Pages
▼
တစ်တိုင်းပြည်လုံး ဆန္ဒပြမှုများဖြင့် ပွက်ပွက်ညံနေသော ၈၈ အရေးအခင်းကာလ

နိုင်ငံ၏အရှေ.မြောက်ပိုင်းတွင်တိုက်ပွဲဝင်နေသော
တိုက်ခိုက်ရေးတပ်မတစ်ခု၏ လက်အောက်ခံ တပ်များသို.
အရေးကြီးကြေးနန်းတစ်စောင်ဝင်လာသည်။
လက်ရှိခြေကုပ်ယူသိမ်းပိုက်ထားသောနေရာများမှ
ချက်ချင်း ခွါစစ်ဆင် တပ်ဆုတ်လာရန်ဖြစ်သည်။ တပ်မ၏အထက်ပိုင်းခေါင်းဆောင်များမှာ ပြည်တွင်းနှင့် အဆက်အသွယ်မပြတ်သောကြောင့်
အဘယ့်ကြောင့်တပ်များ ကိုပြန်ခေါ်သည်ကို သိကြသော်လည်း လက်အောက်မှ ရဲဘော်များ၏စိတ်မှာ
ဒွိဟပွါးသွားကြသည်။ ယခုသိမ်းပိုက်ထားသောနေရာများကို
ရရှိဖို.အရေး အသက်ပေါင်းများစွာ စတေးလာခဲ့ပြီးမှ ယခုလို ချက်ချင်း
တပ်ပြန်ဆုတ်ရမည်ဆိုတော့ မခံချိမခံသာ ခံစားကြရသည်။ မည်သို.ပင်ဆိုစေ
နောက်တန်းကိုပြန်ဆင်းရမည်၊ မိသားစုနဲ.တွေ.ရတော့မည်ဆိုသည့်အတွေးကြောင့်
ပြီးခဲ့သည့်ရက်ပိုင်း အတွင်းဖြစ်ပျက်ခဲ့သော တိုက်ပွဲများ၏
အနိဌာန်ရုံများကို မေ့ပျောက်ကုန်သည်။ အလာလမ်းတွင် အတူလိုက်ပါခဲ့သော်လည်း
အပြန်လမ်းတွင် အတူမလိုက် ပါနိုင်တော့သော ရဲဘော်ရဲဘော်များအတွက်မူ
စိတ်မကောင်းဖြစ်ရုံမှတစ်ပါး မတတ်နိုင်တော့ပေ။
ထူးခြားသည်မှာ နောက်တန်းပြန်ဝင်ရန်အတွက် တပ်မမှူးမှ ရဲဘော်များအား
စကားပြောရာတွင် ယခင်အခေါက်များလို အသက်မပါလှသည်ကို ရဲဘော်များ
သတိထားမိကြသည်။ ပြည်တွင်းတွင်ဖြစ်ပျက်နေသည်များကို သိလိုကြသော်လည်း စစ်သားပီပီ
ဘာမှပြန်မမေးခဲ့။ ကားပေါ်တွင်အသီးသီးနေရာယူပြီး
နောက်တန်းသို.သာပြန်ဆင်းလာခဲ့ကြသည်။
အပြန်လမ်းကားပေါ်တွင်လည်း ယခင်နောက်တန်းပြန်အခေါက်များလို အချင်းချင်းမစနိုင်၊မနောက်နိုင်ကြ။ ပြည်တွင်းတွင်
ဘာတွေဖြစ်ကုန်ကြပြီလည်းဆိုသည့်အတွေးကိုယ်စီနဲ.
တဂျုံးဂျုံးဆူညံနေသောကားပေါ်မှာ တိတ်ဆိတ်စွာလိုက်ပါလာခဲ့ကြသည်။
ပြည်တွင်းသို.ခြေချမိပြီဆိုတာနဲ.
လမ်းတလျှောက်ဖြစ်ပျက်နေသော အဖြစ်ပျက်တို.မှာ မြင်မကောင်းလှ။ မြို.ထဲဆီမှ
မီးခိုးလုံးများ အူတက်နေသည်ကိုတွေ.နေရပြီး ဆူညံအော်ဟစ်သံများလည်း
ကြားရစပြုလာပြီဖြစ်သည်။ တစ်စတစ်စနှင့် ရှေ.တန်းပြန်ရဲဘော်များမှာ
နိုင်ငံ၏အခြေအနေကို ရိပ်မိလာကြသည်။ ထူးခြားသည်မှာ
မိမိတို.သက်ဆိုင်ရာတပ်များရှေ.သို.
ရောက်သော်လည်း အခါတိုင်းလို ကြိုမည့်မိသားစုတွေ တစ်ယောက်မှမရှိ။
ထိုထက်ပိုဆိုးသည်မှာ မိမိတို.ကိုသယ်ဆောင်လာသောကားတန်းကြီးမှာ မိမိတို.တပ်ရှေ.တွင်မရပ်ဘဲ
မြို.ထဲဆီသို. တိုက်ရိုက်မောင်းနှင်သွားခြင်းပင်ဖြစ်သည်။ မြို.ထဲရောက်သည့်အချိန်တွင်
မြင်လိုက်ရသည့်မြင်ကွင်းများကြောင့်
ရဲဘော်များမှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင်ဖြစ်သွားရသည်။
နေရာတိုင်းမှာတွေ.နေရသည်က ရှေ.တန်းစစ်မြေပြင်အလား အပျက်အစီးများ၊
မီးလောင်ပြင်များ။ ရဲဘော်အများစုတွေးမိသည်က ငါမိသားစုတွေကော
ဘာတွေဖြစ်ကုန်ပြီလည်းဆိုသည့်အတွေး။
သို.သော်လည်း မိသားစုအရေးကို ဦးစားပေးမစဉ်းစားနိုင်သေး။ အထက်က
ဘာတာဝန်ပေးဦးမလဲမသိသေးသည့်အတွက်
စောင့်ဆိုင်းနေခဲ့ရသည်။ ထိုနေ.မှစတင်ကာ နိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင့် တပ်မတော်သားများအနေဖြင့် ရှုပ်ထွေးလှသော
နိုင်ငံရေးထဲသို.၀င်ရောက်မိမှန်းမသိဝင်ရောက်မိကာ
လူမိုက်ကြီးလုပ်ရတော့မည်ကို တပ်မတော်သားများအနေဖြင့် ကြိုတင်မသိရှိခဲ့ပေ။
တစ်ကယ်တော့ ၈၈ အရေးအခင်းမှာ တပ်မတော်အနေဖြင့် လူမိုက်အငှားခံခဲ့ရခြင်း
သာဖြစ်သည်။ နောက်ပိုင်းတွင် တပ်မတော်သားများအနေဖြင့်လည်း
လူမိုက်ငှားခံရမှန်းသိလာကြသော်လည်း
လူမိုက်မလုပ်ရင် မဖြစ်တော့သည့် အခြေအနေတွေဖြစ်လာပြီမို.
မမိုက်ချင်သော်လည်း ဆက်မိုက်ခဲ့ကြရပါသည်။ ယူဂျီများ၏သွေးထိုးမှုဖြင့်
ဆူပူအကြမ်းဖက်နေသော လူဆိုးလူရမ်းကားများကို ခေတ္တလူမိုက်လုပ်နေရသောတပ်မတော်သားများက ငြိမ်သွားအောင်ပြုလုပ်ခဲ့ပြီးနောက် တိုင်းပြည်ပြိုကွဲမည့်အန္တရာယ်မှကာကွယ်နိုင်ခဲ့သော်လည်း
အတိတ်မှ လူမိုက်လုပ်ခဲ့သည့်အရိပ်ကြီးက ယခုအချိန်ထိအောင် တပ်မတော်အပေါ်
ခြောက်လှန်.နေဆဲဖြစ်ပါသည်။ မည်သို.ပင်ဖြစ်စေ တပ်မတော်သားများသည်
ကိုယ့်တာဝန်ကိုကိုယ်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက်
နောက်ကျောလုံပါသည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်နိုင်ငံ၊မည်သည့်ခေါင်းဆောင်ဖြစ်စေ ၈၈ အရေးအခင်းကဲ့သို.
မင်းမဲ့စရိုက်များပေါ်ပေါက်လာပါက
ဖြေရှင်းရန်နည်းလမ်းအတွက် ၄င်းတို.အတွက် အားကိုးစရာမှာ
တစ်ခုတည်းသာရှိတော့သောကြောင့်ဖြစ်ပါသည်။
၎င်းအားကိုးစရာမှာ အခြားမဟုတ်ပါ။ တပ်မတော်ပင်ဖြစ်ပါသည်။
From :
..ထိုက်သူ
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...