သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 29, 2013

ရာဇာမင်း ခရီးသည်တင်ယာဉ်ကို လက်နက်ကိုင် ဓားပြတိုက်မှုတွင် ဦးဆောင်သူနှင့် အပေါင်းပါ သုံးဦးအား ရုံးတင်စစ်ဆေးတော့မည်

7.25.19
 ဇူလိုင် ၁၃ ရက်တွင် ဖမ်းဆီးရမိခဲ့သော ရာဇာမင်း ခရီးသည်တင်ကားတွင် မျက်နှာဖုံးစွပ် လက်နက်ကိုင် ဓားပြတိုက် လူသတ်မှုတွင် ဦးဆောင်သူနှင့် အပေါင်းအပါ သုံးဦးအား မကြာမီ တရားရုံးတင် စစ်ဆေးတော့မည် ဖြစ်ကြောင်း မွန်ပြည်နယ်၊ သထုံမြို့နယ် ရဲတပ်ဖွဲ့မှူး အောင်သန်းက ဇူလိုင် ၂၅ ရက် တွင် Eleven Media သို့ ပြောကြားခဲ့သည်။
''ကျွန်တော်တို့ အခုဖမ်းမိထားတဲ့ သူတွေကို တရားရုံးတင်လို့ရတဲ့ အခြေအနေတွေ ရှိထားပြီးပါပြီ။ မကြာမီ တင်လို့ရမှာပါ'' ဟု ရဲမှူးအောင်သန်းက ပြောကြားခဲ့သည်။

သို့သော် ၎င်းဓားပြတိုက် လူသတ်မှု ဖြစ်စဉ်တွင် ဖမ်းဆီးရန် ကျန်ရှိနေသူ နှစ်ဦးအား ယခင်အတိုင်း ပိုက်စိပ်တိုက် ရှာဖွေလျက်ရှိကြောင်းနှင့် ဓားပြတိုက်မှုတွင် လုယက်ခံရသည့် စုစုပေါင်း တန်ဖိုး ကျပ် ၄၄၈၇၀၀၀ အားလည်း သိမ်းဆည်းနိုင်ရေးအတွက် ရှာဖွေစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင် လျက် ရှိကြောင်း သိရသည်။
မွန်ပြည်နယ်၊ သိမ်ဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့မှ ရန်ကုန်မြို့သို့ ဇွန် ၈ ရက် ညပိုင်းတွင် ထွက်ခွာလာသည့် ရာဇာမင်း ခရီးသည်တင်ယာဉ်တွင် လိုက်ပါလာသော ခရီးသည်များအနက် ခရီးသည် ငါးဦးမှ မျက်နှာဖုံးစွပ် သေနတ်ကိုင် ဓားပြတိုက်ခဲ့သည့်အပြင် ၎င်းယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့အား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
ကျူးလွန်ရာတွင် ပါဝင်သည့် ၀င်းဗိုလ်အား ဇူလိုင် ၈ ရက်တွင် ၀ိုင်းဝန်းဖမ်းဆီး နိုင်ခဲ့ကြောင်း ၀င်းဗိုလ် အား စစ်ဆေးရာတွင် ၎င်းကိုယ်တိုင် ဓါးပြတိုက်မှု ဖြစ်စဉ်တွင် ခေါင်းဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ယင်းနောက် ဆက်စပ်ပါဝင်သူ ဇော်ဂိတ်၊ အောင်ထူး၊ မောင်ငယ်တို့အား ဇူလိုင် ၁၃ ရက်တွင် ထပ်မံ ဖမ်းဆီး နိုင်ခဲ့ကြောင်း ၀င်းဗိုလ်နှင့် အပေါင်းအပါများအား သထုံမြို့မ ရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရ သည်။

EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D