Pages

Saturday, July 20, 2013

"ရွှေလုပ်ကွက် ကြွေးကျန်များအစိုးရထံသို့ ၂ဝ၁၅ အပြီးပေးချေရမည် "

ပြည်နယ်နှင့်တိုင်းဒေသကြီး ၈ ခုရှိ ရွှေလုပ်ကွက်များမှ နိုင်ငံတော်သို့ပေးသွင်းရန် ကျန်နေသော ရွှေ၃၉၉၂၁ ကျပ်သားကျော်ကို လက်ရှိအစိုးရသက်တမ်း မကုန်ဆုံးမီ ပေးသွင်းရမည်ဟု ဆုံးဖြတ်ထားကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ အတွင်းရေးမှူးဦး မောင်တိုးက ပြောသည်။

”၂ဝ၁၄-၂ဝ၁၅ ခုနှစ် မတ်လလောက်ကို အပြီးပေးသွင်းဆောင်ရွက်ဖို့ လုပ်ထားပါတယ်” ဟု ဦးမောင်တိုးက ဆိုသည်။ ပြီးခဲ့သည့် ၂ဝဝ၇ ခုနှစ်မှစ၍ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်အထိ ရွှေတူး ဖော်ရေးကုမ္ပဏီများကနှစ်စဉ် ပေးသွင်းရမည့်ကြွေးကျန်များဖြစ်ပြီး ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်လုပ်ကိုင်ထားခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ ရွှေလုပ်ကွက်များ၏ လုပ်ကိုင် ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရွှေထုတ်လုပ်မှု ကြွေးကျန်များကို လိုအပ်သလို အရေးယူဆောင်ရွက်ရန် သတ္တုတွင်းဝန်ကြီးဌာနမှ ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီသို့ ပေးပို့တင်ပြခဲ့သော ကြောင့် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် လုပ်ငန်းရှင်များကိုမေးမြန်းကြားနာခဲ့ကြောင်း၊ ယင်း ရွှေလုပ်ကွက်များတွင် ပြည်တွင်းလုပ်ငန်းရှင်များသာ လုပ်ကိုင်ခွင့်ပေးထားခဲ့ခြင်းဖြစ်သောကြောင့် ပြည်ပ လုပ်ငန်းရှင်များ မပါဝင်ကြောင်း ငွေစာရင်းကော်မတီမှ သိရသည်။

”ကြွေးကျန်ကုမ္ပဏီတချို့ကလည်း ပျက် ကုန်ပြီ။ မလုပ်တော့ဘူး။ လုပ်ကိုင်ခွင့်ပေးခဲ့တာ ကလည်း ၂ဝဝ၇-၂ဝဝ၈ ကတည်းကဆိုတော့ မရှိတာတွေ မရှိတော့ဘူး” ဟု ဦးမောင်တိုးက လတ်တလောအခြေအနေကို သုံးသပ်ပြောကြားသည်။

ရွှေလုပ်ကွက်များ တူးဖော်လုပ်ကိုင်ခွင့်ကို ၁၉၉၄ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် မြန်မာ့သတ္တုတွင်း ဥပဒေ(နိုင်ငံတော် ငြိမ်ဝပ်ပိ ပြားမှုတည်ေ ဆာက်ရေးအဖွဲ့ ဥပဒေအမှတ် ၈/၉၄) နှင့်အညီ ၁၉၉၇-၉၈ ခုနှစ်မှစကာ အကြီးစားရွှေထုတ်လုပ်မှုအဖြစ် နိုင်ငံတော်နှင့်ဖက်စပ်လုပ်ကိုင်ရန်၊ အသေးစားရွှေထုတ်လုပ်မှု အဖြစ် နိုင်ငံတော်နှင့်ဖက်စပ်လုပ်ကိုင်ရန်နှင့်လက်လုပ်လက်စား ရွှေထုတ်လုပ်မှုအဖြစ် ပုဂ္ဂလိကမှလွတ်လပ် စွာ ထုတ်လုပ်ရန်ဟူ၍ ခွင့်ပြုပေးထားခဲ့ကြောင်း သိရသည်။

လုပ်ငန်းရှင်များကို စိစစ်မေးမြန်းရာတွင် ပြည်တွင်းရွှေလုပ်ကွက်များအတွင်းရွှေသတ္တုတူး ဖော်ရာ၌ အခြား သတ္တုများကဲ့သို့ စမ်းသပ်ကာလ မရှိခြင်း အရင်းကျေကာလ ကြာမြင့်ခြင်း၊ ဒေသ အလိုက်မိုးများသောဒေသ များတွင် ရေလွှမ်းမိုးမှုများရှိခြင်း၊ ရေပန်းအသုံးပြုလုပ်ကွက်များတွင် လုပ်ငန်းသုံးရေမရရှိခြင်းနှင့်အချို့သော ရွှေ လုပ်ကွက်များတွင် တစ်နှစ်လျှင် ခြောက်လခန့်သာ အလုပ်လုပ်ကိုင်နိုင်ခြင်းများကို ကော်မတီသို့ တင်ပြ ခဲ့ကြောင်း သိရသည်။

ရွှေလုပ်ကွက်များမှ လုပ်ကိုင်သည့် လုပ်ငန်းရှင်များသည် လက်ရှိတွင် တဖြည်းဖြည်း လျော့ နည်းလာပြီး ယခင်ကရွှေလုပ်ကွက် ၁၃၆၆ ကွက် ရှိရာမှ ၇၇၉ ကွက်သာ ကျန်ရှိတော့ကြောင်း၊ ထို့ ကြောင့် နိုင်ငံတော်မှ အရင်းအနှီး တစ်စုံတစ်ရာ ထည့်သွင်းခြင်းမရှိဘဲ ထုတ်လုပ်မှုအပေါ် ခွဲဝေ သည့် စာချုပ်ချုပ်ဆို၍ ရွှေကြမ်း များ ရယူနေခြင်းကို ပြန်လည်သုံးသပ်သင့်ပြီး ထုတ်လုပ်ခွဲဝေသည့် စနစ်တွင် စောင့်ကြည့်ရန် ဝန်ထမ်းများ ထားရှိ သောကြောင့် ကုမ္ပဏီ များပြားလာသည်နှင့်အမျှ ဝန်ထမ်းဦးရေ မလုံလောက်ခြင်း၊ ဝန်ထမ်းများကို အဂတိလိုက်စားရန် ဖန်တီးသည့်အခြေ အနေ ဖြစ်ပေါ်စေခြင်းတို့ကြောင့် ယင်းစနစ်ဖြင့် ဈေးကွက်စီးပွားရေး စနစ်ကိုမကျင့်သုံးသင့်ကြောင်း ပြည်သူ့ငွေစာရင်းကော်မတီမှသုံးသပ်ချက် စုစု ပေါင်းရှစ်ချက်ကိုပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားကြောင်း သိရသည်။

အောင်ထက် (NYK)
Popular Myanmar News Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...