သြဂုတ်လ
၁၃ ရက်နေ့တွင် ထွက်ပေါ်လာသော ဦးကောင်းမြတ်ထဋ်၏ အသံဖိုင်တစ်ခုတွင် မီဒီယာ
သမားများကို ဂုဏ်သိက္ခာ ညိုးနွမ်းစေသော၊ လူထုမှ အကြည်အညိုပျက်စေသည့်
အသုံးအနှုံးများကို တွေ့ရှိရပါသည်။
ဒါ့အပြင်
“အမည်မဖော်လိုရင်
စာနယ်ဇင်းသမားကို မလုပ်နဲ့ ဟိတ်ကောင်”
“မင်းရှင်းလား…။”
“တခြားဟာလုပ်။”
“ဆိုက်ကား ပြောင်းနင်း။” ၊
“ဥက္ကာကိုကိုတို့
ဟိုဟာတို့ ဒီဟာတို့ …”
“ပြုတ်စား ပစ်လိုက်လို့ ရတယ်..။”
“စောက်တလွဲ
ကောင်တွေလို သွားမလုပ်နဲ့…။”
စသည့် စကားလုံးများသည့် မြန်မာ့ဂျာနယ်လစ် များကို တိုက်ရိုက်စော်ကားသော
စကားလုံးများဖြစ်ပြီး စာနယ်ဇင်းကောင်းစီ (ယာယီ) နှင့် မီဒီယာ ကွန်ယက်တို့
မှလည်း ရှုံ့ချသွားမည်ဖြစ်သည်။
အထူးသဖြင့်
“ငါ.. ငါ့
သတင်းစာမှာ..။ ငါ့ ကိုတောင်မှ အင်တာဗျူးမခံဘူး…။”
“စောက်ရှက်ပဲ..။”
“သတင်းစာ နဲ့ အဓိပ္ပါယ်မရှိဘူး။”
ဟူသည့် စကားလုံးသည် Eleven Media Group မှ CEO ဒေါက်တာသန်းထွဋ်အောင် နှင့်
အယ်ဒီတာချုပ် ကိုဝေဖြိုး တို့ကို တိုက်ရိုက်စော်ကားသလို ဖြစ်နေပါသည်။ ယနေ့
ဂျာနယ်၊ သတင်းစာများတွင် ကိုယ့်သတင်းစာကိုယ် ကိုယ်တိုင်အင်တာဗျူးထည့်မှု
အများဆုံးမှာ Eleven Media Group မှ ဂျာနယ်များ နှင့် သတင်းစာများတွင်
အများဆုံး ပါလေ့ရှိသည်မှာ ပရိသက်အားလုံး အသိဖြစ်သည်။
အဆိုပါ
စကားလုံးများအတွက် ဖြေရှင်းတောင်းပန်စာတစ်ခုကို သြဂုတ်လ ၂၀ ရက်နေ့
မတိုင်ခင် အင်ပါယာ သတင်းစာတွင် ထည့်သွင်းဖော်ပြရမည်ဖြစ်သည်။ အကယ်၍
ဖော်ပြခြင်းမရှိပါက Eleven Media မှ ဂုဏ်သိက္ခာ ကျဆင်းစေရန် ပြောဆိုမှု ပုဒ်မ
၅၀၀ ဖြင့် တရားစွဲဆိုမည်ဖြစ်ကြေင်း အသိပေးအပ်ပါသည်။
From :
..Eleven Media Group
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...