နေပြည်တော်၊ သြဂုတ် ၂၅
၂၃-၈-၂၀၁၃ရက်နေ့ ၁၆၃၀အချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်
ရန်ကုန်-မန္တလေးအမြန်လမ်း
မိုင်တိုင်အမှတ်(၃၀၄/၇)နှင့်(၃၀၅/၀)ကြားတွင် မိတ္ထီလာမှ မန္တလေးသို့
ဝမ်းတွင်းမြို့နယ်၊ ကုက်္ကိုခါးလှရွာနေ
မျိုးသူ(၃၈)နှစ် မောင်းနှင်သော ၁စ/xxxxဒိုင်နာအဖြူရောင်ယာဉ် သည်
ဝဲဘက်နောက်ဘီးပေါက်ပြီး လမ်း
ယာဘက်ဘေးမြေသားလမ်းပေါ်သို့ ထိုးကျတိမ်းမှောက်ခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ကုက်္ကိုခါးလှရွာနေ သန်းဦး(၁၈)နှစ်ပါ ၁၀ ဦးတွင်
ဦးခေါင်းနောက်စေ့ ဖူးရောင်၊
နဖူး ဖူးရောင်၊ ယာပခုံးနာကျင်၊ ယာမျက်ခုံးပေါက်၊ ၀ဲနားဖူးပွန်း၊
ဝဲ/ယာနံဘေးအောင့်၊ ယာဒူးပေါက်ပြဲ၊ ၀ဲပါး
ပွန်းပဲ့၊ ခါးနာကျင် ရင်ဘတ်နာကျင် ၀ဲယာတံတောင် ပွန်းပဲ့ဒဏ်ရာများအသီးသီး
ရရှိသဖြင့် မိတ္ထီလာဆေးရုံ
သို့ တင်ပို့ကုသခဲ့ပြီး ယာဉ်အားမဆင်မခြင်မောင်းနှင်သူ မျိုးသူအား သီးကုန်း
အမြန်လမ်းရဲစခန်း ယာဉ်(ပ)
၁၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း
သတင်းရရှိသည်။
ရဲဇာနည်

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...