Pages

Sunday, August 25, 2013

သူသည်....

တစ်ချိန်တုန်းက တာဝန်များကို ထမ်းရွက်ကျေပြွန်ခဲ့သူ။
အသက် သွေးချွေး ပဓါနမထားပဲ တိုင်းပြည်နှင့် ပြည်သူကို ကာကွယ်စောင့်ရှောက်ခဲ့သူ။
တစ်ရက်ပြီးတစ်ရက် တစ်လပြီးတစ်လ တစ်နှစ်ပြီးတစ်နှစ် ပေးဆပ်မှုဖြင့် လူတိုင်းနားမလည်သော ရင်ဘတ်တံဆိပ်များကို ရခဲ့သူ။
သစ္စာ(၄)ချက်ဖြင့် တိတ်တိတ်ဆိတ်ဆိတ် သမိုင်းရေးခဲ့သူ။

သူသည်...
စစ်စည်းကမ်းနှင့် ပျော်မွေ့ခဲ့သူ
ကျားကုတ်ကျားခဲ တိုက်ခိုက်ခဲ့သူ
ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့သူအဖြစ် ကမ္ပည်းမထိုးပေမဲ့ မော်ကွန်းဝင်ခဲ့သူ။

သူသည်...
အိုမင်းရင့်ရော်လာတော့ ကိုယ့်အိမ် ကိုယ်ပြန်ရသူ။
နှစ်ရှည်တာဝန်များအတွက် ပုံမှန်မျှသော ခံစားခွင့်များဖြင့် နားခွင့်ရခဲ့သူ။
ပြည်သူတစ်ယောက်အဖြစ် ပြည်သူ့ဝန်တာများကို ဆက်လက်ထမ်းပိုးသူ။
တပ်မတော်၏ အရန်အင်အား ခေါင်းစဉ်အောက်တွင် အကျုံးဝင်နေသူ။
အငြိမ်းစား စစ်မှုထမ်း၊ စစ်ပြန်ဟောင်းကြီးပေါ့။

သူသည်...
ရင်ဘတ်တံဆိပ်ကပ် အမျိုးသားဝတ်စုံ ခပ်နွမ်းနွမ်းဖြင့် အထင်ကရ နှစ်ပတ်လည် ရက်စွဲများကို တစ်စိတ်တစ်ပိုင်း အရောင်တင်ပေးနေသူ။
ဇာတိမှန် မျိုးချစ်စိတ်အတွက် မထင်မရှား လက်ဆင့်ကမ်းဝေသူ။
မျိုးဆက်သစ်များအတွက် လက်ခုပ်တီးပေးနေသူ။
နိုင်ငံတော်အလံကို လက်သီးဆုပ် ဦးညွတ်ရင်း ရဲဘော်ရဲဘက်များအတွက် ဂုဏ်ယူ သတိရနေသူ။

သူသည်...
လူမသိ သူမသိ သူ။
အမည်နာမ မထင်ပေါ်သူ။
အသိအမှတ်ပြုခြင်း မပြုခြင်းကို စိတ်မဝင်စားသူ။
သမိုင်းဝင်သူတစ်ဦးအဖြစ် မိမိဖာသာမိမိ ကျေနပ်ရောင့်ရဲသူ။
မနက်ဖြန်များစွာတွင်လည်း တိုင်းပြည်နှင့်လူမျိုးအတွက် တစ်ထောင့်တစ်နေရာက ရှိနေမည့်သူ။

သူသည်...
သူ့လိုလူများစွာ ရှိနေသော မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူ။

ဆရာဆောင်
(၂၇-၃-၂၀၁၃)

Photo: A highly decorated veteran of WWII at the Annual Veterans Picnic held at Bogyoke Aung San Park on March 27, 1983. (James L. Stanfield/National Geographic)

Photo Credit: ရာဇဓိရာဇာ
FROM-MYANMAR NAVY

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...