ကျပ်တစ်ထောင့်ငါးရာတန်ဂျီဖုန်းများကို နှစ်လအတွင်း လိုင်းအင်အား လေး
သန်းခန့် တိုးချဲ့ဆောင်ရွက်ပေးရန်ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
သိရသည်။''လက်ရှိ ချထားပေးနေတဲ့
အရေအတွက်ထက်များအောင် လိုင်းတွေ ထပ် တိုးဖို့ စီစဉ်နေတာပါ။
ဘယ်လောက်အရေအ တွက်ထပ်တိုးမယ်ဆိုတာတော့ လိုင်းတွေတိုးချဲ့ပြီးမှပဲ
ထုတ်ပြန်ကြေညာပေး သွားမှာပါ'' ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ
အရာရှိတစ်ဦးက ပြောသည်။ လိုင်းအင်အားတိုးချဲ့ရာတွင်
မြို့ကြီးများကိုသာမဟုတ်ဘဲ ပြည်နယ်နှင့် တိုင်း ဒေသကြီးအားလုံးကို
တိုးချဲ့မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
''ရောင်းတဲ့အပိုင်းကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရကပဲ ဆောင်
ရွက်မှာပါ၊ ကျွန်တော်တို့ အပိုင်းကတော့ လိုင်းအင်အားတိုးပြီး အလုံးရေ
ပိုချနိုင် အောင် ဆောင်ရွက်ပေးတာပါ။
လက်ရှိ ဝယ်ရတဲ့စနစ်
ပြောင်းမပြောင်းဆိုတာ တော့ မသိဘူး။ ပိုပြီးတော့အဆင်တော့ပြေသွားမှာပါ'' ဟု
၎င်းက ဆက်ပြောသည်။ ယင်းသို့ ကျပ်တစ်ထောင့်ငါးရာတန်လိုင်းများ တိုးချဲ့၍
ဆင်းကတ်အရေ အတွက် ပိုမိုချထားပေးရန် ဆောင်ရွက်နေသော်လည်း တယ်လီကွန်းဥပဒေပေါ်
ပေါက်၍ အော်ပရေတာများ လုပ်ကိုင်ဆောင်ရွက်သည့်အချိန်၌ ကျပ်တစ်ထောင့်
ငါးရာတန် ဖုန်းရောင်း ချမှုရှိနိုင်တော့မည် မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျပ်တစ်ထောင့်ငါးရာတန် ဖုန်းများကို
လစဉ်သုံးသိန်းခွဲနှုန်းဖြင့် ဧပြီလမှ စတင်၍ ပြည်နယ်နှင့်
တိုင်းဒေသကြီးအစိုးရ အစီအမံဖြင့် ရောင်းချပေးခဲ့သည်။
ယင်းသို့
ရောင်းချရာတွင်ကနဦးအနေဖြင့် MEC တံဆိပ် CDMA 800 MHz ဖုန်းများကို
အလုံးရေ တစ်သန်းကျော် သုံးလကြာရောင်းချပေးခဲ့ပြီးနောက် ဇူလိုင်လတွင်
ဂျီဖုန်း နှစ်သိန်းကို MPT တံဆိပ်ဖြင့် စတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။
From :
..popular
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...