ဇူလိုင်လ ၉ ရက် ၂၀၁၃
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တာလောကြီးရဲစခန်းမှ စခန်းမှူး ဦးစီးအဖွဲ့ဝင် (၆)ဦးသည် တာဝန်ဖြင့် အာလူကျွန်းနေရာသို့ သွားရောက်ပြီးပြန်လာစဉ် KIA အဖွဲ့က ဇူလိုင် ၈ ရက်နေ့ နံနက် ၈နာရီခွဲခန့်တွင် လက်နက်ငယ်(၁၀)ချက် ထက်မနည်း အဝေးမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ၎င်းရဲစခန်းမှ သိရသည်။
“စခန်းမှူးနဲ့ တာလောကြီးရွာအုပ်ချုပ်ရေးမှူးအပါအ၀င် အဖွဲ့ဝင်(၆)ဦး တာလောကြီးရွာကနေ အင်းလေး ဘုတ်စီးပြီး အာလူး ကျွန်းကို သွားတာပါ၊
အဲဒီကျွန်းမှာ အောင်ချမ်းသာကုမ္ပဏီက တာဝန်ခံပြီး ကျောက် စရစ်နဲ့ သဲကျောက်စမ်းသပ်တူးဖော်မယ် လို့ အကြောင်းပြပြီး ရွှေကျင်နေတယ်ဆိုပြီး သတင်းရလို့ သွား ကြည့်တာပါ၊ ဒါပေမဲ့ အဲဒီနေရာရောက်တော့ ဘာထူးခြား မှုမှ မတွေ့ရတဲ့အတွက် တာကပ်ကျေးရွာဘက်သို့ ဆက်ထွက်ခဲ့ကြတယ်၊ အာလူးကျွန်းအနီး တာပတောင်းရွာနဲ့ ၂ မိုင်လောက် အကွာက ပြောင်းဖူးခင်း အရောက်မှာ KIA အဖွဲ့က လက်နက်ငယ်နဲ့ လှမ်းပစ်တာပါ၊ (၁၀)ချက်ထက် တော့ မနည်းဘူး၊ ပစ်ပြီး ထွက်ပြေးသွားတယ်၊ လူတွေနဲ့ စက်လှေကတော့ ဘာမှမဖြစ်ပါဘူး” ဟု ၎င်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ပြောပြသည်။
အဆိုပါအာလူးကျွန်းအနီးတစ်ဝိုက်တွင် KIA အဖွဲ့တပ်ရင်း(၁၁)မှ လှုပ်ရှား လျက် ရှိပြီး ယခုကဲ့သို့ အစိုးရဌာနဆိုင်ရာ အဖွဲ့ အစည်းများအား နှောင့်ယှက် ပစ်ခတ်မှုကြောင့် တိုက်ပွဲများ ပြန်လည်ဖြစ် ပွားလာမှာကို ဒေသခံများက စိုးရိမ် လျက်ရှိကြောင်း သိရှိရပါသည်။
နော်ထူးအောင်
by... ကချင်သတင်း

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...