မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲဝင် အားကစားသမား များအတွက် အားပေး ပါဝင်ကူညီရန် အားကစား ဝန်ကြီးဌာနက ပြည်ပ ကုမ္ပဏီ နှစ်ခု၊ ပြည်တွင်း ကုမ္ပဏီ ၁၀ ခုနှင့် သဘောတူထားကြောင်း အားကစားဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ပြော ကြား သည်။ ... ပြည်ပကုမ္ပဏီ နှစ်ခုဖြစ်သည့် ထိုင်းနိုင်ငံက Nation men ကုမ္ပဏီက အမေရိကန် ဒေါ်လာ သုံးသန်း တန် ဖိုးရှိသည့် အားကစား ဝတ်စုံ၊ Co Co life House ကုမ္ပဏီက ငွေသား ကျပ်သိန်း ၁၀၀ နှင့် ကျပ်သိန်း ၆၀၀ တန်ဖိုးရှိ
ကုမ္ပဏီပစ္စည်း၊ ပြည်တွင်းက100plusကုမ္ပဏီက ငွေသားအမေရိကန် ဒေါ်လာ ခြောက်သောင်းနှင့် အချိုရည်ဘူး ငါးသိန်း၊ Super Coffeemix က ကျပ်သိန်း ၁၅၀၀ တန်ဖိုးရှိ ကြော်ငြာ ကာတွန်းနှင့်ပစ္စည်းများ ကို လှူဒါန်းမည်ဖြစ်သည်။ Royal Myanmar က ကျပ်သိန်း ၁၅၀၀ တန်ဖိုးရှိ ကြော်ငြာ ကာတွန်းပစ္စည်း၊ Bolted ကုမ္ပဏီက အမေရိ ကန် ဒေါ်လာ တစ်သောင်းနှင့် အမေရိကန် ဒေါ်လာ ၃၃၆၄ နှင့် ညီမျှသည့် Bolted ဆေးဘူး အတောင့် တစ်သောင်း၊ မြန်မာ့အနာဂတ် ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီက တန်ဖိုးငွေ ကျပ် သိန်း ၃၀၀နှင့် ညီမျှသည့် ချိတ်ထဘီ ၃၀၀၊ Aroma က ကျပ်သိန်း ၃၀၀ နှင့် ညီမျှသည့် လူအင်အား ၃၀၀ ကို မိတ်ကပ် ဆင်ယင် ထုံးဖွဲ့ အလှပြင် ကူညီ ပံ့ပိုးမည်ဖြစ်သည်ဟု သတင်း ထုတ်ပြန်ထားသည်။ Yum Yum က ကျပ်သိန်း ၅၀၀ နှင့် ညီမျှသည့် ခေါက်ဆွဲခြောက်ထုပ်၊ ပရီမီယာက ကျပ်သိန်း ၅၀၀ ဖိုး ရှိ ကော်ဖီမစ် အထုပ်ငယ်များ၊ ADMA မီဒီယာက အမေရိကန် ဒေါ်လာ တစ်သန်း ညီမျှသည့် ကြော်ငြာ ဘုတ် ၁၅၀၊ Crystal Time ကုမ္ပဏီက တန်ဖိုးငွေ ကျပ် သိန်း၂၅၀ နှင့် ညီမျှသည့် Conditioner ဘူး ၅၀၀၀၊ ခေါင်းလျှော်ရည် အထုပ်ငယ် နှစ်သောင်းခွဲကို SEA Games ပြိုင်ပွဲဝင် အားကစားသမားများ အ တွက် ပေးအပ် လှူဒါန်းခဲ့ကြောင်း ၎င်းက ဆိုသည်။ 100 plus က SEA Games လှုံ့ဆော်ရေးအဖြစ် Go for Gold program TV အစီအစဉ် ရေးဆွဲကာ ၂၀၁၃ ခုနှစ်အစောပိုင်းမှစ၍SEAGamesပြိုင်ပွဲအတွက်စခန်းသွင်း လေ့ကျင့်နေသည့်အားကစားသမားများ လေ့ ကျင့်နေပုံကို ရိုက်ကူး တင်ဆက်ပြီး SEA Games လှုံ့ဆော်ရေးအဖြစ် ပါဝင် ကူညီ ဆောင်ရွက်လျက် ရှိကြောင်း 100 plus ၏ Assistant Brand Manager ဒေါ်သဇင်ခိုင်က ပြောကြားသည်။
The voice weekly
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...