
ဧရာဝတီ
မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းခြင်းဖြင့် ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံကို
အလေးထားခဲ့သော သမ္မတကြီး ဦးသိန်းစိန်သည် ယခုအခါတွင်လည်း ကုလအရေခြုံ
ဘင်္ဂါလီကိုယ်စားလှယ် ကင်တားနားကို လုံးဝ လက်ခံတွေ့ဆုံခြင်းမပြုပါလို့
ထုတ်ဖော်ပြောကြားလိုက်ကြောင်း ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ Facebook
စာမျက်နှာပေါ်တွင် ဖော်ပြခဲ့ပါသည်။ကင်တားနားသည် ဘင်္ဂါလီတွေကို
တစ်ဖက်သတ်ဘက်လိုက်သောကြောင့် မြန်မာပြည်သူလူထုမှ မကျေမနပ်ဖြစ်နေရာ
၎င်းရောက်လာရာ အရပ်တွင်
မြန်မာပြည်သူလူထု၏ ဆန္ဒပြခြင်းများဖြင့် ကြုံတွေ့နေရသည်။
ထိုကဲ့သို့ ပြည်သူမှလက်မခံသောကုလအရေခြုံ ဘင်္ဂါလီကိုယ်စားလှယ် ကင်တားနား
ကို
လက်ခံတွေ့ဆုံဖို့
အစီအစဉ်လုံးဝ လုံးဝမရှိဟု ဆိုကာ ပြတ်ပြတ်သားသားငြင်းပယ်ခဲ့သည့် သမ္မတကြီး
ဦးသိန်းစိန်၏ စိတ်ဓါတ်အပေါ် ပြည်သူလူထုမှ
တခဲနက်ထောက်ခံအားပေးခဲ့ကြသည်။အတည်မပြုနိုင်သော
သတင်းအရ ကင်တားနားသည် သမ္မတကြီးနှင့်မတွေ့ရသောကြောင့် NLD ပါတီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် ဘင်္ဂါလီအရေးဆွေးနွေးရန်
တွေ့ဆုံဖို့စီစဉ်ခဲ့သေးကြောင်း သိရှိရသည်။
From:
နိုင်ငံသစ်
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...