
Sakura Tower မှာကျင်းပတဲ့ ငွေကျပ်တစ်ထောင့်ငါးရာ တန် မိုဘိုင်းဖုန်းများ Ringtune စတင်အသုံးပြုနိုင်မှုနဲ့ ပတ်သက်ပြီး မိတ်ဆက်တဲ့ အခမ်းအနားမှ သိရပါတယ်။ ငွေကျပ် တစ်ထောင့်ငါးရာ တန် မိုဘိုင်းဖုန်းများအတွက် Hello Music ၀န်ဆောင်မှုကို MIS (Myanmar Telecommunication & Technology Services) ကုမ္ပဏီမှ စီစဉ် ပြုလုပ်တာ ဖြစ်ပါတယ်။
အဆိုပါဝန်ဆောင်မှုကို ဆောင်ရွက်လိုသူတွေအနေနဲ့ ငွေကျပ် တစ်ထောင့် ငါးရာ တန်မိုဘိုင်းဖုန်းနဲ့ ၁၂၁၂ သို့ ခေါ်ဆိုပြီး အမည်၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်အမှတ်နဲ့ နေရပ်လိပ်စာတို့ကိုပေးပို့ကာ ပြုလုပ်နိုင်သလို အသုံးပြုမယ့်မိုဘိုင်းဖုန်းနဲ့ နံပါတ် ၃၃၃ ကို Register လို့ ရိုက်နှိပ်ပြီး SMS ပေးပို့ကာ Ringtune အစီအစဉ်ကို အသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှု ကိုတော့ ပြီးခဲ့တဲ့မေလက တည်းက စတင်ပြီး ပြုလုပ်နိုင်တာဖြစ်ပြီး လက်ရှိမှာတော့ အသုံးပြုသူအနေနဲ့ ၁၈၇၅၀ ဦးခန့်ရှိပြီး ဖြစ် တယ်လို့လည်း သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုအတွက် သံစဉ်တွေကိုလည်း www.hellomusic.com မှ mylibrary မှာ ၀င်ရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။ အဆိုပါRingtune များအသုံးပြုမှုကိုတော့ ၀န်ဆောင်ခအတွက်လစဉ်ကြေးအနေနဲ့ ၁ လကို ငွေ နှစ်ထောင် ကျပ်နဲ့ သီချင်းတစ်ပုဒ်အတွက် ၃၀၀ ကျပ် ဖြစ်တယ်လို့ သိရှိရပါတယ်။
From:MRTV


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...