သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, July 31, 2013

လာဘ်စားမှုအများဆုံးကျောင်း ၁၉ကျောင်းစာရင်း တရားဝင်ထုတ်ပြန်ထားသည်ဆိုသည်မှာမဟုတ်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးဦးဉာဏ်ထွန်းဦးပြောကြား

အွန်လိုင်း သတင်းစာမျက်နှာတစ်ခုတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအ ဖွဲ့ကထုတ်ပြန်ထားသည်ဟူ ၍ ဖော် ပြထားသော လာဘ်စားမှုအများ ဆုံးကျောင်း ၁၉ ကျောင်းစာရင်း မှာ တရားဝင်ထုတ်ပြန်ထားခြင်း မဟုတ်ဟု အဆိုပါတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးတစ်ပါးဖြစ်သူ ဦးဉာဏ်ထွန်းဦးက ပြောသည်။
အဆိုပါလာဘ်စားမှုအများ ဆုံးကျောင်းများ၏ အမည်စာရင်း များကို ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့က တရားဝင်ထုတ်ဖော်ပြော ကြားထားခြင်းဖြစ်သည်ဟု မီဒီယာတစ်ခုမှ ဖေ့စ်ဘွတ်စ်စာမျက်နှာ တွင် ဖော်ပြ ထားခြင်းဖြစ်သည်။


ဝန်ကြီးဦးဉာဏ်ထွန်းဦးက ''အဲဒါကို တိုင်းဒေသကြီး အစိုးရ အဖွဲ့က မထုတ်ပြန်ထားပါဘူး။ သ တင်းအမှားတွေပါ။ ထုတ်ပြန်တဲ့ သူတွေက တခြားတစ်ယောက် ယောက်ကို မေးရင်းဖော်ပြလိုက် တာဖြစ်မှာပါ''ဟု ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက် ပြီး နေပြည်တော်ပညာရေးဝန်ကြီး ဌာနရုံးသို့ဆက်သွယ်မေးမြန်းရာ ယင်းတို့၏ဝန်ကြီးဌာနရုံးသို့ တရား ဝင်အကြောင်းကြားစာမရောက် သေးသဖြင့် မသိရှိသေးဟု တာဝန် ရှိသူတစ်ဦးကပြောသည်။

အွန်လိုင်းတွင်ဖော်ပြထား သော ကျောင်း ၁၉ ကျောင်း၏ အမည်စာရင်းမှာ အထက်တန်း ကျောင်းမင်္ဂလာဒုံ(၂)၊ ဒဂုံ(၁)၊ ဗိုလ် တထောင်(၄)၊ ဗိုလ်တထောင် (၅)၊ ကမာရွတ်(၂)၊ ရန်ကင်း (၂)၊ လမ်း မတော်(၂)၊ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း (TTC)၊ လသာ(၂)၊ ဗဟန်း(၂)၊ စမ်းချောင်း(၂)၊ အလုံ(၄)၊ အင်း စိန်(၂)၊ တာမွေ(၄)၊ ကမာရွတ် (၅)၊ အလယ်တန်းကျောင်းတွင် ပန်းဘဲတန်း(၁)၊ အခြေခံပညာမူလ တန်းကျောင်းများတွင် ကမာရွတ် (၂)၊ ဗဟန်း(၂)၊ ဗဟန်း (၃)တို့ဖြစ် သည်ဟု ဖော်ပြထားသည်။

ယင်းနှင့်စပ်လျဉ်း၍ ဗဟန်း မြို့နယ်လက်ထောက်ပညာရေး မှူးဦးတင်ဖုန်းက ''ကျောင်းအုပ်ကြီး ၁၉ ဦးကို ပညာရေးဝန်ကြီးဌာနက နေပြီးခဲ့တဲ့နှစ်က ခေါ်တွေ့တာမျိုး ရှိတယ်။ ဒါကလဲ ကျောင်းတွေက နာမည်ကြီးနေတဲ့အတွက် လာဘ် စားမှုတွေမရှိအောင် ထိန်းထိန်း သိမ်းသိမ်းလုပ်ဆောင်ကြဖို့အ တွက်ပါ။ ဒီလိုအနေနဲ့ခေါ်တွေ့ တာမျိုးပဲရှိပါတယ်။ အခုလာဘ် စားတယ်ဆိုပြီး သတင်းတက်လာ တယ်ဆိုတာကလဲ ဖွလိုက်တာလို့ပဲ ထင်တယ်''ဟု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အခြေခံပညာမူလတန်း ကျောင်း ပေါင်း၂၂၈၀ဝနီးပါး၊ အလယ် တန်း ကျောင်းပေါင်း၂၅ဝ ခန့်နှင့် အထက် တန်းကျောင်းပေါင်း ၁၇၀ နီးပါး ခန့်တို့ ဖွင့်လှစ်ထားကြောင်း အမှတ် (၃)အခြေခံပညာဦးစီးဌာနထုတ် ပြန်ချက်များအရ သိရသည်။

FROM-YANGON MEDIA GROUP

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D