Pages

Thursday, August 22, 2013

ပြည့်တန်ဆာတစ်ဦး၏ ဓာတ်ပုံ အကောင်းဆုံး ကမ္ဘာ့သတင်းဓာတ်ပုံဆုရ

တစ်ကမ္ဘာလုံးဆိုင်ရာ သတင်းဓာတ်ပုံပြိုင်ပွဲကို လန်ဒန်မြို့ ဆော့ဖ်ဘန့်ဒ်စင်တာမှာ ကျင်းပခဲ့ရာ ကမ္ဘာတစ်ဝန်းရှိ ဓာတ်ပုံပညာရှင် ထောင်ပေါင်းများစွာက သတင်းဓာတ်ပုံပေါင်း တစ်သိန်းကျော်ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ သတင်းဓာတ်ပုံပြိုင်ပွဲတွင် တောင်အာဖရိက ဓာတ်ပုံဆရာ ဘရန့်စတယ်ရာတွန် ရိုက်ကူးထားသည့် ယူကရိန်းနိုင်ငံမှ မူးယစ်ဆေးစွဲနေသော ပြည့်တန်ဆာတစ်ဦး၏ ဓာတ်ပုံအပါအ၀င် အကောင်းဆုံးဓာတ်ပုံ ၁၇ပုံကိုရွေးချယ်ခဲ့သည်။ ယင်းပြည့်တန်ဆာသည် ယူကရိန်းနိုင်ငံအလယ်ပိုင်း ကရီဗီရိဒ်စ်ဒေသတွင် အခန်းငှားရမ်းနေထိုင်ပြီး ပြည့်တန်ဆာအလုပ် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
 
ယူကရိန်းနိုင်ငံသည် ယခင်ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်ပြီးနောက်ပိုင်း မူးယစ်ဆေးသုံးစွဲသူများ၊ ပြည့်တန်ဆာလုပ်ငန်းများ ထူထပ်များပြားလာခဲ့သည်။ ဥရောပတိုက်တွင် ယူကရိန်းနိုင်ငံသည် HIV/AIDSရောဂါ ကူးစက်ခံရမှု အများဆုံးဖြစ်ကြောင်း ယူနီဆက်ဖ်အဖွဲ့၏ ယခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

From: Swesone Media

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...