Pages

Sunday, August 11, 2013

ရခိုင်ပြည်နယ်တွင်းလုံခြုံရေး စစ်တပ်အုပ်ချုပ်ဖို့ ဘင်္ဂါလီများ တောင်းဆို

  ရခိုင်ပြည်နယ်တွင်းရှိ ဒုက္ခသည်စခန်းများတွင် ခိုလုံနေသော ဘင်္ဂါလီများမှ အစိုးရလုံခြုံရေးများကို အလိုမရှိပဲ တပ်မတော်သားများဖြင့် အစားထိုးပေးရန် ဘင်္ဂါလီ ဒုက္ခသည်များက တောင်းဆိုလိုက်သည်။ ယခင် နစက များကို ဖျက်သိမ်းပြီးနောက် အစိုးရမှ လုံထိန်းများကို အစားထိုးခန့်ထားခဲ့ရာ လုံထိန်းများ နှင့် ဒုက္ခသည်များအကြား ပြဿနာများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ လုံထိန်းများ၏ အတွေ့အကြုံနုနယ်မှုကြောင့် ရခိုင်တိုင်းရင်းသားများ နှင့်သာမက ဘင်္ဂါလီဒုက္ခသည်များနှင့်ပါ အမြဲလိုလို အဆင်မပြေဖြစ်လျှက် ရှိသည့်အပြင် နယ်စပ်စည်းလည်း မလုံမခြုံ ဖြစ်နေသဖြင့် ယခင်ကဲ့သို့ စစ်တပ်အပြည့်အဝ တာဝန်ယူ အုပ်ချုပ်မှုကို လိုလားနေကြကြောင်း သတင်းရရှိသည်။




 .. www.MyanmarExpress.net

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...