ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်
မစ္စတာ ကင်တားနားဟာ ရခိုင်သို့ လာရောက်ချိန်တွင် ရခိုင်တိုင်းရင်းသားများက
ကန့်ကွက် ဆန္ဒပြကြမယ်လို့ သတင်းရရှိပါတယ်။ မြန်မာနိုင်ငံကို ဒီကနေ့
ရောက်ရှိလာပြီဖြစ်ပြီး ၂၁ ရက်နေ့အထိ ဆယ်ရက် နေထိုင်မှာ ဖြစ်ပါတယ်။
ကင်တားနားဟာ ရခိုင် နဲ့ ကချင် ကို သွားမယ်လို့ သိရပြီး ရခိုင်ကို
ရောက်တာနဲ့ ရခိုင်တိုင်းရင်းသားများက မပြန်မချင်း ဆန္ဒပြကြမယ်လို့ သိရပါတယ်။
မစ္စတာ ကင်တားနားဟာ ရခိုင်ပြည်နယ်ကို (၆) ကြိမ်တိုင်တိုင် လာရောက်ခဲ့ပြီး
ဖြစ်သော်လည်း လာရောက်ချိန်များတွင် ဘင်္ဂလီများနှင့် သာ တွေ့ဆုံလေ့ရှိပါတယ်။
ဒါ့အပြင် ခရီးစဉ်ပြီး ဆုံးချိန်တိုင်းမှာလဲ ဘင်္ဂါလီများကို
တိုင်းရင်းသားအဖြစ်လက်ခံဖို့ ၊ OIC ရုံးဖွင့်ခွင့်ပေးဖို့ အတွက် အစိုးရ ကို
တိုက်တွန်းရုံမျှ မက ၎င်း နှင့် လုံးဝ မသက်ဆိုင်သည့် အခြေခံဥပဒေ
ပြင်ဆင်ဖို့တွေကိုပါ တိုက်တွန်းလေ့ ရှိတာကြောင့် ရခိုင်တိုင်းရင်းသားများသာ
မက လူထုတစ်ရပ်လုံးက မကျေမနပ် ဖြစ်နေကြောင်း သိရပါတယ်။
ယခင် ခရီးစဉ်များကလည်း
ရန်ကုန်မြို့ UN ရုံးရှေ့တွင် ရခိုင် နှင့် မြန်မာတိုင်းရင်းသား များက
ကင်တားနားကို ဆန္ဒပြခဲ့ဖူးပြီး ။ မန္တလေး အပါအဝင် နေရာအနှံ့အပြားတွင်လည်း
သမ္မတကြီးကို ထောက်ခံကြောင်း နှင့် ကင်တားနားကို ကန့်ကွက်ကြောင်း
ဆန္ဒပြပွဲတွေ လုပ်ခဲ့ဖူးပါတယ်။
အခုတကြိမ်ဟာ မစ္စတာကင်တားနားရဲ့ (၇)
ကြိမ်မြောက် ခရီးစဉ် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း
တွေ့စုံမည့်အပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ
အထွေထွေ ညီလာခံမှာ ဆွေးနွေးဖို့ ပြန်လည်အစီရင်ခံသွားမှာဖြစ်တယ်လို့
သတင်းရရှိပါတယ်။ ဒါကြောင့် အခု ကင်တားနား ခရီးစဉ်ဟာ အရင်ခရီးစဉ်တွေထက်
ပိုမိုအရေးကြီးပြီး မြန်မာလူထုတစ်ရပ်လုံးရဲ့ သဘောထားကို ကုလ နဲ့
တကမ္ဘာလုံးသိဖို့ ဆန္ဒပြပွဲကို ၁၀ ရက်တိုင်တိုင် ခြိမ့်ခြိမ့်သဲ
ကျင်းပမယ်လို့ ရခိုင်အမျိုးသား လှုပ်ရှားမှု ကော်မတီ ခေါင်းဆောင်မှ
ပြောဆိုခဲ့ပါတယ်။
..
www.MyanmarExpress.net

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...