Pages

Wednesday, August 14, 2013

မွတ်ဆလင် သူပုန်များကြောင့် ဒေသခံ ထောင်ပေါင်းများစွာ ဖိလစ်ပိုင်တွင် ဒုက္ခရောက်

Photo: ဖိလစ်ပိုင်တပ်ဖွဲ့နှင့် မွတ်ဆလင် က 
ကြာသပတေးနေ့က သတိပေးလိုက်သည်။
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ အစိုးရ တပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင် သူပုန်များ ကြား တိုက်ပွဲများ ဖြစ်ပွား နေခြင်းကြောင့် ဒေသခံ ၂၀၀၀ ခန့် နေရပ် စွန့်ခွာ ထွက်ပြေးနေရကြောင်း အစိုးရ အရာရှိများ ပြောကြားချက်ကို ကိုးကားပြီး CNA သတင်းတွင် ဖော်ပြထားသည်။
ဒေသခံ မိသားစုများက အဝတ်အစားများ၊ ချက်ပြုတ်ရေး ပစ္စည်းများနှင့် ကျွဲ၊ နွား တိရစ္ဆာန်များကို ယူဆောင်ပြီး မင်ဒါနာအို ကျွန်းပေါ်ရှိ နလာပန်ရွာ သို့ ထွက်ပြေး ခိုလှုံခဲ့ရသည်။

“ဒီနားကကို တိုက်ပွဲသံတွေ ကြားနေရတယ်” ဟု နလာပန် ရွာသူကြီး အဘူက ပြောကြားသည်။

လက်ရှိ နေရာ၌ လုံခြုံ စိတ်ချရသည်ဟု ခံစားရသော်လည်း အခြေအနေများ ပိုမို ဆိုးရွားလာပါက နလာပန်ရွာ အနီးရှိ ပီကစ်မြို့သို့ သွားရောက် ခိုလှုံမည် ဟု ၎င်းက ဆိုသည်။

ဖိလစ်ပိုင်အစိုးရ တပ်ဖွဲ့ဝင်များနှင့် ဘန်ဆာမိုရို အစ္စလာမ္မစ် လွတ်မြောက်ရေး (BIFF) တိုက်ခိုက်ရေး သမားများကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ပြီးခဲ့သည့် သောကြာနေ့မှ စ၍ ရွာသားများ ထွက်ပြေးလာ ရခြင်း ဖြစ်ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး မန်ဒိုဇာက ပြောကြားသည်။

“ဒေသခံ ၂၀၀၀ လောက် အထက်တန်းကျောင်းအတွင်း ခိုလှုံနေပါတယ်” ဟု မန်ဒိုဇာက AFP သတင်းကို ပြောကြားသည်။

မန်ဒါနာအိုကျွန်း အလီယိုဆန်မြို့ အနီးရှိ ကျေးရွာများတွင် တိုက်ခိုက်မှု များ ဖြစ်ပွားနေပြီး ဥပဒေမဲ့ သူများကို စစ်ဆင်ရေး ပြုလုပ်နေကြောင်း ဖိလစ်ပိုင် တပ်မတော်က သတင်း ထုတ်ပြန်သည်။

“အဝေးပြေး လမ်းမကြီးကို စစ်သားတွေ ကာကွယ်ပေးနေပါတယ်။ သူပုန် လက်ထဲကို အပါခံလို့ မရပါဘူး။ အဲဒီလို ဖြစ်ရင် ကိုတာဘာတိုနဲ့ အခြား ပြည်နယ်တွေရဲ့ စီးပွားရေး ယိမ်းယိုင် သွားပါလိမ့်မယ်” ဟု ဒေသခံ စစ်ဒေသ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဟာမိုဆိုက မှတ်ချက်ပြုသည်။

ဖိလစ်ပိုင်နိုင်ငံ၏ အင်အား အကြီးမားဆုံး မော်ရို အစ္စလာမ္မစ် လွတ်မြောက်ရေး တပ်ဦးနှင့် အစိုးရအဖွဲ့ ကြား ငြိမ်းချမ်းရေး ဆွေးနွေး မှုများ တိုးမြှင့် ပြုလုပ်နေသော်လည်း ယင်း ဆွေးနွေးမှုများကို ဘန်ဆာမိုရို အစ္စလာမ္မစ်လွတ်မြောက်ရေး (BIFF) တိုက်ခိုက်ရေးသမားများက အနှောင့်အယှက်ပေးလျက် ရှိကြောင်း ဖော်ပြထားသည်။

မင်ဒါနာအို ကျွန်း၌ ဗုံးခွဲ တိုက်ခိုက်မှုများ မကြာသေးမီက ဆက်တိုက် ပေါ်ပေါက်ခဲ့ပြီး လူပေါင်း ၁၄ ဦး သေဆုံးကာ ၇၀ ကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အဖွဲ့မျိုးစုံက ဖောက်ခွဲမှုများ ပြုလုပ်နေကြောင်း ဖိလစ်ပိုင်သမ္မတ အကွီနိုက ကြာသပတေးနေ့က သတိပေးလိုက်သည်။



From : ..voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...