ဘာစီလိုနာ အသင်း၏ အားကစား ဒါရိုက်တာ အန်ဒိုနီ ဇူဘီဇာရက်တာက အသက်(၂၆)နှစ်ရှိ
စပိန်လက်ရွေးစင် ကစားသမား၏ အနာဂတ်သည် နူးကမ့်တွင်ပင် တည်မြဲလိမ့်မည်ဟု
ပြောကြားခဲ့
မန်ချက်စတာ ယူနိုက်တက် အသင်းအနေဖြင့် ဆက်စ်ဖာဘရီဂက်စ်အတွက် နောက်တစ်ကြိမ်
ချဉ်းကပ်တော့မည် မထင်ကြောင်း ဘာစီလိုနာ အသင်းဘက်မှ မှတ်ချက်ပြု
ပြောကြားလိုက်သည်။ ဘာစီလိုနာ အသင်း၏ အားကစား ဒါရိုက်တာ အန်ဒိုနီ
ဇူဘီဇာရက်တာက အသက်(၂၆)နှစ်ရှိ စပိန်လက်ရွေးစင် ကစားသမား၏ အနာဂတ်သည်
နူးကမ့်တွင်ပင် တည်မြဲလိမ့်မည်ဟု ပြောကြားခဲ့သည်။ ၎င်းက ဘာစီလိုနာ အနေဖြင့်
ဖာဘရီဂက်စ်ကို ရောင်းရန် စိတ်ကူးမရှိသလို ယခုအခါ အင်္ဂလန် ချန်ပီယံ
အသင်းဘက်မှလည်း အားထုတ်မှုများကို ရပ်ဆိုင်းသွားပြီဟု ယူဆကြောင်း
ပြောဆိုခဲ့သည်။
ယူနိုက်တက်သည် ဖာဘရီဂက်စ်ကို (၂)ကြိမ် ကမ်းလှမ်းခဲ့ရာ ဘာစီလိုနာက
ငြင်းဆိုခဲ့သော်လည်း တတိယအကြိမ် အားထုတ်မှုအတွက် ချိန်ဆနေကြောင်း သတင်းများက
ဖော်ပြခဲ့သည်။ ဇူဘီဇာရတ်တာက "ယူနိုက်တက်က ကစားသမားကို စိတ်ဝင်စားခဲ့တာ
အမှန်ပဲ။ ကျွန်တော်တို့က ဖာဘရီဂက်စ်ကို မရောင်းချင်ဘူး ဆိုတာလည်း
အမှန်ပါပဲ။ ခုတော့ သူတို့ အနေနဲ့ ဖာဘရီဂက်စ်ကို စာချုပ်ခေါ်ယူမယ့်
အစီအစဉ်အတွက် နောက်ဆုတ်သွားပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့ကလည်း သူ့ကို
မရောင်းချင်ဘူးလေ"ဟု ဆိုသည်။
၎င်းက "ဖာဘရီဂက်စ်ဟာ ကစားသမားကောင်း တစ်ယောက်ပါ။ ဖန်တီးမှုတွေ သိပ်ကို
ကောင်းမွန်ပြီး ဘာစီလိုနာမှာလည်း ပထမအသင်း ကျောနံပါတ် (၄)ကို ဝတ်ဆင်ခွင့်
ရထားသူ ဖြစ်ပါတယ်"ဟုလည်း ပြောဆိုခဲ့သည်။ ယူနိုက်တက် အနေဖြင့်
ဖာဘရီဂက်စ်အတွက် အမှန်တကယ် လက်လျှော့သွားပြီ ဆိုပါက အဲဗာတန် ကွင်းလယ်လူ
မော်ရို ဖယ်လိုင်နီကို ရရှိရေး ပိုမို အားထည့်လာဖွယ် ရှိနေကြောင်းလည်း
သိရှိရသည်။
Planet.com.mm

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...