Pages

Sunday, July 7, 2013

MRTV Readers Channel အခမဲ့ဒီဂျစ်တယ် ရုပ်သံလိုင်းသစ်ကို ဇူလိုင်လ ၁၄ ရက်နေ့မှ စတင်၍ စမ်းသပ်ထုတ်လွှင့် သွားမည်

တိုးပွား လာစေရန်၊ ကျေးလက်နေ ပြည်သူများ အထိ စာဖတ်ခြင်း အလေ့အထ ကောင်းများ ရရှိလာစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်ပေး နိုင်ရန် ရည်ရွယ်ကာReaders Channel (စာဖတ်သူတို့ရုပ်သံလိုင်း) အခမဲ့ ဒီဂျစ်တယ် ရုပ်သံ လိုင်းသစ်ကို ဇူလိုင်လ ၁၄ ရက်နေ့မှ စတင်ကာ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီး များတွင် စမ်းသပ် ထုတ်လွှင့် ပေးမည် ဖြစ်ပါသည်။ ၄ နာရီစာ အစီအစဉ်သစ် များကို တစ်နေ့လျှင် ၄ ကြိမ် မနက် ၆ နာရီမှ ည ၁၀ နာရီအထိ စမ်းသပ် ထုတ်လွှင့် ပေးသွားမည် ဖြစ်ပါသည်။


စာပေဆိုင်ရာ အစီအစဉ်ကောင်း များစွာဖြင့် သုတ၊ ရသကဏ္ဍစုံစွာ ပါဝင် တင်ဆက် ပေးမည့် အဆိုပါ Readers Channel (စာဖတ်သူတို့ ရုပ်သံလိုင်း) အခမဲ့ ဒီဂျစ်တယ် ရုပ်သံလိုင်းသစ်ကို 4TV, 5-Network, MWD အစရှိသော DVB-T Digital Receiver များဖြင့် လည်းကောင်း၊

DVB-T Digital Tuner ပါသော မည်သည့် LCD TV/LED TV များတွင်မဆို လွယ်ကူစွာ အခမဲ့ ဖမ်းယူ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ နေပြည်တော်နှင့် အနီးတ၀ိုက် ၂၅ မိုင် ပတ်လည်တွင် UHF လှိုင်းနှုန်း Channel-22 တွင် လည်းကောင်း၊

ရန်ကုန်မြို့နှင့် အနီးတ၀ိုက်မိုင် ၃၀ ပတ်လည်တွင် UHF လှိုင်းနှုန်း Channel-24 တွင် လည်းကောင်း၊ မန္တလေးမြို့နှင့် အနီးတ၀ိုက်မိုင် ၃၀ ပတ်လည်တွင် UHF လှိုင်းနှုန်း Channel-25 တွင် လည်းကောင်း လွယ်ကူစွာ ဖမ်းယူ ကြည့်ရှုနိုင် ပါကြောင်း သတင်း ရရှိပါသည်။

MRTV4

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...