိုယ်ဝန်တားဆေး Ecee 2 ယဉ်ကျေးမှုနှင့် ရန်ကုန်
- ၈၈ လေးလုံး ငွေရတု ဗကသ တက်ရောက်မှာ မဟုတ်
- ရှစ်လေးလုံး ငွေရတု မတိုင်ခင် ၈၈ ကျောင်းသား နှင့် ဗ...
- မြန်မာ့ကျန်းမာရေး အလားအလာကောင်း
- ပေါ့ပ်အဆိုတော် ဂျပ်စတင်ဘီဘာ၏ ဘတ်စ်ကားပေါ်တွင် ဆေြးေ...
- ရှစ်လေးလုံး ဖြစ်ရပ်မှန် (၉)
- ဘီးလင်း စံချိန်တင်ရေကြီးမှု ကျေးရွာ၂၀ ကျော်ရေမြုပ်ြ...
- ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့...
- ရှစ်လေးလုံး ဖြစ်ရပ်မှန် (၈)
- မန်းတွင် ငွေကျပ် ၁၃၂ သန်းတန်သည့် မူးယစ်ဆေးများ ဖမ်းမိ
- ဂွာတာနာမိုရှိ အကျဉ်းသားများ လွတ်မြောက်ရန် အယ်လ်ကေး...
- မီးပွိုင့်မှာ GTC အခွေတွေ လိုက်ရောင်းနေတယ်
- စီဒီအမ်အေ မိုဘိုင်းလ်ဖုန်းများ ကျပ်ငွေဖြင့် ပြည်ပေ...
- မီဒီယာများ ဘက်လိုက်ရေးသားသဖြင့် ရခိုင်ပြည်နယ် ပဋိပ...
- မျိုးစောင့်ဥပဒေကို လွှတ်တော်မှာ ကိုယ်စားပြု တင်ပြမှ...
- နားမလည်သော ပြည်သူများအား တန်ဆာခံအဖြစ် ပြုလုပ်သည့် ...
- မြောက်ဦးတွင် ဆရာဝန်အိမ်ကို ဝင်ခိုးသည့်အမှု နာရီပို...
- မသန်စွမ်းများအတွက် ဘတ်ဂျက်ခွဲတမ်း ချပေးမည်ဟု လွှတ်ေ...
- ဘာသာရေးနဲ့ နိုင်ငံရေး အကြား စည်းတားဖို့ သမ္မတဦးသိန...
- ဘာလဲဟဲ့ စစ်တပ် ??
- မြန်မာစစ်အရာရှိတွေနဲ့ ဆက်ဆံရေးစဖို့ အမေရိကန်ပြင်ဆင်
- ရန်ကုန်တွင် အလိုအလျောက်အမှိုက်သိမ်းယာဉ် များဖြင့် သ...
- ရေဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်...
- ကရင်ပြည်နယ်ရေကြီးမှု ဒုက္ခသည် နှစ်သောင်းကျော် သို့ရေ...
- နိုင်ငံခြားသားများ ပုဂံတွင်မရိုက်ရဲနိုင်လောက်သော ...
- "ဗြိတိန်တွင် ညစ်ညမ်းဝက်ဘ်ဆိုက်များကို ပိတ်ပင်သွားေ...
- ဆူးလေစေတီတော် သမိုင်း
- ဘီးလင်း စံချိန်တင်ရေကြီးမှု ကျေးရွာ၂၀ ကျော်ရေမြုပ်ြ...
- ပုလဲ
- ယာဉ်မောင်းလိုင်စင် ဗုံးပေါလအော ထုတ်ပေးခြင်း မပြုတေ...
- ဆီးချိုရောဂါအကြောင်း သိကောင်းစရာများ
- အင်ဒိုနီးရှားမှာ ရိုဟင်ဂျာ ၁၄ ယောက်ကို ရုံးထုတ်စစ်ဆေး
- ၁-၈-၂၀၁၃ သေမင်းတမန် တောင်တွင် ထူးဆန်းသောရောဂါကြောင...
- ဝါတွင်းကာလမှာ ကျွန်တော်တို့ မြတ်ဗုဒ္ဒဘာသာဝင်သူတော်စ...
- ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့်မပေးလျှင...
- တေးသံရှင် အေသင်ချိုဆွေ ရဲ့ မွေးနေ့
- ရေပူ၊ရေအေးထည့်ရုံနဲ့ ဖုန်းအားသွင်းနိုင်မယ့် onEPuck
- အခြေခံငါးမွေးမြူရေး လုပ်ငန်းများ ထုတ်လုပ်မှု လျော့န...
- အမေရိကန်အကျဉ်းထောင်အခန်းအတွင်း လေးရက်ကြာပစ်ထားခံရသ...
- မြန်မာနိုင်ငံကို တိုက်ခိုက်ဖို့ကြိုးစားနေတဲ့ မူဆလင...
- သားမယားအဖြစ် နေထိုင်ဆက်ဆံခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဗ...
- လိင်အလုပ်သမများ လူ့အခွင့်အရေး တန်းတူရရန် တောင်းဆို
- သန်လျင် GTC က အတွဲကိစ္စ ဘယ်သူ့မှာ တာဝန်ရှိသလဲ
- အိမ်မွေးခွေးက ပိုင်ရှင်ရဲ့ ဝှေးစေ့ကို ကိုက်စား
- ပြည်သူများ မိုးဒဏ်ရေဒဏ်ခံနေရချိန်တွင် နိုဗယ်ဆုရှင်...
- အာဖရိကတိုက်တွင် အမျိုးသမီး သန်း ၁၀၀ ကျော်သည် မိသား...
- ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့်မပေးလျှင...
- မြန်မာဗုဒ္ဓဘာသာတွေကို နာဇီတွေဆိုပြီး နာမည်ဖျက်ခဲ့တဲ...
- ► 07/21 - 07/28 (187)
- ► 07/14 - 07/21 (219)
- ► 07/07 - 07/14 (234)
- ► 06/30 - 07/07 (167)
- ► 06/23 - 06/30 (316)
- ► 06/16 - 06/23 (177)
- ► 06/09 - 06/16 (224)
- ► 06/02 - 06/09 (127)
- ► 05/26 - 06/02 (155)
- ► 05/19 - 05/26 (132)
- ► 05/12 - 05/19 (106)
- ► 05/05 - 05/12 (86)
- ► 04/28 - 05/05 (56)
- ► 04/21 - 04/28 (61)
- ► 04/14 - 04/21 (49)
- ► 04/07 - 04/14 (49)
- ► 03/31 - 04/07 (33)
- ► 03/24 - 03/31 (34)
- ► 03/17 - 03/24 (11)
- ► 03/10 - 03/17 (11)
- ► 03/03 - 03/10 (5)
- ► 02/24 - 03/03 (11)
- ► 02/17 - 02/24 (1)
- ► 02/10 - 02/17 (6)
- ► 02/03 - 02/10 (15)
- ► 01/27 - 02/03 (3)
- ► 01/20 - 01/27 (7)
- ► 01/13 - 01/20 (6)
- ► 01/06 - 01/13 (9)
-
►
2012
(82)
- ► 12/30 - 01/06 (8)
- ► 12/23 - 12/30 (10)
- ► 12/16 - 12/23 (7)
- ► 12/09 - 12/16 (3)
- ► 12/02 - 12/09 (2)
- ► 11/25 - 12/02 (1)
- ► 11/18 - 11/25 (18)
- ► 11/11 - 11/18 (25)
- ► 08/12 - 08/19 (1)
- ► 03/04 - 03/11 (1)
- ► 02/26 - 03/04 (1)
- ► 02/19 - 02/26 (1)
- ► 02/05 - 02/12 (3)
- ► 01/22 - 01/29 (1)
-
►
2010
(9)
- ► 12/05 - 12/12 (1)
- ► 11/28 - 12/05 (2)
- ► 11/07 - 11/14 (5)
- ► 10/31 - 11/07 (1)



No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...