Pages

Tuesday, August 6, 2013

အရန်ခုံထိုင်ရမည့် အခြေအနေကို ကစားသမားများအား မော်ရင်ဟို သတိပေး

ပေါ်တူဂီသား မန်နေဂျာက ၎င်းအနေဖြင့် ချယ်လ်ဆီးတွင် အလှည့်ကျ ကစားသမားများ အသုံးပြုသည့် စနစ်ကို ကျင့်သုံးမည်ဖြစ်ပြီး ထို့အတွက် မည်သည့် နာမည်ကြီး ကစားသမားမဆို အရန်ခုံတွင် ထိုင်နေရမည့်အချိန်မျိုး ကြုံမည်ဖြစ်ကြောင်း ပြောဆို

ချယ်လ်ဆီး အသင်းမှ နာမည်ကျော် ကစားသမား အားလုံး အရန်ခုံတွင် ထိုင်ရမည့် ကာလကို လက်ခံရန် လိုအပ်လိမ့်မည်ဟု မန်နေဂျာ ဟိုဆေး မော်ရင်ဟိုက သတိပေးလိုက်သည်။ ပေါ်တူဂီသား မန်နေဂျာက ၎င်းအနေဖြင့် ချယ်လ်ဆီးတွင် အလှည့်ကျ ကစားသမားများ အသုံးပြုသည့် စနစ်ကို ကျင့်သုံးမည်ဖြစ်ပြီး ထို့အတွက် မည်သည့် နာမည်ကြီး ကစားသမားမဆို အရန်ခုံတွင် ထိုင်နေရမည့်အချိန်မျိုး ကြုံမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ချယ်လ်ဆီးသည် ယခုနွေရာသီတွင် မာကိုဗန်ဂင်ကဲလ်၊ အန်ဒရီ ရှာရဲလ်တို့ကို ဝယ်ယူထားသလို အငှားချထားရာမှ အသင်းသို့ ပြန်လည် ပူးပေါင်းသည့် ရိုမီလူ လူကာကူနှင့် ကီဗင် ဒီဘရွမ်းတို့သည်လည်း ပထမအသင်းအတွက် အဆင်သင့် ဖြစ်လာခဲ့သည်။ ကစားသမား အင်အား တောင့်တင်းဖူလုံစွာ ရှိနေသည့်နောက် မော်ရင်ဟိုက မိမိအနေဖြင့် အလှည့်ကျ ကစားသမား ပြောင်းလဲမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။ "ဒီကစားသမားတွေကို ဘယ်လို အသုံးပြုမလဲ ဆိုတဲ့ မေးခွန်းရှိလာတယ်။ ကောင်းပြီ။ ကျွန်တော်ကတော့ လာမယ့်ရာသီမှာ ပွဲပေါင်း (၆၀)လောက် ကစားရမယ်လို့ မျှော်လင့်ထားတယ်"ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

လူကာကူကမူ မိမိအနေဖြင့် ချယ်လ်ဆီး၏ ပွဲထွက်နေရာမှ ပါဝင်နိုင်ရန် မျှော်လင့်ထားကြောင်း ဖွင့်ဟခဲ့သည်။ "ချယ်လ်ဆီးလို အသင်းကြီး တစ်ခုမှာ ခုလို အားရပါးရ လူအင်အား စုဖွဲ့မှု ရှိနေတာ မဆန်းပါဘူး။ တိုက်စစ်မှာ မန်နေဂျာအတွက် ရွေးချယ်စရာ များလွန်းပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ ကိုယ်ပိုင် အားထုတ်မှုနဲ့ ကိုယ်ပိုင် အတွေးအမြင်တွေ ရှိနေသလို မန်နေဂျာနဲ့လည်း ပုဂ္ဂိုလ်ရေး ဆွေးနွေးထားတာတွေ ရှိပါတယ်"ဟု လူကာကူက ပြောဆိုသွားသည်။

Planet.com.mm

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...