Pages

Wednesday, August 7, 2013

ဆင်ဆာမဲ့ နှင့် ညစ်ညမ်းခွေများ ဖမ်းဆီး

၆.၈.၂၀၁၃ ရက်နေ့ ၁၂၄၀ အချိန် လှိုင်သာယာမြို့နယ်၊
သောင်ကြီးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သည် ဆင်ဆာမဲ့ခွေများ
ရောင်းချနေကြောင်းသတင်းအရ သက်သေများနှင့်အတူ လှိုင်သာယာမြို့နယ်၊ အတွင်းပဒံကျေးရွာ၊ အနော်ရထားလမ်းဘေးရှိ
ရွှေကမ်းသာယာဆိုင်ခန်းသို့ဝင်ရောက်ရှာဖွေရာ ဆိုင်ရှေ့စားပွဲပေါ်တွင် သူရစိုး(ခ)စိုးသူရခိုင် (ဘ)ဦးကြည်စိုးအား ဆင်ဆာမဲ့မြန်မာသီချင်း
ဒီဗီဒီခွေ (၃၀၀)ချပ်၊ နိုင်ငံခြားဒီဗီဒီခွေ(၅၅၀)ချပ်နှင့်
ခွေရာင်းရငွေကျပ်(၂၁၀၀)တို့နှင့်အတူ တွေ့ရှိသိမ်းဆည်း ရမိသဖြင့်
သောင်ကြီးနယ်မြေရဲစခန်း(ပ)၄၅၀/၂၀၁၃၊ ဗီဒီယိုဥပဒေပုဒ်မ ၃၂(ခ)
ဖြင့်လည်းကောင်း၊ ညစ်ညမ်းဒီဗီဒီခွေ (၂၃)ချပ်သိမ်းဆည်းရမိသဖြင့် (ပ)၄၅၁/၂၀၁၃၊ပုဒ်မ ၂၉၂ဖြင့်လည်းကောင်း အရေးယူထားရှိပါသည်။

အလားတူ ၁၉၀၀အချိန်လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ဆင်ဆာမဲ့ခွေများရောင်းချ နေကြောင်းသတင်းအရ သက်သေများနှင့်
အတူ လှိုင်သာယာမြို့နယ်၊ (၆) ရပ်ကွက်၊ ဇကားဝါလမ်းမဘေးတွင်
ဝေယံဖြိုး (ဘ)ဦးဘိုကြီး၊ အင်းစိန်မြို့နယ် နေသူ၏
ခွေအရောင်းဆိုင်အားရှာဖွေရာ ဆင်ဆာမဲ့မြန်မာသီချင်းဒီဗီဒီခွေ
(၃၁၀)ချပ်၊ ဆင်ဆာမဲ့မြန်မာအငြိမ့်ဒီဗီဒီခွေ (၈၀)ချပ်၊ ဆင်ဆာမဲ့မြန်မာ တရားဒီဗီဒီခွေ (၁၀၀)ချပ်၊ နိုင်ငံခြားဇာတ်လမ်းဒီဗီဒီခွေ (၈၉၀)ချပ်၊
နိုင်ငံခြားသီချင်း ဒီဗီဒီခွေ (၁၈)ချပ်၊ ခွေရောင်းရငွေကျပ် (၁၆၀၀၀)တို့နှင့်
အတူတွေ့ရှိ သိမ်းဆည်းရမိသဖြင့် လှိုင်သာယာမြို့မရဲစခန်း
(ပ)၈၇၈/၂၀၁၃၊ ဗီဒီယိုဥပဒေပုဒ်မ ၃၂(ခ) ဖြင့်အရေးယူ
ဆောင်ရွက်ထားရှိကြောင်းသတင်းရရှိပါ သည်။

.
. www.MyanmarExpress.net
 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...