
'မိုနိုပိုလီ' တစ်ကိုယ်တော်စီးရီး နဲ့ ပရိသတ်တွေရဲ့ အားပေးမှုအခိုင် အမာရရှိထားသူဖြစ်တဲ့ မိစန္ဒီက ဒု တိယတစ်ကိုယ်တော်အခွေ အတွက်သီချင်းတွေ ရေး ဖြစ်နေရာ သီချင်း ၃ပုဒ်ရေးပြီး သွားပြီလို့ ဆိုပါ တယ်။
ဒုတိယစီး ရီးရဲ့ ခေါင်းစဉ်က 'ပစ်တိုင်းထောင်' လို့ နာမည်ပေးထားကြောင်း မိစန္ဒီ က "ညီမဒုတိယခွေtitle ကိုတော့ 'ပစ် တိုင်းထောင်' လို့နာမည်ပေးထားတယ်။ အဲဒီသီချင်းကို ညီမကိုယ်တိုင် ရေး ထားတဲ့ သီချင်းလေးဖြစ်တယ်။ အဲဒီ
သီချင်းလေးရဲ့ အဓိပ္ပာယ်က ဘဝအကြောင်းရေးထားတာပါ။ အခု လောလော ဆယ်တော့ သီချင်း ၃ ပုဒ်ပဲရှိသေးတယ်။ ဒီဒုတိယစီးရီး မှာ ညီမကိုယ်တိုင်ရေးထားတဲ့သီချင်း တွေ တစ်ဝက်ကျော်လောက်ပါမှာပါ" လို့ ပြောပါတယ်။
ပထမဦးဆုံးတစ်ကိုယ်တော်စီး ရီးဖြစ်တဲ့ 'မိုနိုပိုလီ' က ပရိသတ်တွေ ကြားမှာအောင်မြင်မှု ရရှိထားတဲ့ အတွက် ဒုတိယစီးရီး 'ပစ်တိုင်း ထောင်' ကိုပရိသတ်အားပေးမှု လျော့ မသွားအောင်ဘာတွေ ပြင်ဆင်သွား မလဲဆိုတာနဲ့ပတ်သက်ပြီး မိစန္ဒီ က "အခုထွက်မယ့် ဒုတိယ စီးရီးက လူငယ်ပိုဆန်သွားမယ်။ အရင်ခွေ ထက်စာရင်တော့ အတွေ့အကြုံအရ နည်းနည်းလေးပိုသိလာတယ်။ ပထမ ခွေကအောင်မြင်ခဲ့တဲ့အတွက် ဒုတိယ ခွေမှာ တာဝန်ပိုကြီး သွား တယ်။ ဒုတိယခွေ ကို ပရိသတ်တွေ ပိုလက်ခံပြီး အရင်ခွေထက် ပိုကြိုက် အောင် လုပ်သွားမယ်။ အခုသီချင်း ရေးတာကအစ တာဝန်ကြီးတယ်" လို့ပြောပါတယ်။
တွယ်တာ
Popular Journal
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...