အသက်ရှူရင် တရွှီရွှီမြည်ပြီး အသက်ရှူကျပ်တဲ့ရောဂါ ဖြစ်ပါတယ်။ အမှန်တကယ်တော့ ကလေးရော၊
လူကြီးမှာပါဖြစ်ပါတယ်။ လူကြီးတွေမှာ တွေ့ရတဲ့ ပန်းနာရင်ကျပ်ရောဂါ ၅%ဟာ ကလေးဘ၀ကတည်း
က စတင်ခဲ့တာဖြစ်ပါတယ်။ အအေးမိနှာစေးရင်၊ မတည့်တဲ့အစားအစာစားမိရင်၊ အနံ့အသက်ရှူ မိရင်၊
ရုတ်တရက်ချောင်းဆိုးပြီး ရင်ကျပ်လာပါတယ်။ လေပြွန်တွေအကျဉ်းဆုံး အချိန်ဖြစ်တဲ့ ည ၁၂ နာရီနဲ့
မနက် ၆နာရီကြားမှာ ပိုသိသာလာပါတယ်။ တစ်ခါတစ်ရံ ကလေးကပြေးလွှားငိုရယ်လိုက်တာနဲ့ ချောင်း
ဆိုးပြီး ရုတ်တရက်ရင်ကျပ်လာတတ်တယ်။ ကျောင်းနေတဲ့ အရွယ်အမျိုးထဲမှာ ဖြစ်ဖူးတဲ့သူရှိရင် မျိုးရိုး
လိုက်တတ်တယ်။ ကျောင်းနေတဲ့ အရွယ် ကလေးတွေရဲ့ ၁၀% လောက်အထိ ပန်းနာရင်ကျပ် ဖြစ်ကြ
တာတွေ့ရ တယ်။
၂။ ရောဂါဖြစ်နိုင်ချေရှိတဲ့ အုပ်စုတွေက ဘယ်သူတွေလဲ။
မျိုးရိုးဗီဇကတော့ ကလေးတစ်ယောက် ပန်းနာရင်ကျပ်ဖြစ်မဖြစ် ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ ပတ်
ဝန်းကျင်အချက်အလက်တွေက ပန်းနာရင်ကျပ်ကိုထစေတယ်။ အဓိကအကြောင်းရင်းကတော့ အအေး
မိ၊ နှာစေး၊ ချောင်းဆိုးခြင်း၊ မတည့်တဲ့အစားအသောက်၊ ဆေးဝါး၊ အနံ့အသက်တွေကလည်း ပန်းနာ
ရင်ကျက်ထစေပါတယ်။ ယောက်ျားလေးနဲ့ မိန်းကလေးဖြစ် ပွားနှုန်းကွားခြားမှု မရှိလှပါဘူး။
၃။ ရောဂါဖြစ်မှန်းဘယ်လိုလုပ်သိမလဲ။
အဓိက,ကတော့ ရောဂါရာဇ၀င်နဲ့ စမ်းသပ်စစ်ဆေးမှုတွေမှာ မူတည်ပြီး ရောဂါအမည်တပ်နိုင်ပါတယ်။
တီဘီဟုတ် မဟုတ်ကို စမ်းသပ်ပေးရပါတယ်။ အသက် ၆ နှစ်အောက်ပိုင်းဆိုရင် အသက်ရှူစက်ကိရိ
ယာနဲ့ အသက်ရှူအဆုတ်လုပ်ငန်း ဆောင်ရွက်မှု တိုင်းတာခြင်းကို လုပ်လို့မရပါဘူး။ ၆ နှစ်အထက်
ကလေးတွေမှာတော့ အသက်ရှူပြင်းအား တိုင်းကိရိယာနဲ့ အားကစားလှုပ်ရှားမှု မပြုမီနဲ့ လှုပ်ရှားပြီး
နောက် ပြန်စမ်းသပ်တဲ့အခါ၊ နဂိုထက် ၁၅% အထိကျသွားရင် ပန်းနာရင်ကျပ် ရှိတယ်လို့ ယူဆရပါ
တယ်။ မြန်မာ နိုင်ငံအတွင်းမှာပဲ ဆေးရုံကြီးအချို့မှာ စမ်းသပ်ပေးနေနိုင်ပါပြီ။
၎။ ခေတ်မီ ရောဂါကုထုံး ဘာတွေရှိလဲ။
ပန်းနာရင်ကျပ်ရောဂါ ကုသရခြင်းရဲ့ ရည်မှန်းချက်ကတော့ ပန်းနာရင်ကျပ် လက္ခဏာတွေ ထိန်းသိမ်း
နိုင်ရမယ်။ အသက်ရှူလုပ်ငန်းဆောင်ရွက်မှု၊ အဆုတ်လုပ်ငန်းဆောင်ရွက်မှု၊ ရက်ရှည်ထိခိုက်မှု မရှိစေ
ရဘူး။ ပန်းနာရင်ကျပ် ပြန်ထခြင်းကို ကာကွယ်နိုင်ရမယ်။ ဆေးဝါးတွေရဲ့ မလိုအပ်တဲ့ အာနိသင်တွေ
နည်းနိုင်သမျှနည်းရမယ်။ နောက်ဆုံးရည်ရွယ်ချက်က ပန်းနာ ရင်ကျပ်ကြောင့် သေပျောက်ခြင်းမရှိဖို့အ
ထိ မျှော်လင့်ထားပါတယ်။ ကုသမှုမှာ အဆင့် (၆) ဆင့်ခွဲပါတယ်။ အဆင့် (၁) က ဆရာဝန် ရော၊
လူနာရော၊ မိဘဆွေမျိုးတွေ ပူးပေါင်းပါဝင်ဖို့၊ ဘယ်လို အကြောင်းတွေကြောင့် ရောဂါထစေနိုင်တယ်
ဆိုတာသိရှိဖို့၊ ရင်ကျပ် ပျောက်ရှူဆေးတွေကို ဘယ်လိုအသုံးပြုရမယ် စသည်တို့ကို သင်ကြားပေးပါ
တယ်။
ပညာပေးခြင်းအပိုင်းပေါ့၊ အဆင့်(၂)ကတော့ ပန်းနာရင်ကျပ်ရောဂါကို အနု၊ အရင့် (၄)မျိုး ပိုင်းခြား
ပါတယ်။ ပထမအမျိုးက တစ်ခါတစ်ရံဖြစ်တဲ့ပန်းနာရင်ကျပ်၊ ဆိုလိုတာက တစ်ပတ်မှာတစ်ရက်တောင်
ရောဂါမထဘူး၊ အချိန်အတော်ကြာ ခြားပြီးမှ ရောဂါထတယ်။ ဒုတိယ အမျိုးအစားက အပျော့စားအမြဲ
ဖြစ်ပန်းနာရင်ကျပ်၊ ချောင်းဆိုးရင်ကျပ် ရွှီရွှီမြည်ခြင်းက ညဘက်တစ်ရေးနိုးမှာ ဖြစ်တက်ပြီး၊ တစ်ပတ်
မှာ အနည်းဆုံး တစ်ရက်ဖြစ် တယ်။ တတိယအမျိုးအစားကတော့ နေ့တိုင်းလိုလို ပန်းနာရင်ကျပ်ဖြစ်
နေတယ်။
အမိုင်နိုဖိုင်လင်းတို့၊ ဗင်တိုလင်းတို့၊ စတဲ့ သောက်ဆေးတွေ (သို့) ရှူဆေးတွေ နေ့စဉ်နီးပါးသုံးရတယ်။
အဲဒါက အပြင်းစားအမြဲဖြစ် ပန်းနာရင်ကျပ်၊ စတုတ္ထ အမျိုးအစားက တော့ နေ့စဉ်လည်း ပန်းနာထနေ
တဲ့အပြင် သွားလာလှုပ်ရှားမှုတွေ အကုန်ထိခိုက်တယ်။ သာမန်လူတွေလိုသွားနိုင်၊ လာနိုင် မရှိတော့ဘူး၊
ကလေးတွေမှာတော့ ပထမအမျိုးအစားနဲ့ ဒုတိယအမျိုးအစားဖြစ်တာများပါတယ်။ အဆင့် (၃)မှာတော့
ပန်းနာထစေ မယ့် ပတ်ဝန်းကျင်အကြောင့် အချက်တွေကို ကာကွယ်ရှောင်ရှားဖို့ပါပဲ။ တစ်ယောက်နဲ့တစ်
ယောက်က မတူဘဲ၊ ဥပမာ- မတည့်တဲ့ အနံ့အသက်ရှိတဲ့နေရာကနေ ပြောင်းပြီးနေဖို့၊ အိမ်မွေးတိရစ္ဆာန်
ရှိရင် ကလေးတွေ အိပ်ခန်းထဲမ၀င်စေဖို့၊ အိပ်ခန်းသန့်ရှင်းရေး လုပ်တဲ့အခါ အ၀တ်ရေဆွတ်ပြီး သန့်ရှင်း
ရေးလုပ်ဖို့၊ မတည့်တဲ့ဆေးဝါးနဲ့ အစားအစာရှောင်ကြဉ်ဖို့၊ အဆင့် (၄) ကတော့ ကုသမှု အပိုင်းဖြစ်ပါ
တယ်။
လေပြွန်ကျယ်စေတဲ့ ရှူဆေးတွေက သာမန်အားဖြင့် သောက်ဆေးတွေထက် ပိုဈေးကြီးပါတယ်။ ရှူဆေး
တွက သာမန်အားဖြင့် သောက်ဆေးတွေထက် ပိုဈေးကြီးပါတယ်။ ကြားခံပစ္စည်း တစ်ခုခုကို သုံးရတဲ့အ
တွက် ကုန်ကျစရိတ်များပါတယ်။ အဲ့ဒီအတွက် အဆင်ပြေအောင် volumatic Spacer အဖြစ် သုံးပြီး
သား ရေသန့်ဘူးအလွတ်မှာ အပေါက်ဖောက်ပြီးသုံးပါတယ်။ Baby Inhaler အစား ပလတ်စတစ်ခွက်
ကလေးတွေနဲ့ သုံးပါတယ်။ ရင်ကျပ်ပန်းနာထစေတဲ့ Allergic ဖြစ်တဲ့ (ဓာတ်မတည့်ပစ္စည်း) စမ်းသပ်
မှုကိုတော့ လူကြီးတွေမှာပဲ လုပ်ပါတယ်။ ကလေးတွေမှာ လုပ်လေ့မရှိပါဘူး။ အဆင့် (၅) မှာတော့ ရေ
ရှည်မှာ ဒီဆေးတွေသုံးနေရဲ့သားနဲ့ ရုတ်တရက် ပန်းနာရင်ကျပ် ထတက်ပါတယ်။ အဲ့ဒီ အခြေအနေမှာ
သောက်ဆေး (သို့) ဖြစ်နိုင်ရင် ရှူဆေးသုံးပါတယ်။ ဘယ်နှနာရီ တစ်ခါသုံးပေးရပါမလဲ။ ဘယ်အချိန်မှာ
ဆရာဝန်နှင့် ဆက်သွယ်မလဲစသည်တို့ကို ညွှန်ကြားပေးထားရပါတယ်။ အဆင့် (၆) မှာတော့ ပုံမှန်လာ
ပြီးပြသနေဖို့ပါပဲ။ ကလေးလူနာတွေအတွက် ပန်းနာရင်ကျပ် နေ့စဉ်မှန်တမ်းလေးတွေ ပေးထားပါ တယ်။
အဲ့ဒီမှတ်တမ်းကိုကြည့်ပြီး ကလေးရဲ့ ရောဂါအဆင့်အတန်း သတ်မှတ်ချက်ကို ပြန်ပြောင်းပေးပါတယ်။
တတိယအမျိုးအစား ကနေ ပထမအမျိုးအစား ပြန်ပြောင်းပေးတာရှိပြီး၊ ဒုတိယအမျိုးအစား သတ်မှတ်
ထားပေမယ့် လိုအပ်နေရင်၊ တတိယအမျိုးအစားကို ပြန်ပြောင်းပေးရပါတယ်။
၅။ ကလေးပန်းနာရင်ကျပ်ရောဂါနှင့် ပတ်သက်လို့ မှာကြားလိုသောအချက်။
ကလေးတွေ ပန်းနာရင်ကျပ်ဖြစ်ခဲ့ရင်၊ ရိုးရိုးနှာစေးချောင်းဆိုး ရောဂါလားဆိုတာ ခွဲခြားသိရအောင် ဆရာ
ဝန်နှင့် တိုင်ပင်ဆွေးနွေးရပါမယ်။ မိမိကလေး ပန်းနာရင်ကျပ် ဖြစ်နေရင်လည်းပဲ၊ ကုန်ကျစရိတ်သာ ခံနိုင်
မည်ဆိုလျှင် ရှူဆေးများ အသုံးပြု ခြင်းဖြင့် သာမန်ကလေးလိုဖြစ်နေအောင် လုပ်ပေးလို့ ရပါတယ်။ လူ
တွေ အသိမှားနေကြတာက ပန်းနာရင်ကျပ်သမားကို ရှူဆေးသုံး ရပြီဆိုရင် တခြားဆေးတွေ မတိုးတော့
ဘူးလို့ ထင်နေကြပါတယ်။ အဲဒါမှားပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ပထမ၊ ဒုတိယနဲ့ တတိယ အမျိုးအစား
တို့ကို ရှူဆေးနဲ့ပဲကုပါတယ်။ ရှူဆေးသုံးခိုင်းရင်တော့ ရှူပုံရှူနည်း သေချာစွာသင်ပြပေးဖို့လိုပါတယ်။
သင့်လျော်တဲ့ ကြားခံပစ္စည်းတွေလည်း သုံးရပါတယ်။ ရှူပုံ၊ ရှူနည်းမှန်ရင် ထိရောက်တယ်ဆိုတာ ပြောချင်
ပါတယ်။
Health Digest ကျန်းမာရေး နှင့် ဆေးပညာဂျာနယ်မှ ကူးယူမျှဝေသည်။
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...