အင်ပါယာသတင်းစာတိုက်မှ သတင်းထောက် ၇
ဦး အလုပ်ထုတ်ခံရခြင်းနှင့်ပတ်သက်သောရှင်းလင်းပွဲ တစ်ရပ်ကို
အလုပ်ထုတ်ခံသတင်းထောက်များဘက်မှ သြဂုတ်လ ၁၄ ရက်နေ့က MJN ရုံးခန်း၌
ပြုလုပ်ခဲ့သည်။သတင်းထောက် ၇ ဦးသည် သြဂုတ်လ ၃ ရက်နေ့က
သတင်းစာတိုက်မှ ထုတ်ပယ်ခြင်းခံရခြင်းဖြစ်ပြီး၊ ၄င်းတို့မှာ ဇွန်လအတွက်
ရသင့် ရထိုက်သည့် လစာကိုလည်း မရရှိခဲ့သည့်အပြင်
ဇူလိုင်လအတွက်ရရန်ရှိသည့်လစာကို လကုန်ပြီး ၃ ရက်၌ တောင်းဆိုခဲ့ ရာ
ပိုင်ရှင်ဖြစ်သူ ဦးကောင်းမြင့်ထွဋ်မှ ပေးအပ်ခြင်း မပြုပဲ
အလုပ်မှထုတ်ပစ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထောက်တို့က ဆိုသည်။
“ကျွန်တော်က
လစာမရသေးတဲ့အကြောင်း ၀ှိုက်ဘုတ်မှာ သွားရေးတော့ ဘယ်သူရေးတာလဲဆိုပြီး၊
တစ်ယောက်ချင်း ထိုးမယ်ဆိုပြီး ရန်ရှာပါတယ်။ ဒါပေမယ့်
ကျွန်တော်ကထိုင်ရာကမထပဲ သည်းခံလိုက်ပါတယ်”ဟု အလုပ်ထုတ်ခံရသူများ၌ ပါဝင်သည့်
သတင်းထောက်ဇွဲက ပြောသည်။
အဆိုပါပွဲတွင်
အလုပ်သမားအခွင့်အရေးချိုးဖောက်ခြင်းခံရသည်ဟုဆိုသည့် အင်ပါယာမှ သတင်းထောက်
အဂ္ဂမင်း၊ အောင်ကိုကို၊ ဇွဲနှင့်ဘာသာပြန်သတင်းထောက် ဇမ္ဗူထွန်းတို့မှ ၎င်းတို့
အလုပ်ထုတ်ခံရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
“အင်ပါယာမှာ
အလုပ်စလုပ်တုန်းက နှုတ်နဲ့ပဲ လက်ခံခဲ့တယ်ဆိုပေမယ့် အလုပ်စ၀င်တုန်းက ပြောတဲ့
လစာ၊ ရာထူးတို့က တကယ်အလုပ်လုပ်တဲ့အခါမှာ ကွဲလွဲနေပါတယ်။ ဇွန်လမှာလည်း
သတင်းစာရှုံးလို့ဆိုပြီး ၂၀ ရာခိုင်နှုန်းဖြတ်မယ်ပြောပြီး လုပ်ချင်လုပ်
မလုပ်ချင်ရင် ထွက်တဲ့လို့ပြောပါတယ်”ဟု သတင်းထောက် ကိုအဂ္ဂမင်းက ပြောသည်။
အလုပ်ရုံစည်းကမ်းနှင့်
လူ့အခွင့်အရေးချိုးဖောက်ခံရမှုအတွက် ဌာန ၁၅ ခုသို့ တိုင်ကြားစာပေးပို့ထားကာ
ထိုဖြစ်စဉ်ကို မြန်မာဂျာနယ်လစ်ကွန်ရက်မှလည်း အပြင်းအထန်ရှုတ်ချထားပြီး
ရပိုင်ခွင့်ရှိသည့် လစာများနှင့် နစ်နာကြေးများကို အလုပ်
သမားဥပဒေများနှင့်အညီ ပေးဆောင်ရန် အင်ပါယာသတင်းစာတိုက်ပိုင်ရှင်သို့
တိုက်တွန်းထားသည်။
“အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာဆိုတာ မဆန်းပေမယ့်
ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ အလုပ်သမားဥပဒေတွေ ကို သိစေချင်တယ်၊
နောက်ထပ်လည်း ဒီလိုအလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ
ထပ်ဖြစ်မလာစေဖို့ပါ”ဟု သတင်းထောက် ကိုအောင်ကိုကိုမှ ပြောကြားသည်။
အင်ပါယာမှ
အလုပ်ရှင်ဦးကောင်းမြင့်ထွဋ်ကို မီဒီယာများမှ မေးမြန်းရာတွင်
မထုတ်ပါဘူးဟုဆိုကာ အလုပ်ထုတ်ခံရသည့် လုပ်သားများအနေဖြင့်
အလုပ်ပြန်လာလုပ်ချင်ရင် လာလုပ်နိုင်သည်ဟု ယခင်နေ့များက မီဒီယာများသို့
ပြောကြားထားကြောင်း သိရသည်။
ဦးကောင်းမြင့်ထွဋ်မှာ ပြီးခဲ့သည့် ၂၀၁၀
ရွေးကောက်ပွဲကျင်းပစဉ်ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း တသီးပုဂ္ဂလ
လွှတ်တော်အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သူဖြစ်သည်။
From :
..myat ma kha
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...