ဆရာတော်ဦးဝီရသူ၏
ယခုဓာတ်ပုံလေးကို မြင်ရသူတိုင်း ဆရာတော်ဘုရား၏ အမျိုး ဘာသာ သာသနာအတွက်
အနစ်နာခံမှု ဘယ်လောက်ထိ
ပေးဆပ်ခဲ့တယ်၊ ဘယ်လောက်ထိ ပေးဆပ်နေတယ် ဘယ်လောက်ထိ ပေးဆပ်နေမည်ဆိုတာကို
ပေါ်လွင်ထင်ရှားသဖြင့် ဆရာတော်ဘုရားအား ကြည်ညိုမှုများ ပို၍ ပို၍
တိုးလာမည်ကို ယုံကြည်မိတော့သည်။
ရဟန်းဆိုသည်မှာ
နိုင်ငံရေးမလုပ်ကောင်းဟု မြတ်စွာဘုရားဟောတော်မူတဲ့ ဝိနည်းဒေသနာတော်တွေမှာ
မတွေ့ရပါဘူး။ ပြီးတော့ မြတ်စွာဘုရားအလောင်းတော် ဘဝကလည်း
နိုင်ငံရေးလုပ်တော်မူခဲ့ သလို၊ မြတ်စွာဘုရား ဖြစ်ပြီးတော်မူတဲ့အခါမှာလည်း
နိုင်ငံရေးနဲ့မကင်းခဲ့ပါဘူး။ မြတ်စွာဘုရား လည်း နိုင်ငံရေးလုပ်ပါသည်။
ဝိဋဋူဘ၀တ္ထုကို ကြည့်ပါ။ နှစ်ပြည်ထောင်မင်းတို့ မြစ်ရေကြောင့်
စစ်ခင်းမည့်အရေးကိုကြည့်ပါ။ ရာ ဇောဝါဒဇာတ်ကို ကြည့်ပါ။ မင်းကျင့်တရားဆယ်ပါး
ဟောကြားတော်မူခဲ့ သည်ကို ကြည့်ပါ။ စရိယသုံးပါးတွင် ဉာတတ္ထစရိယသည် အမျိုး
သားနိုင်ငံရေးဖြစ်ပြီး၊ လောကတ္ထစရိယ သည်အမျိုးသားနိုင်ငံရေးထက်ကျယ်ပြန့်သည့်
ပြည်သူ့နိုင်ငံရေးဖြစ် ပါသည်။
“လူဆိုသည်မှာ
နိုင်ငံရေးသတ္တ၀ါဖြစ်သည်” (Human is political animal) ဟု ဆိုကြပါသည်။
ဘုရားလောင်းလည်း နိုင်ငံရေုးလုပ်ပါသည်။ ဓမ္မနှင့်အဓမ္မ၊ အနိုင်ကျင့်သူနှင့်
အနိုင်ကျင့် ခံရသူ၊ ဖိနှိပ်သူနှင့်အဖိနှိပ်ခံရသူဘက်နှစ်ဖက်တို့တွင် ဓမ္မဘက်၊
အနိုင်ကျင့်ခံရသူများဘက်၊ အဖိနှိပ်ခံရသူများဘက်မှ ရပ် တည်ကာ
ဦးဆောင်ဦးရွက်ပြု၍ ကာကွယ်စောင့်ရှောက်ခြင်း၊ တော်လှန်
ရင်ဆိုင်ခြင်းများပြုလုပ်ခဲ့သည့် ဇာတ်နိပါတ်တော်များ များစွာရှိပါ
သည်။ထို့ကြောင့် ဆရာတော်ဦးဥတ္တမ၊ ဆရာတော်ဦးဝိစာရတို့လို ရဟန်းသိက္ခာ
ရဟန်းကျင့်ဝတ်နှင့်အညီ နိုင်ငံရေးလုပ်ကိုင်က ဘုရားအလိုတော် ကျမည်ဖြစ်ပါသည်။
ရဟန်းပျိုသံဃာများအနေဖြင့် ဓမ္မဘက်မှရပ်တည်သည်ကိုလည်းကောင်း၊
အဖိနှိပ်ခံပြည်သူ့ဘက်မှ ရပ်တည်သည်ကိုလည်းကောင်း၊ ဒီမိုက ရေစီသဘောထားအရ
ကိုယ့်ဆန္ဒနှင့်ညီသော ပါတီခေါင်းဆောင် အဖွဲ့အစည်းခေါင်းဆောင်
မည်သည့်ပုဂ္ဂိုလ်မဆို လွတ်လပ်စွာ ထောက်ခံကြိုဆို အားပေးသည်ကိုလည်းကောင်း
လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိပါသည်။ သို့သော် လွတ်လပ်စွာနှင့်
စည်းကမ်းပျက်စွာ၊ တက်ကြွစွာနှင့် သရုပ်ပျက်စွာ ခွဲခြားတတ်ရပါမည်။
ရဟန်းတော်များ နိုင်ငံရေးမလုပ်ကောင်းဟု အခိုင်အမာယူဆထားသော မျက်လုံးတစ်ဖက်
ကန်းနေသည့် ဒေ၀ဒတ်ဂိုဏ်းသားများလည်း မြောက်များစွာရှိနေသဖြင့်
၎င်းတို့ထောက်ကွက် မရလေအောင် ကိုယ်ကျင့်သိက္ခာပြည့်ဝသောနိုင်ငံရေးကို
ကိုယ်ကျင့်သိက္ခာပြည့်ဝစွာ ဆောင်ရွက် သင့်ပါသည်။ ရွှေဝါရောင်သံဃာတော်များ
ရှေ့သွားရှိပါသည်။
အဓမ္မကို ဓမ္မဖြင့်၊ ဒေါသကို မေတ္တာဖြင့်၊
လက်နက်ကို ကလောင်ဖြင့် သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ တည်တည်ငြိမ်ငြိမ် သိက္ခာရှိရှိ
တော်လှန်ရေးဆင်နွှဲကာ အသက်ကိုစတေးသွားခဲ့သော ဘ၀ကိုစတေးသွား ခဲ့သော၊
အမျိုးဘာသာသာသနာအတွက် သွေးစက်ချ၍ ပေးဆပ်သွားခဲ့သောအရှင် ကောင်း
အရှင်မြတ်တို့ကို ငဲ့ညှာသင့်ပါသည်။
ရဟန်းတော်များအားလုံး ပြည်သူ့အတွက်၊
အမှန်တရားအတွက် အရှက်နှင့်သိက္ခာကို မစွန့်လွှတ်မူ၍ အသက်စွန့်ကာ
ပေးဆပ်နိုင်ပါစေ။
ဆရာတော်ဦးဝီရသူ၏ ရဟန်းနှင့်နိုင်ငံရေး အကြောင်းကို
မှီငြမ်းရေးသားပါသည်။
စာဖတ်သူအားလုံး
သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
From :
..Aung.Ta.Pyay
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...