မော်လမြိုင် ဇူလိုင် ၉
တစ်ဖက်နိုင်ငံမှ တရားမဝင် အကောက်ခွန်မဲ့ တင်သွင်းလာသည့် ဇိမ်ခံကားများကို
ဥပဒေနှင့် အညီ အရေးယူ ဆောင် ရွက်ရေး အတွက်
မွန်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုကို ခံယူ၍ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး၊
မော်လမြိုင် ခရိုင် ရဲတပ်ဖွဲ့မှူး၊ သထုံ ခရိုင် ရဲတပ်ဖွဲ့မှူး တို့၏
ညွှန်ကြားချက် အရ မွန်ပြည်နယ် (၁ဝ)မြို့နယ်ရှိ မြို့နယ် အသီးသီးတွင်
အကောက်ခွန်မဲ့ ဇိမ်ခံကားများကို ဖမ်းဆီး အရေးယူလျက် ရှိသည်။
မြို့နယ် အသီးသီးရှိ တပ်ဖွဲ့ဝင်များသည် တစ်ဖက်နိုင်ငံမှ နည်းမျိုးစုံဖြင့်
မွန်ပြည်နယ် အတွင်းသို့ တင်သွင်း လာသော ဇိမ်ခံကားများကို ၂ဝ၁၂ ခုနှစ်
အောက်တိုဘာ ၁၂ ရက်မှ ဇူလိုင် ၈ ရက်အတွင်း ကားအစီးရေ ၁၅၆ စီး၊ အမှု ၁၅၆ မှု၊
တရားခံ ၆၉ ဦး၊ ကာလတန်ဖိုး ငွေကျပ် သိန်းသုံးထောင်ကျော် တန်ဖိုးရှိ
ကားများကို ဖမ်းဆီးပြီး မြို့နယ် အသီးသီးတွင် ပို့ကုန်၊ သွင်းကုန်
ဥပဒေပုဒ်မ (၈)အရ အမှုဖွင့် အရေးယူ ထားရှိသည်။
ဇိမ်ခံကား များသည် မော်လမြိုင်မြို့နယ်နှင့် အခြားမြို့နယ် အတွင်း
မောင်းနှင် သွားလာရာတွင် နေ့နံပါတ် တစ်မျိုး၊ ညနံပါတ် တစ်မျိုးဖြင့်
မောင်းနှင်လျက် ရှိပြီး ယာဉ်တိုက်မှုများ ဖြစ်ခြင်း၊ လိုင်စင်မဲ့
မောင်းနှင်ခြင်းများ အပေါ် သက်ဆိုင်ရာက အချိန်မီ အရေးယူ တားဆီးခြင်း
ဖြစ်သည်ဟု သိရသည်။
ဆက်လက်၍ တစ်ဖက်နိုင်ငံမှ နည်း အမျိုးမျိုးဖြင့် တင်သွင်းလာသည့်
ဇိမ်ခံကားများကို နေ့စဉ် အဝင်/ အထွက် လမ်းဆုံများ၌ မျက်ခြည်မပြတ်
စောင့်ကြည့်ပြီး ဖမ်းဆီး အရေးယူ သွားမည်ဟု သိရသည်။
MWD
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...