Pages
▼
အတိတ်က သူရဲကောင်းတွေလား၊ ပစ္စုပ္ပန် အာဇာနည်တွေလား၊ အနာဂတ် ခေါင်းဆောင်တွေလား ???

၈၈ ခုနှစ်တုန်းက ကျုပ် ၁၃ နှစ်
အရွယ်ကလေးပါ၊ တောရွာမှာပေါက်ဖွားကြီးပြင်းခဲ့တော့
မြို့ကြီးပြကြီးတွေမှာ ၈၈ ခုနှစ်တုန်းက ဆန္ဒပြတာကိုမကြုံဘူး၊
မတွေ့ဘူးခဲ့ပါဘူး၊ ကလေးသဘာဝဆိုတော့ကျောင်းပိတ်တာကိုပဲ ပျော်နေရတာပေါ့ဗျာ...
အဲ့နောက်တော့ရွာကလူကြီးအိမ်မှာ လူတွေစုရုံးစုရုံးနဲ့မို့
ကလေးသဘာဝသွားပြီးစပ်စုမိတယ်...
အား..လား...ကြောက်စရာလန့်စရာပါလားဗျာ၊ ဘေးကဦးလေးကို ဘာလဲလို့မေးကြည့်တော့ ၈၈
အရေးအခင်းက ဖြစ်ရပ်မှန်ဇာတ်ကား
လှိုင်းကြီးလေထန်ဖြစ်ရပ်မှန် ကားတဲ့... ကျွန်တော်လဲကြောက်တာနဲ့ တစ်ယောက်ထဲ
အိမ်မပြန်ရဲတော့ ဦးလေးကိုစောင့်ရင်း မရဲတရဲကြည်လိုက်ခေါင်းလွဲလိုက်နဲ့ပေါ့ဗျာ... လူတွေလဲသတ်တယ်ဗျာ၊
မီးတွေလည်းရှို့တယ်ဗျာ၊
အချို့ဆိုရက်ရက်စက်စက်ခေါင်းဖြတ်အသတ်ခံရတယ်ဗျာ၊
အမျိုးသမီးတစ်ယောက်ဆို ခေါင်းဖြတ်ခံရတာများ ခြေထောက်တွေတောင်
တစ်ဆက်ဆက်တုန်နေရှာတယ်၊ အခုခေတ်လူသားစား လူရိုင်းကားလိုအင်မတန်ရက်စက်ကြမ်းကြုတ်တဲ့မြင်ကွင်းတွေပါဗျာ...
အဲ့ဒီလို ကြည့်ရင်းလွှဲရင်းနဲ့ နောက်ဆုံး ငြိမ်းချမ်းသွားတဲ့အချိန်ကတော့
စစ်တပ်တွေဝင်လာတဲ့အချိန်ပါဘဲ။ ကြည့်ဘူးကြတဲ့ သူတိုင်းသိပါတယ်။
အဲ...အဲ့ဒီကနေပြီး ငြိမ်းချမ်းလာခဲ့တာ ဒီနေ့ အင်တာနက်စာမျက်နှာတွေမှာ ၈၈
မျိုးဆက်တွေက ၈ လေးလုံးငွေရတုကို ခြိမ့်ခြိမ့်သဲလုပ်နေကြတယ်ဆိုတဲ့အကြောင်းတွေ့တော့ ဟိုးငယ်ငယ်တုန်းကကြည့်ဘူးတဲ့
ဗွီဒီယိုကားကို ဘယ်လိုအသက်သွင်းကြအုံးမလဲလို့ စဉ်းစားမိတယ်...
တဖြည်းဖြည်းလည်းဆက်ပြီး စဉ်းစားမိတာ ၈၈ မျိုးဆက် ခေါင်းဆောင်များဆိုတော့
၈၈ ခုနှစ်အရေးအခင်းဟာ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့
ဦးဆောင်ခဲ့တာလား၊ အဲ့ဒါဆို ဘာလို့အဲ့လောက်အကျည်းတန်အရုပ်ဆိုးအောင် ဦးဆောင်ခဲ့ကြတာလဲ... ဘာကြောင့်များ
လူသားချင်းစာနာ ထောက်ထားမှုမရှိခဲ့တာလဲ၊
အဲ့ဒီအချိန်က နိုင်ငံတော်
ရုပ်ဆိုးအကျည်းတန်ခဲ့မှုများကိုဘာကြောင့်
မတားဆီး၊ မထိန်းသိမ်းခဲ့သလဲ၊ အခုရော ဘယ်လိုရည်ရွယ်ချက်နဲ့ ၈
လေးလုံးငွေရတုဆိုပြီး ၈၈ ခုနှစ်ကအကျည်းတန်မှုကို အသက်သွင်းချင်ရသလဲ၊
ယနေ့ခေတ် တည်ငြိမ်အေးချမ်းတိုးတက်နေတဲ့ အမိနိုင်ငံတော်ကို နောက်တစ်ကြိမ်
ဆူပွက်အကျည်းတန်အောင်လုပ်ချင်နေကြလို့လား...
စသဖြင့်ပေါ့ဗျာ
From :
..မေတ္တာရေချမ်း
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...