ယခုတစ်လောမြန်မာ့ရုပ်ရှင်လောက နှင့် အင်တာနက်ဝက်ဘ်ဆိုက်လောက၌
ခြင်ထောင်သတင်းများ အတော် hot လှ ၏။ ပရိသတ်၏ (ဆဲဆိုသြဘာထောပနာ
သံများကြောင့်) သတင်းစာဂျာနယ် စာ မျက်နှာတို့၌ဖြေကြရှင်းကြသည်မှာလည်း
အတော့်ကို ညှီစော်နံလှ၏။
““ပရိသတ်အမြင်ရိုင်းသွားမယ်ဆိုရင် မီးမီးစိတ်မကောင်းပါဘူးရှင့်Love scene
(အချစ်ခန်း)တစ်ခုပါတယ်ဆိုတာသိတယ် ရှင့်။ ဒါပေမဲ့
ဒီလိုပုံစံမျိုးရိုက်မယ်ဆိုတာ မသိဘူးရှင့်။ (စဉ်းစားသာကြည့်။ မသိဘဲ နှင့်
ရိုက်ကူးလို့ရသတဲ့လား။ ထွီ)”” တို့လေ ရှုတင်ပေါ်ရောက်နေပြီဖြစ်တဲ့အတွက်
ကိုယ်လက်ခံပြီးသားအလုပ်တစ်ခုကို ရှုတင်ကနေပြန်လို့လည်းမကောင်းဘူးလေ။
ဒါ့ကြောင့် ဒီဇာတ်ဝင်ခန်းကို ရိုက်ပေးဖြစ် ပါတယ်ရှင့်””တဲ့။ ရှုတင်မန်နေဂျာ၊
ဒါရိုက် တာ၊ ကင်မရာ၊ မှန်ထိုး၊ မှတ်တမ်းရေးသူ အပါအ၀င် မဆိုင်ဘဲ
ဝင်လေ့လာကြကုန် သော မျက်လုံးပေါင်းထောင်သောင်းနှင့် မီးစလောင်းရှေ့၌
ဘယ်လိုများ နှစ်ကိုယ် ကြားကိစ္စအရိုက်ခံကြပါလိမ့်ဗျာရယ်။ ရဲတင်းလိုက်ကြတာ။
ထွီ။
သည်ဇာတ်ကားနာမည်ကိုထည့်ရေး လိုက်လျှင် ဘယ်လိုဖြစ်သွားမည်နည်း။
သရုပ်ဆောင်နာမည်၊ ဒါရိုက်တာနာမည် များကို ထည့်ရေးလိုက်လျှင် ဂုဏ်သိက္ခာ
ပိုင်းဆိုင်ရာ မည်မျှအထိ ကျဆင်းသွား မည်နည်း။ စိုးရိမ်စရာမလိုပါ။ နာမည်
ထည့်ရေးလျှင် ကြေညာပေးသလိုဖြစ်ပြီး လှိမ့်ပိမ့်
ကျေးဇူးတင်ကုန်ကြတော့မှာပေါ့ ဗျာရယ်။ နာမည်မကြီးရှာတဲ့ မင်းသား
(အညာတရဒေ၀တာဘ၀မှ ရှယ်ရှဲ့ရှယ် ဒေ၀တာ) ဖြစ်သွားမှာပေါ့ဗျာရယ်။
နာမည်လိုချင်နေတဲ့ မင်းသမီးလည်း ထို နည်းလည်းကောင်း အပြာသတင်းကြီးလို့
မဟာမင်းသမီးဖြစ်ကုန်မှာပေါ့ဗျာရယ်။
တလောက အင်တာနက်ဝက်ဘ် ဆိုဒ်လေထုပိတ်ကားမှာ ကမ္ဘာကျော်သွား ဖူးတဲ့
မြန်မာအဆိုတော်သရုပ်ဆောင်ကို ကြည့်။ တစ်စုံတစ်ယောက်သောပြဿနာ ကောင်က
မဟာအရှက်တော် ကွဲစေချင် တဲ့ရည်ရွယ်ချက်ဖြင့် ထုတ်လွှင်ပေးလိုက် တာပါပဲ။
ဒီမင်းသမီးလေးခမျာ စိုင်ကော် လို့ခြုံပေါ်ရောက်ရတယ်ဆိုသလိုချစ်တင်း
နှောကိစ်္စကမ္ဘာကျော်မင်းသမီးလေးဖြစ် သွားပါလေရော။ နာမည်ကြီးအာင်လုပ်
ပေးလိုက်သလိုဖြစ်သွားလို့ ပီတိတွေ တောင်ဖြစ်လို့ဆိုပဲ။ဇာတ်လမ်းဇာတ်ကွက်
အပြည့်အစုံမပါသောကြောင့်ရုံတင်ခွင့်တော့ မရရှာပါ။ (သနားစရာနော်)
အင်တာနက်ပိတ်ကားများရဲ့ ရိုက် ချက်ကတော့ ပြင်းလွန်းလှပေါ့ဗျာရယ်။
ကတ်္တီပါဖိနပ်၊ ရွှေထီးဆောင်းသော အပျို တော်ခင်မိတ်နှင့် လူပျိုတော်တို့
ချစ်တင်း နှောသည့်ကိစ္စ ဘုရင်ကြီးအသည်းဆွသ လို ဖြစ်လို့ အကြီးတော်ချုပ်
ဦးမြတ်စံ (လက်ဝဲသုန္ဒရ) မဲဇာလွင့်သွားသလို (သံလျင်ကျွန်းတက္ကသိုလ်က
ခင်လွန်းတို့ ရှက်ရှက်ကိစ္စ) ဒိသာပါမောက္ခ ကျောင်း အုပ်ကြီး
ထမင်းအိုးဖုန်းကနဲ ကွဲသံကြားရ စိတ်မချမ်းသာလှပါဗျာရယ်။ကျောင်းအုပ် ကြီးခမျာ
ဒီဘ၀ရောက်အောင်ဘယ်လို များကြိုးစားဖြတ်သန်းခဲ့ရရှာပါလိမ့်ဆိုသည် ကို
တာဝန်ရှိသူများထည့်တွေးသင့်၏။ (ဧ၀ကန်) မှန်တယ်ဆိုရင်ပေါ့လေ။
သူတို့သူတို့သောအလားတူချစ်တင်း နှောလိုသူများအတွက်တော့ သင်ခန်းစာ
သဖွယ်လန့်သွားရှာမှာပေါ့ဗျာရယ်။ ကျောင်းသားချာတိတ်စုံတွဲခမျာ အင်တာ
နက်မင်းသား၊ မင်းသမီးများအဖြစ် ကမ္ဘာ ကျော်ကုန်ကြပြန်ပေါ့။သြော် ကော်လည်း
ကော်တဲ့ အင်တာနက်စိုင်ချိုကြီးပါလား ဗျာရယ်။ ““ဒီမိုကရေစီရပြီဟေ့”” ဆိုပြီး
တက္ကသိုလ်စာသင်ခန်းထဲမှာ ဆေးရိုးသွား လှန်ကြတာကိုး။ တက္ကသိုလ်ရှင်မွေးလွန်း
(မွေ့နွန်း)နှင့် တက္ကသိုလ် မင်းနန္ဒာတို့ခမျာ
တော့ငမိုးရိပ်မိချောင်းစီးမိလို့အင်တာနက် (မလက်တို)က တွယ်ထည့်လိုက်ရှာပါ
ရောလားဗျာရယ်။သက်ဆိုင်သူကာယကံ ရှင် မိဘဆွေမျိုးအသိုင်းအ၀ိုင်းခမျာ(မျက်
နှာဓားလှီးရာ) ဗရပွဖြစ်နေရရှာပေါ့။
ရေးရင်းရေးရင်း လေဗျောက်အိုးရဲ့ ကလောင်တံတောင် ညှီစော်အတော်နံ လာပြီ။
ပြောချင်သည်က ဂျင်မီဂျက် (လားရှိုးသိန်းအောင်) စုံတွဲသီချင်းလေး သတိရပြီး
စိတ်မကောင်းဖြစ်သွားလို့ပါ။ ““ဟေ့ ကောင်ကလေး ကမ္ဘာပေါ်မှာ မြန်မာပြည်ဟာ
အယဉ်ကျေးဆုံးတိုင်း ပြည်ဖြစ်တာ လိမ်လိမ်မာမာ ဆရာမိဘ စကားကိုသာ
စွဲစွဲမြဲမြဲနားထောင်စေချင် တာ စေတနာ…”” တဲ့။ ဆရာမိဘ စကားကို မြေ၀ယ်မကျ
နားထောင်ကြပါ ရဲ့ဗျာရယ်။ ဟုတ်တယ်လေ။ မြေ၀ယ် မကျပေမယ့် လေထုထဲမှာတော့
ပွနေပြီ ဗျာရေ။ ဒါမျိုးတွေ မြင်ရကြားရတော့ သြော် ခဗျာနှယ် (ဆင်ဆာမရှိလို့)
(ထင်ရာကလိနိုင်တာ)(မင်္ဂလာရှိတယ်လို့) ဆိုနိုင်သကိုးဗျာရ။ (ဂွဒ်လေစွ။
ဂွဒ်လေစွ) ““အင်တာနက်ဝက်ဘ်ဆိုဒ်ပေါ်မှာ လူ အများကဲ့ရဲ့ခံရသဖြင့်
သတင်းစာဂျာနယ် များ၌ ပရိသတ်အားအကြိမ်ကြိမ်အလီလီ တောင်းပန်ရှိခိုးထားရသော
အပြာဆန် ဆန် ကမ္ဘာကျော်ဆင်ဆာမဲ့ မြန်မာဇာတ် ကားကြီး”” ရယ်လို့ ကြော်ငြာပြီး
ရုံသွင်း ပြစားကြပါလားဗျာရယ်။ ရုံပြည့်၊ ရုံလျှံ၊ ရုံလန်၊ ရုံကွဲ၊ ရုံပြဲ၊
ရုံအာဖြစ်လိုက်မယ့်ဖြစ် ခြင်း။ (အဟုတ်)
ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးအပတ် လောက်က ဇာတ်ကားနာမည်တစ်လုံးထဲ
ပါသောကားကို လေဗျောက်အိုးကမူးရှူး ထိုးကြည့်မိသဗျ။Sky Net ရုပ်သံက
တရားဝင်လွှင့်တာဆိုတော့ သန့်စင်ြ့ပီး သားလို့ ထင်သပေါ့ဗျာ။ သ၀န်ကြောင်တဲ့
ရည်းစား(သူဋ္ဌေးမ၊ တစ်ခုလပ်)ကို သူရဲ့ ၀န်ထမ်းရည်းစားက စိတ်တိုပြီး
ဝုန်းဒိုင်း ကြဲတာဗျ။ မင်းသားကမင်းသမီးကို ပြော တဲ့စကားဟုတ်မှဟုတ်ရဲ့လား၊
နားကြား လွဲတာလားတောင် မှတ်ရသဗျ။ ဘာ ပြောတယ်မှတ်သလဲ။ ““ခင်ဗျားဒီလောက်
သ၀န်တိုနေရင် ကျုပ်ကိုတော့မရဘူး။ ကျုပ်လိုခပ်ငယ်ငယ်လူငယ်ကို အထာ ပေးပြီး
အ(ပြု) ခံလိုက်၊ ဒါပဲ”” ဆိုပြီး မိုက် မိုက်ရိုင်းရိုင်းပြောသွားတဲ့
ဇာတ်ဝင်ခန်း လေဗျောက်အိုးနားနဲ့ ဆန်းနေတယ်ဗျာ ရယ်။ (ပြု) ဆိုတဲ့နေရာက (ပြု)
မဟုတ် ဘူး။ ဟိုလိုကြီးတည့်တည့်ပြောတာနော်။ ဒါကြီးကို ကမ္ဘာအရပ်ရပ်က
ဖမ်းယူကြည့် ရှုလို့ရနိုင်ပါ၏။ သို့သော်လည်းလေ။ ယဉ်ကျေးသည်ဖြစ်စေ၊
ရိုင်းစိုင်းသည်ဖြစ် စေ နာမည်ကြီးနေဖို့သာ အဓိကဆိုတော့ ကာ သူတို့လေးတွေရဲ့
ကျေးဇူးကြောင့် (မြန်မာကို ကမ္ဘာကသိတာ) ကျေးဇူးတင် တတ်ရမယ်ပဗျာရယ်။
ဆင်ဆာမရှိလို့ ထင်ရာကလိတာကို (လေဆရာ မရှက် အောင်နေကာမျက်မှန် (၁) လက်ဆောင်
ထားပါသော်ကော ဗျာရယ်။
From :
.. hot news
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...